ကလေးပေါင်ဒါမှုန့်မှ ကင်ဆာဖြစ်စေမှုနဲ့ ကမ္ဘာကျော် ကလေးအသုံးအဆောင် အမှတ်တံဆိပ် Johnson & Johnson တရားစွဲခံရ

 3470

ရောင်နီ (NP News) - ဇူလိုင် ၂ဝ

ကမ္ဘာကျော် ကလေးအသုံးအဆောင် အမှတ်တံဆိပ် Johnson & Johnson(J&J) ဟာ ၎င်းရဲ့ကလေးပေါင်းဒါမှုန့် နဲ့ ထိတွေ့ခဲ့ရာမှ ကင်ဆာရောဂါဖြစ်ပွားခဲ့တယ်ဆိုတဲ့ ကယ်လီဖိုးနီးယားအမျိုးသားတစ်ဦးကို လျော်ကြေးငွေ ဒေါ်လာ ၁၈.၈ သန်း ပေးဆောင်ရဖို့ ဂျူရီလူကြီးတွေက အင်္ဂါနေ့ (ဇူလိုင် ၁၈) မှာ ဆုံးဖြတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကယ်လီဖိုးနီးယားပြည်နယ်တရားရုံးမှာ J&J ကို တရားစွဲဆိုခဲ့သူ အီမိုရီဟာနန်ဒက်ဇ်ဗယ်လာဒက်ဇ် ကို ဂျူရီလူကြီးတွေက ထောက်ခံခဲ့ပြီး ၎င်းအတွက် ကုမ္ပဏီကို ငွေကြေးဆိုင်ရာ နစ်နာကြေးတွေ တောင်းခံခဲ့ခြင်း ဖြစ်ပါတယ်။ ဟာနန်ဒက်ဇ်ဟာ ငယ်စဉ်ကတည်းက ကုမ္ပဏီရဲ့ talc ပေါင်ဒါမှုန့်နဲ့ ပြင်းထန်စွာ ထိတွေ့ခဲ့ခြင်းကြောင့် နှလုံးတစ်ရှူးမှာ သေစေလောက်တဲ့ ကင်ဆာ mesothelioma ဖြစ်ပေါ်လာကြောင်း ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ဟာနန်ဒက်ဇ်က ၎င်းရဲ့ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်နဲ့ နာကျင်မှုဝေဒနာတွေအတွက် လျော်ကြေးပေး ဖို့ နစ်နာကြေးများ ခံစားခွင့်ရှိကြောင်း ဂျူရီလူကြီးများက တွေ့ရှိခဲ့ပြီး ကုမ္ပဏီကို ဒဏ်ကြေးငွေ တောင်းခံခဲ့ခြင်း ဖြစ်ပါတယ်။ ကုမ္ပဏီကတော့ အဆိုပါ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။ ကုမ္ပဏီက Johnson ရဲ့ ကလေးပေါင်ဒါဟာ ဘေးကင်ပြီး ကျောက်ဂွမ်းမပါဝင်တာကြောင့် ကင်ဆာမဖြစ်စေကြောင်း၊ ဆယ်စုနှစ်များစွာကြာအောင် အတည်ပြု ထားပြီးဖြစ်ကြောင်း ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။

J&J ရဲ့ ရှေ့နေတွေကလည်း ဟာနန်ဒက်ဇ် ရဲ့ mesolthelioma ကင်ဆာ အမျိုးအစားဟာ ကုမ္ပဏီက ထုတ်တဲ့ talc ကြောင့်ဖြစ်တယ်ဆိုတဲ့သက်သေမျိုးမရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဟာနန်ဒက်ဇ်ရဲ့ ရှေ့နေတွေကတော့ J&J ဟာ ကျောက်ဂွမ်း ပါဝင်မှုကို ဆယ်စုနှစ်များစွာကြာ ဖုံးကွယ်ထားတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဟာနန်ဒက်ဇ် ရဲ့ မိခင် အန်နာကာမာချို ကလည်း ဟာနန်ဒက်ဇ် ငယ်စဉ်က J&J ကလေးပေါင်ဒါမှုန့်တွေ အမြောက်အမြား အသုံးပြုခဲ့ကြောင်း ဆိုပါတယ်။

ဒါ့အပြင် အခြား သုံးစွဲသူ သောင်းနဲ့ချီခန့်ကလည်း J&J ရဲ့ ကလေးပေါင်ဒါမှုန့်နဲ့ အခြား talc ထုတ်ကုန်တွေမှာ သားအိမ်ကင်ဆာနဲ့ mesothelioma ကင်ဆာတို့ကို ဖြစ်စေနိုင်တဲ့ ကျောက်ဂွမ်းတွေ ပါဝင်တယ်လို့ စွပ်စွဲထားပါ တယ်။ J&J ရဲ့ လက်အောက်ခံ LTL Management ကတော့ ပြီးခဲ့တဲ့ ဧပြီလ ကတည်းက တရားစွဲဆိုမှုပေါင်း ၃၈ဝဝဝ ကျော် ရှိလာခဲ့တာကြောင့် ၎င်းကို ဖြေရှင်းဖို့ နယူးဂျာဆီ မှာ ဒေဝါလီခံဖို့ လျှောက်ထားခဲ့ပြီး အမှုအသစ်များ ထပ်မံမဖြစ်စေဖို့ ဒေါ်လာ ၈.၉ ဘီလျံပေးဖို့ အဆိုပြုခဲ့ပါတယ်။

Zawgyi Version;
ကေလးေပါင္ဒါမႈန္႔မွ ကင္ဆာျဖစ္ေစမႈနဲ႔ ကမာၻေက်ာ္ ကေလးအသုံးအေဆာင္ အမွတ္တံဆိပ္ Johnson & Johnson တရားစြဲခံရ
ေရာင္နီ (NP News) - ဇူလိုင္ ၂ဝ

ကမာၻေက်ာ္ ကေလးအသုံးအေဆာင္ အမွတ္တံဆိပ္ Johnson & Johnson(J&J) ဟာ ၎ရဲ႕ကေလးေပါင္းဒါမႈန္႔ နဲ႔ ထိေတြ႕ခဲ့ရာမွ ကင္ဆာေရာဂါျဖစ္ပြားခဲ့တယ္ဆိုတဲ့ ကယ္လီဖိုးနီးယားအမ်ိဳးသားတစ္ဦးကို ေလ်ာ္ေၾကးေငြ ေဒၚလာ ၁၈.၈ သန္း ေပးေဆာင္ရဖို႔ ဂ်ဴရီလူႀကီးေတြက အဂၤါေန႔ (ဇူလိုင္ ၁၈) မွာ ဆုံးျဖတ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ကယ္လီဖိုးနီးယားျပည္နယ္တရား႐ုံးမွာ J&J ကို တရားစြဲဆိုခဲ့သူ အီမိုရီဟာနန္ဒက္ဇ္ဗယ္လာဒက္ဇ္ ကို ဂ်ဴရီလူႀကီးေတြက ေထာက္ခံခဲ့ၿပီး ၎အတြက္ ကုမၸဏီကို ေငြေၾကးဆိုင္ရာ နစ္နာေၾကးေတြ ေတာင္းခံခဲ့ျခင္း ျဖစ္ပါတယ္။ ဟာနန္ဒက္ဇ္ဟာ ငယ္စဥ္ကတည္းက ကုမၸဏီရဲ႕ talc ေပါင္ဒါမႈန္႔နဲ႔ ျပင္းထန္စြာ ထိေတြ႕ခဲ့ျခင္းေၾကာင့္ ႏွလုံးတစ္ရႉးမွာ ေသေစေလာက္တဲ့ ကင္ဆာ mesothelioma ျဖစ္ေပၚလာေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဒါေၾကာင့္ ဟာနန္ဒက္ဇ္က ၎ရဲ႕ေဆးဘက္ဆိုင္ရာ ကုန္က်စရိတ္နဲ႔ နာက်င္မႈေဝဒနာေတြအတြက္ ေလ်ာ္ေၾကးေပး ဖို႔ နစ္နာေၾကးမ်ား ခံစားခြင့္ရွိေၾကာင္း ဂ်ဴရီလူႀကီးမ်ားက ေတြ႕ရွိခဲ့ၿပီး ကုမၸဏီကို ဒဏ္ေၾကးေငြ ေတာင္းခံခဲ့ျခင္း ျဖစ္ပါတယ္။ ကုမၸဏီကေတာ့ အဆိုပါ စြပ္စြဲခ်က္ကို ျငင္းဆိုခဲ့ပါတယ္။ ကုမၸဏီက Johnson ရဲ႕ ကေလးေပါင္ဒါဟာ ေဘးကင္ၿပီး ေက်ာက္ဂြမ္းမပါဝင္တာေၾကာင့္ ကင္ဆာမျဖစ္ေစေၾကာင္း၊ ဆယ္စုႏွစ္မ်ားစြာၾကာေအာင္ အတည္ျပဳ ထားၿပီးျဖစ္ေၾကာင္း ေၾကညာခ်က္မွာ ေျပာၾကားခဲ့ပါတယ္။

J&J ရဲ႕ ေရွ႕ေနေတြကလည္း ဟာနန္ဒက္ဇ္ ရဲ႕ mesolthelioma ကင္ဆာ အမ်ိဳးအစားဟာ ကုမၸဏီက ထုတ္တဲ့ talc ေၾကာင့္ျဖစ္တယ္ဆိုတဲ့သက္ေသမ်ိဳးမရွိေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဟာနန္ဒက္ဇ္ရဲ႕ ေရွ႕ေနေတြကေတာ့ J&J ဟာ ေက်ာက္ဂြမ္း ပါဝင္မႈကို ဆယ္စုႏွစ္မ်ားစြာၾကာ ဖုံးကြယ္ထားတယ္လို႔ စြပ္စြဲခဲ့ပါတယ္။

ဟာနန္ဒက္ဇ္ ရဲ႕ မိခင္ အန္နာကာမာခ်ိဳ ကလည္း ဟာနန္ဒက္ဇ္ ငယ္စဥ္က J&J ကေလးေပါင္ဒါမႈန႔္ေတြ အေျမာက္အျမား အသုံးျပဳခဲ့ေၾကာင္း ဆိုပါတယ္။

ဒါ့အျပင္ အျခား သုံးစြဲသူ ေသာင္းနဲ႔ခ်ီခန္႔ကလည္း J&J ရဲ႕ ကေလးေပါင္ဒါမႈန႔္နဲ႔ အျခား talc ထုတ္ကုန္ေတြမွာ သားအိမ္ကင္ဆာနဲ႔ mesothelioma ကင္ဆာတို႔ကို ျဖစ္ေစႏိုင္တဲ့ ေက်ာက္ဂြမ္းေတြ ပါဝင္တယ္လို႔ စြပ္စြဲထားပါ တယ္။ J&J ရဲ႕ လက္ေအာက္ခံ LTL Management ကေတာ့ ၿပီးခဲ့တဲ့ ဧၿပီလ ကတည္းက တရားစြဲဆိုမႈေပါင္း ၃၈ဝဝဝ ေက်ာ္ ရွိလာခဲ့တာေၾကာင့္ ၎ကို ေျဖရွင္းဖို႔ နယူးဂ်ာဆီ မွာ ေဒဝါလီခံဖို႔ ေလွ်ာက္ထားခဲ့ၿပီး အမႈအသစ္မ်ား ထပ္မံမျဖစ္ေစဖို႔ ေဒၚလာ ၈.၉ ဘီလ်ံေပးဖို႔ အဆိုျပဳခဲ့ပါတယ္။

Related news

© 2021. All rights reserved.