နှစ်သောင်းကျပ်တန် ငွေစက္ကူကို အရေအတွက် အကန့်အသတ်ဖြင့် ထုတ်ဝေမည်ဖြစ်သည့်အတွက် တစ်ဦးလျှင် အများဆုံး (၃)ရွက်သာထုတ်ပေးမည်

983
NP News - ဇူလိုင် ၂၄
ဆင်ဖြူတော်ရုပ်ပုံပါ နှစ်သောင်းကျပ်တန် ငွေစက္ကူများအား အထိမ်းအမှတ်အဖြစ် အရေအတွက် အကန့်အသတ်ဖြင့် ထုတ်ဝေခြင်းဖြစ်သည့်အတွက် ဟောင်းနွမ်းငွေစက္ကူများကို အစားထိုးလဲလှယ်ပေးခြင်းတွင် အမှတ်တရအဖြစ် သိမ်းဆည်း ထားနိုင်ရန် အများဆုံး (၃) ရွက်ခန့်သာ ထည့်သွင်းလဲလှယ်ပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဇူလိုင်လ ၂၃ ရက်တွင် အသိပေးကြေညာခဲ့သည်။

အဆိုပါ ငွေစက္ကူကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များရှိ ငွေလဲကောင်တာများတွင် ဟောင်းနွမ်းငွေစက္ကူများ လာရောက်လဲလှယ်သည့် ငွေစက္ကူဟောင်းနှင့် လဲလှယ်လိုသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကိုသာ ထည့်သွင်းလဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေကျပ်နှစ်သောင်းတန်သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ပြီးစီးမှု အထိမ်းအမှတ် နှင့် ဆင်ဖြူတော် ရတနာ ရဋ္ဌနန္ဒက ၏တစ်နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် ရည်ရွယ်ထုတ်ခြင်းဖြစ်၍ အရေအတွက် အကန့်အသတ်ဖြင့် သာ ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ယခု ဇူလိုင်လကုန်တွင် ထုတ်ဝေမည့် နှစ်သောင်းကျပ်တန်ငွေစက္ကူသည် နိုင်ငံစီးပွားရေးစနစ်အတွင်းလှည့်လည်သုံးစွဲငွေ (Currency in Circulation - CIC) အတွင်းသို့ ထည့်သွင်းခြင်းမဟုတ်ဘဲ လဲလှယ်ထားသည့် ဟောင်းနွမ်းငွေစက္ကူများကို ဖျက်ဆီးမည့် စာရင်းနှင့် ဖျက်ဆီးမည့် ငွေစက္ကူလက်ကျန်အတွင်းသို့ ထည့်သွင်းပြီး ဖျက်ဆီးသွားမည်ဖြစ်သဖြင့် နှစ်သောင်းတန် ငွေစက္ကူများထုတ်ဝေခြင်းကြောင့် ငွေကြေးပမာဏ တိုးတက် ရန် လုံးဝအခြေအနေမရှိကြောင်းလည်း ဗဟိုဘဏ်က အသိပေးထားသည်။
အဆိုပါ နှစ်သောင်းကျပ်တန် ထုတ်ဝေမှုကြောင့် ငွေကြေးဖောင်းပွမှုများဖြစ်ပေါ်လာနိုင်ပြီး ကုန်ဈေးနှုန်းကြီး မြင့်မှုများရှိလာနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိလာသည်။
“ဒီအခြေအနေမှာ အကြောင်းအမျိုးမျိုးဖော်ပြပြီး ကုန်စည်ဈေးနှုန်းတွေ ဆွဲတင်ဖို့လှုံ့ဆော်နေသူတွေ၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းမြင့်တက်လာစေဖို့ ကြိုးစားနေသူတွေကို ဖော်ထုတ်ပြီး အရေးယူနိုင်ဖို့ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်”ဟု ဗဟိုဘဏ်က အသိပေးထုတ်ပြန်ထားသည်။
ငွေစက္ကူအဟောင်း သိန်း (၁ဝဝ) လာရောက်လဲလှယ်သူအား ငွေစက္ကူအသစ် ကျပ်သိန်း (၁ဝဝ) ပြန်ပေးသည့်အခါတွင် လည်း အမှတ်တရအဖြစ် ငွေကျပ် နှစ်သောင်းတန် ငွေစက္ကူ (၃)ရွက်သာ ထည့်သွင်းလဲလှယ်ပေးရန် လျာထားကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များရှိ ငွေလဲကောင်တာများတွင် လူပုဂ္ဂိုလ်တစ်ဦးလျှင် ဟောင်းနွမ်းငွေစက္ကူရွက်ရေ (၅ဝဝ)အထိ လက်ခံလဲလှယ်ပေးသွားမည်ဖြစ်ပြီး အဆိုပါ ပမာဏထက် ကျော်လွန်ပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ငွေကြေးစီမံခန့်ခွဲမှုဌာနသို့ လျှောက်လွှာဖြင့် တင်ပြ၍ ချိတ်ဆက်လဲလှယ် နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံနည်းတူ အထိမ်းအမှတ် ငွေစက္ကူနှင့် ဒင်္ဂါးများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် အထိမ်းအမှတ်ပွဲများ၊ အမှတ်တရဖြစ်မည့်အရာများအတွက် အရေအတွက်အကန့်အသတ်နှင့် ထုတ်ဝေလေ့ရှိကြကြောင်း သိရသည်။

zawgyi version
ႏွစ္ေသာင္းက်ပ္တန္ ေငြစကၠဴကို အေရအတြက္ အကန႔္အသတ္ျဖင့္ ထုတ္ေဝမည္ျဖစ္သည့္အတြက္ တစ္ဦးလွ်င္ အမ်ားဆုံး (၃) ႐ြက္သာထုတ္ေပးမည္
NP News - ဇူလိုင္ ၂၄
ဆင္ျဖဴေတာ္႐ုပ္ပုံပါ ႏွစ္ေသာင္းက်ပ္တန္ ေငြစကၠဴမ်ားအား အထိမ္းအမွတ္အျဖစ္ အေရအတြက္ အကန႔္အသတ္ျဖင့္ ထုတ္ေဝျခင္းျဖစ္သည့္အတြက္ ေဟာင္းႏြမ္းေငြစကၠဴမ်ားကို အစားထိုးလဲလွယ္ေပးျခင္းတြင္ အမွတ္တရအျဖစ္ သိမ္းဆည္း ထားႏိုင္ရန္ အမ်ားဆုံး (၃) ႐ြက္ခန႔္သာ ထည့္သြင္းလဲလွယ္ေပးသြားမည္ျဖစ္ေၾကာင္း ဗဟိုဘဏ္က ဇူလိုင္လ ၂၃ ရက္တြင္ အသိေပးေၾကညာခဲ့သည္။
အဆိုပါ ေငြစကၠဴကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလးၿမိဳ႕မ်ားရွိ ေငြလဲေကာင္တာမ်ားတြင္ ေဟာင္းႏြမ္းေငြစကၠဴမ်ား လာေရာက္လဲလွယ္သည့္ ေငြစကၠဴေဟာင္းႏွင့္ လဲလွယ္လိုေသာ လူပုဂၢိဳလ္ႏွင့္ အဖြဲ႕အစည္းမ်ားကိုသာ ထည့္သြင္းလဲလွယ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေငြက်ပ္ႏွစ္ေသာင္းတန္သည္ မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးတည္ေဆာက္ၿပီးစီးမႈ အထိမ္းအမွတ္ ႏွင့္ ဆင္ျဖဴေတာ္ ရတနာ ရ႒နႏၵက ၏တစ္ႏွစ္ေျမာက္အထိမ္းအမွတ္အေနျဖင့္ ရည္႐ြယ္ထုတ္ျခင္းျဖစ္၍ အေရအတြက္ အကန႔္အသတ္ျဖင့္ သာ ထုတ္ေဝသြားမည္ျဖစ္ေၾကာင္း သိရသည္။
ယခု ဇူလိုင္လကုန္တြင္ ထုတ္ေဝမည့္ ႏွစ္ေသာင္းက်ပ္တန္ေငြစကၠဴသည္ ႏိုင္ငံစီးပြားေရးစနစ္အတြင္းလွည့္လည္သုံးစြဲေငြ (Currency in Circulation - CIC) အတြင္းသို႔ ထည့္သြင္းျခင္းမဟုတ္ဘဲ လဲလွယ္ထားသည့္ ေဟာင္းႏြမ္းေငြစကၠဴမ်ားကို ဖ်က္ဆီးမည့္ စာရင္းႏွင့္ ဖ်က္ဆီးမည့္ ေငြစကၠဴလက္က်န္အတြင္းသို႔ ထည့္သြင္းၿပီး ဖ်က္ဆီးသြားမည္ျဖစ္သျဖင့္ ႏွစ္ေသာင္းတန္ ေငြစကၠဴမ်ားထုတ္ေဝျခင္းေၾကာင့္ ေငြေၾကးပမာဏ တိုးတက္ ရန္ လုံးဝအေျခအေနမရွိေၾကာင္းလည္း ဗဟိုဘဏ္က အသိေပးထားသည္။
အဆိုပါ ႏွစ္ေသာင္းက်ပ္တန္ ထုတ္ေဝမႈေၾကာင့္ ေငြေၾကးေဖာင္းပြမႈမ်ားျဖစ္ေပၚလာႏိုင္ၿပီး ကုန္ေဈးႏႈန္းႀကီး ျမင့္မႈမ်ားရွိလာႏိုင္ေၾကာင္း ေဝဖန္မႈမ်ားလည္း ရွိလာသည္။
“ဒီအေျခအေနမွာ အေၾကာင္းအမ်ိဳးမ်ိဳးေဖာ္ျပၿပီး ကုန္စည္ေဈးႏႈန္းေတြ ဆြဲတင္ဖို႔လႈံ႕ေဆာ္ေနသူေတြ၊ ႏိုင္ငံျခားေငြ လဲလွယ္ႏႈန္းျမင့္တက္လာေစဖို႔ ႀကိဳးစားေနသူေတြကို ေဖာ္ထုတ္ၿပီး အေရးယူႏိုင္ဖို႔ တရားဥပေဒစိုးမိုးေရး အဖြဲ႕အစည္း ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိပါတယ္”ဟု ဗဟိုဘဏ္က အသိေပးထုတ္ျပန္ထားသည္။
ေငြစကၠဴအေဟာင္း သိန္း (၁ဝဝ) လာေရာက္လဲလွယ္သူအား ေငြစကၠဴအသစ္ က်ပ္သိန္း (၁ဝဝ) ျပန္ေပးသည့္အခါတြင္ လည္း အမွတ္တရအျဖစ္ ေငြက်ပ္ ႏွစ္ေသာင္းတန္ ေငြစကၠဴ (၃)႐ြက္သာ ထည့္သြင္းလဲလွယ္ေပးရန္ လ်ာထားေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလးၿမိဳ႕မ်ားရွိ ေငြလဲေကာင္တာမ်ားတြင္ လူပုဂၢိဳလ္တစ္ဦးလွ်င္ ေဟာင္းႏြမ္းေငြစကၠဴ႐ြက္ေရ (၅ဝဝ)အထိ လက္ခံလဲလွယ္ေပးသြားမည္ျဖစ္ၿပီး အဆိုပါ ပမာဏထက္ ေက်ာ္လြန္ပါက ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္၊ ေငြေၾကးစီမံခန႔္ခြဲမႈဌာနသို႔ ေလွ်ာက္လႊာျဖင့္ တင္ျပ၍ ခ်ိတ္ဆက္လဲလွယ္ ႏိုင္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံနည္းတူ အထိမ္းအမွတ္ ေငြစကၠဴႏွင့္ ဒဂၤါးမ်ားကို ကမာၻ႔ႏိုင္ငံအသီးသီးတြင္ အထိမ္းအမွတ္ပြဲမ်ား၊ အမွတ္တရျဖစ္မည့္အရာမ်ားအတြက္ အေရအတြက္အကန႔္အသတ္ႏွင့္ ထုတ္ေဝေလ့ရွိၾကေၾကာင္း သိရသည္။