မောင်မင်းလူကလေးဟု လူသိများခဲ့သော သရုပ်ဆောင်ဦးစံမြင့် ကွယ်လွန်

 795

NP News - ဇူလိုင် ၂၄

တော်လှန်ရေးဇာတ်ကားများတွင် အများဆုံးပါဝင်ခဲ့သည့် မောင်မင်းလူကလေး(သို့မဟုတ်) သခင်ကြီးဟု လူသိများကျော်ကြားခဲ့သော သရုပ်ဆောင် ဦးစံမြင့် ကွယ်လွန်ကြောင်း သတင်းရရှိသည်။

ဦးစံမြင့်သည် ယနေ့(ဇူလိုင်လ ၂၄ ရက်)၊ နေ့လည် (၁၂)နာရီ မိနစ်(၂၀)အချိန်ခန့်တွင် ပဲခူးမြို့ရှိ နေအိမ်၌ (၉၆)ပါးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း အနုပညာအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ဦးစံမြင့်သည် မြန်မာ့ရုပ်ရှင်ဇာတ်ကားအများအပြားတွင် ဗြိတိသျှသခင်ကြီး၊ မျက်နှာဖြူအရာရှိကြီးများအဖြစ် ပင်တိုင်သရုပ်ဆောင်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက်(၉၄)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

၎င်းသည် ပြီးခဲ့သည့် ဇူလိုင်လ(၁၈)ရက်ကလည်း ရုပ်ရှင်လောကသားများကိုယ်စား သရုပ်ဆောင်ထူးခန့်ကျော်မှ လှူဒါန်းသည့် Wheel Chair နှင့် ငွေကျပ်(၁)သိန်းတို့ကို လက်ခံရယူခဲ့ကြောင်း သိရသည်။

ဦးစံမြင့်သည် မြန်မာဇာတ်ကားများတွင် ဗြိတိသျှအရာရှိ စစ်ဗိုလ်အိုက်တင်များနှင့် သရုပ်ဆောင်သူတစ်ဦးဖြစ်ပြီး ဗြိတိသျှ-ဗမာ ကပြား လူမျိုးတစ်ယောက်ဖြစ်သည်။

“အဖေကျန်းမာရေး အခြေအနေအရအချိန် အကြာကြီးနေလို့မရတော့ဘူးဆိုတာကို သိနေတာကြာပါပြီ”ဟု ဦးစံမြင့်၏သမီးဖြစ်သူ မချိုထွေးက ပြောကြားဖူးသည်။

ဦးစံမြင့်ကို စစ်ကြိုခေတ် ၁၉၃၁ ခုနှစ်၌ ပြည်မြို့တွင် မွေးဖွားခဲ့ပြီး ဖခင်ဖြစ်သူသည် ပထမကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် တာဝန်ကျသည့် ဥရောပစစ်သားတစ်ဦးဖြစ်ကာ မိခင်ဖြစ်သူသည် မြန်မာလူမျိုးတစ်ဦးဖြစ်သည်။

အသက်(၁၈)နှစ်အရွယ်တွင် ဦးစံမြင့်သည် ဗမာ့တပ်မတော်၊ အမြောက်တပ်ရင်းသို့ ဝင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် တပ်မှထွက်ပြီးနောက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တိရစ္ဆာန်ဆေးကုသရေးဆရာအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ တိရစ္ဆာန်ရုံတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ယခင်က ခင်မင်ခဲ့သည့် ရုပ်ရှင်လောကသားများ နှင့် ချိတ်ဆက်မိကာ ၎င်းအား ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်ရန် ကမ်းလှမ်းခဲ့ကြရာ ရုပ်ရှင်ဇာတ်ကားများတွင် အင်္ဂလိပ်အရာရှိဇတ်ကောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့ပြီး ပရိသတ်များအကြားထင်ရှားခဲ့သည်။ ဦးစံမြင့်သည် တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းဘ၀ နှင့် သရုပ်ဆောင်ဘဝတွင် နှစ်ပေါင်းလေးဆယ်ကျော်ကြာ ကျင်လည်ခဲ့သည်။

zawgyi version
ေမာင္မင္းလူကေလးဟု လူသိမ်ားခဲ့ေသာ သ႐ုပ္ေဆာင္ဦးစံျမင့္ ကြယ္လြန္

NP News - ဇူလိုင္ ၂၄

ေတာ္လွန္ေရးဇာတ္ကားမ်ားတြင္ အမ်ားဆုံးပါဝင္ခဲ့သည့္ ေမာင္မင္းလူကေလး(သို႔မဟုတ္) သခင္ႀကီးဟု လူသိမ်ားေက်ာ္ၾကားခဲ့ေသာ သ႐ုပ္ေဆာင္ ဦးစံျမင့္ ကြယ္လြန္ေၾကာင္း သတင္းရရွိသည္။

ဦးစံျမင့္သည္ ယေန႔(ဇူလိုင္လ ၂၄ ရက္)၊ ေန႔လည္ (၁၂)နာရီ မိနစ္(၂၀)အခ်ိန္ခန႔္တြင္ ပဲခူးၿမိဳ႕ရွိ ေနအိမ္၌ (၉၆)ပါးေရာဂါျဖင့္ ကြန္လြန္ခဲ့ေၾကာင္း အႏုပညာအသိုင္းအဝိုင္းထံမွ စုံစမ္းသိရွိရသည္။

ဦးစံျမင့္သည္ ျမန္မာ့႐ုပ္ရွင္ဇာတ္ကားအမ်ားအျပားတြင္ ၿဗိတိသွ်သခင္ႀကီး၊ မ်က္ႏွာျဖဴအရာရွိႀကီးမ်ားအျဖစ္ ပင္တိုင္သ႐ုပ္ေဆာင္ခဲ့ၿပီး ကြယ္လြန္ခ်ိန္တြင္ အသက္(၉၄)ႏွစ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။

၎သည္ ၿပီးခဲ့သည့္ ဇူလိုင္လ(၁၈)ရက္ကလည္း ႐ုပ္ရွင္ေလာကသားမ်ားကိုယ္စား သ႐ုပ္ေဆာင္ထူးခန႔္ေက်ာ္မွ လႉဒါန္းသည့္ Wheel Chair ႏွင့္ ေငြက်ပ္(၁)သိန္းတို႔ကို လက္ခံရယူခဲ့ေၾကာင္း သိရသည္။

ဦးစံျမင့္သည္ ျမန္မာဇာတ္ကားမ်ားတြင္ ၿဗိတိသွ်အရာရွိ စစ္ဗိုလ္အိုက္တင္မ်ားႏွင့္ သ႐ုပ္ေဆာင္သူတစ္ဦးျဖစ္ၿပီး ၿဗိတိသွ်-ဗမာ ကျပား လူမ်ိဳးတစ္ေယာက္ျဖစ္သည္။

“အေဖက်န္းမာေရး အေျခအေနအရအခ်ိန္ အၾကာႀကီးေနလို႔မရေတာ့ဘူးဆိုတာကို သိေနတာၾကာပါၿပီ”ဟု ဦးစံျမင့္၏သမီးျဖစ္သူ မခ်ိဳေထြးက ေျပာၾကားဖူးသည္။

ဦးစံျမင့္ကို စစ္ႀကိဳေခတ္ ၁၉၃၁ ခုႏွစ္၌ ျပည္ၿမိဳ႕တြင္ ေမြးဖြားခဲ့ၿပီး ဖခင္ျဖစ္သူသည္ ပထမကမာၻစစ္အတြင္း ျမန္မာႏိုင္ငံတြင္ တာဝန္က်သည့္ ဥေရာပစစ္သားတစ္ဦးျဖစ္ကာ မိခင္ျဖစ္သူသည္ ျမန္မာလူမ်ိဳးတစ္ဦးျဖစ္သည္။

အသက္(၁၈)ႏွစ္အ႐ြယ္တြင္ ဦးစံျမင့္သည္ ဗမာ့တပ္မေတာ္၊ အေျမာက္တပ္ရင္းသို႔ ဝင္ခဲ့သည္။ ၁၉၆၂ ခုႏွစ္တြင္ တပ္မွထြက္ၿပီးေနာက္ ရန္ကုန္တိရစာၦန္ဥယ်ာဥ္တြင္ တိရစာၦန္ေဆးကုသေရးဆရာအျဖစ္ ဆက္လက္တာဝန္ထမ္းေဆာင္ခဲ့သည္။ တိရစာၦန္႐ုံတြင္ တာဝန္ထမ္းေဆာင္ေနစဥ္အတြင္း ယခင္က ခင္မင္ခဲ့သည့္ ႐ုပ္ရွင္ေလာကသားမ်ား ႏွင့္ ခ်ိတ္ဆက္မိကာ ၎အား ႐ုပ္ရွင္ဇာတ္ကားမ်ားတြင္ ပါဝင္ရန္ ကမ္းလွမ္းခဲ့ၾကရာ ႐ုပ္ရွင္ဇာတ္ကားမ်ားတြင္ အဂၤလိပ္အရာရွိဇတ္ေကာင္အျဖစ္ ပါဝင္႐ိုက္ကူးခဲ့ၿပီး ပရိသတ္မ်ားအၾကားထင္ရွားခဲ့သည္။ ဦးစံျမင့္သည္ တိရစာၦန္ဥယ်ာဥ္ဝန္ထမ္းဘ၀ ႏွင့္ သ႐ုပ္ေဆာင္ဘဝတြင္ ႏွစ္ေပါင္းေလးဆယ္ေက်ာ္ၾကာ က်င္လည္ခဲ့သည္။

Related news

© 2021. All rights reserved.