အောင်လံ-ပြည်ကားလမ်းပေါ်တွင် မြရတနာ Express ကားနှင့် သုံးဘီးဆိုင်ကယ်တို့တိုက်မိရာမှ တစ်ဦးသေဆုံး

594
သန့်ဇင် (NP News) - ဇူလိုင် ၁၉
မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ အောင်လံ- ပြည်ကားလမ်းပေါ်တွင် မြရတနာ Express ကားနှင့် သုံးဘီးဆိုင်ကယ်တို့ တိုက်မိရာမှ သုံးဘီးသမားတွင် ဆီးအိမ်ကွဲသေဆုံးသွားခဲ့ကြောင်း မေတ္တာမွန်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၁၉ ရက်)၊ နံနက် ၁၀နာရီ ၂၀မိနစ်အချိန်ခန့်တွင် အောင်လံမြို့နယ်၊ ရွာထောင်ရက်ကွက်၊ အောင်လံဘူတာလမ်းထိပ်၊ အောင်လံ-ပြည်ကားလမ်းပေါ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကားက ရန်ကုန်ဘက်ကိုမောင်းတာပေါ့။ အဲမှာရှေ့ကသုံးဘီးသမားက(ဂ)ကွေ့ ပြန်ကွေ့လိုက်တာ။ အဲဒီအချိန်မှာ Express ကသူ့ကိုရှောင်ပြီး ဟိုဘက်လမ်းကို ခေါင်းရှောင်ထွက်လိုက်တာမှာ ရှေ့ကသုံးဘီးသမားက ကားမြင်ပြီး ခုန်ချလိုက်တော့ကားအောင်ကိုရောက်သွားတာပါ” ဟု မေတ္တာမွန်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူသည် ရွာထောင်ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး အသက်(၃၀)ကျော်ဝန်းကျင်ခန့်ရှိကာ ၎င်းနှင့်အတူပါလာသော အမျိုးသားတစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ကားကနင်းတာတော့မရှိပါဘူး။ တရွတ်တိုက်ဆွဲသွားတဲ့ပုံစံမျိုးပါ။ ခေါင်းမှာဘာညာတော့ဒဏ်ရာမရရှိပါဘူး။ ဆီးအိမ်ကွဲသွားတာဖြစ်မယ်ဗျ။ အဲမှာသွေးတော်တော်ထွက်နေတာ။ သုံးဘီးပေါ်မှာနောက်တစ်ယောက်ကတော့ ခေါင်းကွဲ၊ လက်ကလေးတွေပွန်းသွားတယ်ဗျ”ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် Express ကားသည် လမ်းပေါ်သို့ပြန်တက်လာချိန်၌ အနီးနားရှိ လက် ဖက်ရည်ဆိုင်ရှေ့တွင်ရပ်ထားသည့် အိုးဝေတစ်စီးနှင့် Dream 125 ဆိုင်ကယ်တစ်စီးအားတိုက်မိသဖြင့် အနည်းငယ် ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် သေဆုံးခဲ့သူအား အောင်လံဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိခဲ့သော အမျိုးသားကို အောင်လံမြို့နယ်ပြည်သူ့ဆေးရုံသို့ မေတ္တာမွန်လူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေအာင္လံ-ျပည္ကားလမ္းေပၚတြင္ ျမရတနာ Express ကားႏွင့္ သုံးဘီးဆိုင္ကယ္တို႔တိုက္မိရာမွ တစ္ဦးေသဆုံး
သန႔္ဇင္ (NP News) - ဇူလိုင္ ၁၉
မေကြးတိုင္း၊ ေအာင္လံၿမိဳ႕နယ္ရွိ ေအာင္လံ- ျပည္ကားလမ္းေပၚတြင္ ျမရတနာ Express ကားႏွင့္ သုံးဘီးဆိုင္ကယ္တို႔ တိုက္မိရာမွ သုံးဘီးသမားတြင္ ဆီးအိမ္ကြဲေသဆုံးသြားခဲ့ေၾကာင္း ေမတၱာမြန္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဇူလိုင္လ ၁၉ ရက္)၊ နံနက္ ၁၀နာရီ ၂၀မိနစ္အခ်ိန္ခန႔္တြင္ ေအာင္လံၿမိဳ႕နယ္၊ ႐ြာေထာင္ရက္ကြက္၊ ေအာင္လံဘူတာလမ္းထိပ္၊ ေအာင္လံ-ျပည္ကားလမ္းေပၚတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“ကားက ရန္ကုန္ဘက္ကိုေမာင္းတာေပါ့။ အဲမွာေရွ႕ကသုံးဘီးသမားက(ဂ)ေကြ႕ ျပန္ေကြ႕လိုက္တာ။ အဲဒီအခ်ိန္မွာ Express ကသူ႔ကိုေရွာင္ၿပီး ဟိုဘက္လမ္းကို ေခါင္းေရွာင္ထြက္လိုက္တာမွာ ေရွ႕ကသုံးဘီးသမားက ကားျမင္ၿပီး ခုန္ခ်လိုက္ေတာ့ကားေအာင္ကိုေရာက္သြားတာပါ” ဟု ေမတၱာမြန္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးသူသည္ ႐ြာေထာင္ရပ္ကြက္တြင္ေနထိုင္သူျဖစ္ၿပီး အသက္(၃၀)ေက်ာ္ဝန္းက်င္ခန႔္ရွိကာ ၎ႏွင့္အတူပါလာေသာ အမ်ိဳးသားတစ္ဦးသည္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“ကားကနင္းတာေတာ့မရွိပါဘူး။ တ႐ြတ္တိုက္ဆြဲသြားတဲ့ပုံစံမ်ိဳးပါ။ ေခါင္းမွာဘာညာေတာ့ဒဏ္ရာမရရွိပါဘူး။ ဆီးအိမ္ကြဲသြားတာျဖစ္မယ္ဗ်။ အဲမွာေသြးေတာ္ေတာ္ထြက္ေနတာ။ သုံးဘီးေပၚမွာေနာက္တစ္ေယာက္ကေတာ့ ေခါင္းကြဲ၊ လက္ကေလးေတြပြန္းသြားတယ္ဗ်”ဟု ၎ကဆက္လက္ေျပာသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္တြင္ Express ကားသည္ လမ္းေပၚသို႔ျပန္တက္လာခ်ိန္၌ အနီးနားရွိ လက္ ဖက္ရည္ဆိုင္ေရွ႕တြင္ရပ္ထားသည့္ အိုးေဝတစ္စီးႏွင့္ Dream 125 ဆိုင္ကယ္တစ္စီးအားတိုက္မိသျဖင့္ အနည္းငယ္ ထိခိုက္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္တြင္ ေသဆုံးခဲ့သူအား ေအာင္လံေဆး႐ုံ ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ေပးခဲ့ၿပီး ဒဏ္ရာရရွိခဲ့ေသာ အမ်ိဳးသားကို ေအာင္လံၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ေမတၱာမြန္လူမႈကူညီေရးအသင္းမွ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။