ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် မော်လမြိုင်မြို့၌ ကလေးငယ်(၃)ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

 1332

NP News - ဇူလိုင် ၁၉

ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့် မော်လမြိုင်မြို့၌ တစ်ရက်အတွင်း ကလေးငယ်(၃)ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ကျန်းမာချမ်းသာလူမှုကူညီရေးအဖွဲ့ထံမှ သတင်းရရှိသည်။

အဆိုပါဖြစ်စဥ်များသည် ယနေ့(ဇူလိုင်လ ၁၉ ရက်)တွင် မော်လမြိုင်မြို့နယ်ရှိ သီရိမြိုင်(၈)လမ်းနှင့် သီရိမင်္ဂလာ(၁၇)လမ်းတို့တွင် ဖြစ်ပွားခဲ့ကြောင်း ကျန်းမာချမ်းသာ လူမှုကူညီရေးအသင်းထံမှ သိရသည်။

သီရိမင်္ဂလာ(၁၇)လမ်းတွင် အဘိုးဖြစ်သူနှင့်အတူနေထိုင်သည့် အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးသည် ယနေ့နံနက်ပိုင်းတွင် ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။‌

“မနက်ကနစ်တဲ့ကလေးက အဘိုးနဲ့နေတာပါ။ ရေကလည်းတက်နေတော့ ကလေးပြုတ်ကြတာအဘိုးကမသိတာဖြစ်မယ်။ သီရိမင်္ဂလာ (၁၇)လမ်းမှာနေတာပါ။ ကလေးရဲ့အလောင်းကို မနက်ထဲကပြန်တွေ့ပါတယ်” ဟု ကျန်းမာချမ်းသာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထို့ပြင် ညနေပိုင်း၌ သီရိမြိုင်(၈)လမ်းရှိ က‌လေးငယ်နှစ်ဦးသည် ရေကစားနေစဥ် ထပ်မံရေနစ်သေဆုံးခဲ့ကြောင်း အဆိုပါ လူမှုကူညီရေးအသင်းက ဆက်လက်အသိပေးပြောကြားခဲ့သည်။

“ရေကလည်းကြီးနေတော့‌ရေကစားကြတာနေမှာပေါ့ ။ ရေကစားရင်းနစ်သွားတာထင်ပါတယ်။ အသက် (၁၃)နှစ်အရွယ်ကလေးငယ်နှစ်ဦး သူတို့က သီရိမြိုင်ရပ်ကွက် (၈)လမ်းမှာပဲနေကြတာပါ။ လိုက်ဆယ်တယ်ဆယ်တော့ဆုံးနေပြီ။ သူတို့ရေကူးတဲ့နေရာမှာပဲပြန်တွေ့ပါတယ်။ အဲဒီနေရာကလည်းနည်းနည်းနက်တယ်လေ။ ကူးတာကသုံးယောက်လို့ပြောတယ်။ နှစ်ယောက်ကနစ်တော့ တစ်ယောက်ကအိမ်ကို ပြန်ပြေးပြောတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ရေနစ်သေဆုံးခဲ့သည့် ကလေးငယ်များ၏အလောင်းများကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်အတွင်း ယမန်နေ့(ဇူလိုင်လ ၁၈ ရက်) ညနေပိုင်းမှစတင်ကာ ရေကြီး‌ရေလျှံမှုများ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ ရေများပြန်လည်ကျဆင်းခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုမှုများပြုလုပ်နေသည်ဟုလည်း ဒေသခံများ က ပြောသည်။

ယနေ့(ဇူလိုင် ၁၉ ရက်နေ့)တွင် ရွာသွန်းခဲ့သော မိုးရေချိန်မှာ မော်လမြိုင်မြို့နယ်အတွင်း နှစ်ပေါင်း(၇၁)နှစ်အတွင်း၌ မိုးရေချိန်စံချိန် သစ်တင်ကာ ရွာသွန်းခဲ့ခြင်းဖြစ်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။

အဆိုပါ မိုးရွာသွန်းမှုကြောင့် လက်ရှိတွင် မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်ကြီး(၈)ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်‌ပေါ်နေပြီး ပြောင်းရွှေ့နေရ သည့် အိမ်ထောင်စုများလည်း ရှိနေကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

ရေကြီးရေလျှံမှုများကြောင့် အထက်ပါ ရပ်ကွက်ကြီး(၈)ခုမှ လူဦးရေပေါင်း (၅၀၀)နီးပါးကို နီးစပ်ရာ ဘုန်းကြီးကျောင်းများနှင့် ဓမ္မာရုံ များသို့ ရွှေ့ပြောင်းထားကြောင်း သိရသည်။

zawgyi version
ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားေနသည့္ ေမာ္လၿမိဳင္ၿမိဳ႕၌ ကေလးငယ္(၃)ဦး ေရနစ္ေသဆုံးမႈျဖစ္ပြား

NP News - ဇူလိုင္ ၁၉

ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားေနသည့္ ေမာ္လၿမိဳင္ၿမိဳ႕၌ တစ္ရက္အတြင္း ကေလးငယ္(၃)ဦး ေရနစ္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း က်န္းမာခ်မ္းသာလူမႈကူညီေရးအဖြဲ႕ထံမွ သတင္းရရွိသည္။

အဆိုပါျဖစ္စဥ္မ်ားသည္ ယေန႔(ဇူလိုင္လ ၁၉ ရက္)တြင္ ေမာ္လၿမိဳင္ၿမိဳ႕နယ္ရွိ သီရိၿမိဳင္(၈)လမ္းႏွင့္ သီရိမဂၤလာ(၁၇)လမ္းတို႔တြင္ ျဖစ္ပြားခဲ့ေၾကာင္း က်န္းမာခ်မ္းသာ လူမႈကူညီေရးအသင္းထံမွ သိရသည္။

သီရိမဂၤလာ(၁၇)လမ္းတြင္ အဘိုးျဖစ္သူႏွင့္အတူေနထိုင္သည့္ အသက္တစ္ႏွစ္ခြဲအ႐ြယ္ ကေလးငယ္တစ္ဦးသည္ ယေန႔နံနက္ပိုင္းတြင္ ေရနစ္ေသဆုံးခဲ့ေၾကာင္း သိရသည္။‌

“မနက္ကနစ္တဲ့ကေလးက အဘိုးနဲ႔ေနတာပါ။ ေရကလည္းတက္ေနေတာ့ ကေလးျပဳတ္ၾကတာအဘိုးကမသိတာျဖစ္မယ္။ သီရိမဂၤလာ (၁၇)လမ္းမွာေနတာပါ။ ကေလးရဲ႕အေလာင္းကို မနက္ထဲကျပန္ေတြ႕ပါတယ္” ဟု က်န္းမာခ်မ္းသာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထို႔ျပင္ ညေနပိုင္း၌ သီရိၿမိဳင္(၈)လမ္းရွိ က‌ေလးငယ္ႏွစ္ဦးသည္ ေရကစားေနစဥ္ ထပ္မံေရနစ္ေသဆုံးခဲ့ေၾကာင္း အဆိုပါ လူမႈကူညီေရးအသင္းက ဆက္လက္အသိေပးေျပာၾကားခဲ့သည္။

“ေရကလည္းႀကီးေနေတာ့‌ေရကစားၾကတာေနမွာေပါ့ ။ ေရကစားရင္းနစ္သြားတာထင္ပါတယ္။ အသက္ (၁၃)ႏွစ္အ႐ြယ္ကေလးငယ္ႏွစ္ဦး သူတို႔က သီရိၿမိဳင္ရပ္ကြက္ (၈)လမ္းမွာပဲေနၾကတာပါ။ လိုက္ဆယ္တယ္ဆယ္ေတာ့ဆုံးေနၿပီ။ သူတို႔ေရကူးတဲ့ေနရာမွာပဲျပန္ေတြ႕ပါတယ္။ အဲဒီေနရာကလည္းနည္းနည္းနက္တယ္ေလ။ ကူးတာကသုံးေယာက္လို႔ေျပာတယ္။ ႏွစ္ေယာက္ကနစ္ေတာ့ တစ္ေယာက္ကအိမ္ကို ျပန္ေျပးေျပာတယ္”ဟု ၎က ဆက္လက္ေျပာသည္။

ေရနစ္ေသဆုံးခဲ့သည့္ ကေလးငယ္မ်ား၏အေလာင္းမ်ားကို ေမာ္လၿမိဳင္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ေမာ္လၿမိဳင္ၿမိဳ႕နယ္အတြင္း ယမန္ေန႔(ဇူလိုင္လ ၁၈ ရက္) ညေနပိုင္းမွစတင္ကာ ေရႀကီး‌ေရလွ်ံမႈမ်ား စတင္ျဖစ္ပြားခဲ့ၿပီး လက္ရွိအခ်ိန္အထိ ေရမ်ားျပန္လည္က်ဆင္းျခင္းမရွိေသးေၾကာင္း သိရသည္။

အဆိုပါ ေရႀကီးေရလွ်ံမႈမ်ားႏွင့္ပတ္သက္၍ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက လိုက္လံၾကည့္ရႈမႈမ်ားျပဳလုပ္ေနသည္ဟုလည္း ေဒသခံမ်ား က ေျပာသည္။

ယေန႔(ဇူလိုင္ ၁၉ ရက္ေန႔)တြင္ ႐ြာသြန္းခဲ့ေသာ မိုးေရခ်ိန္မွာ ေမာ္လၿမိဳင္ၿမိဳ႕နယ္အတြင္း ႏွစ္ေပါင္း(၇၁)ႏွစ္အတြင္း၌ မိုးေရခ်ိန္စံခ်ိန္ သစ္တင္ကာ ႐ြာသြန္းခဲ့ျခင္းျဖစ္ေၾကာင္း မိုးဇလမွ ထုတ္ျပန္ထားသည္။

အဆိုပါ မိုး႐ြာသြန္းမႈေၾကာင့္ လက္ရွိတြင္ ေမာ္လၿမိဳင္ၿမိဳ႕ေပၚရွိ ရပ္ကြက္ႀကီး(၈)ခုတြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္‌ေပၚေနၿပီး ေျပာင္းေ႐ႊ႕ေနရ သည့္ အိမ္ေထာင္စုမ်ားလည္း ရွိေနေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းထံမွ သိရသည္။

ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ အထက္ပါ ရပ္ကြက္ႀကီး(၈)ခုမွ လူဦးေရေပါင္း (၅၀၀)နီးပါးကို နီးစပ္ရာ ဘုန္းႀကီးေက်ာင္းမ်ားႏွင့္ ဓမၼာ႐ုံ မ်ားသို႔ ေ႐ႊ႕ေျပာင္းထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.