မုံရွာမြို့၌ ကားတစ်စီးမှ ပန်းသည်အမျိုးသမီးအား ပွတ်တိုက်ပြီးထွက်ပြေးသွားသဖြင့် သေဆုံးမှုဖြစ်ပွား

 832

စော (NP News) - ဇူလိုင် ၂၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ ကားတစ်စီးမှ ဆိုင်ကယ်မောင်းလာသည့် ပန်းသည်အမျိုးသမီးအား ပွတ်တိုက်ပြီးထွက်ပြေးသွားသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၂၄ ရက်)၊ နံနက် (၅)နာရီအချိန်တွင် မုံရွာမြို့၊ ပြည်ထောင်စုလမ်းမကြီး၊ ဘုရားနီလမ်းထိပ်အကျော်၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)ထံမှ သိရသည်။

“ဖြစ်စဉ်တော့ ကျွန်တော်တို့မသိဘူး။ ကျွန်တော်တို့ရောက်တော့ ဆုံးနေပြီ။ ဒဏ်ရာကတော့ ဦးခေါင်းလည်းထိသွားတယ်။ နံရိုးတွေလည်း ကျိုးသွားတာပေါ့”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာ)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ အမျိုးသမီးသည် အသက် (၃၀)နှစ်ဝန်းကျင်ဖြစ်ပြီး ဈေးထဲတွင် ပန်းရောင်းသူတစ်ဦးဖြစ်ကြောင်း သိရသည်။ ၎င်း၏ရုပ်အလောင်းအား မုံရွာပြည်သူ့ဆေးရုံကြီး သို့ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
မုံ႐ြာၿမိဳ႕၌ ကားတစ္စီးမွ ပန္းသည္အမ်ိဳးသမီးအား ပြတ္တိုက္ၿပီးထြက္ေျပးသြားသျဖင့္ ေသဆုံးမႈျဖစ္ပြား

ေစာ (NP News) - ဇူလိုင္ ၂၄

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕၌ ကားတစ္စီးမွ ဆိုင္ကယ္ေမာင္းလာသည့္ ပန္းသည္အမ်ိဳးသမီးအား ပြတ္တိုက္ၿပီးထြက္ေျပးသြားသျဖင့္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ဇူလိုင္လ ၂၄ ရက္)၊ နံနက္ (၅)နာရီအခ်ိန္တြင္ မုံ႐ြာၿမိဳ႕၊ ျပည္ေထာင္စုလမ္းမႀကီး၊ ဘုရားနီလမ္းထိပ္အေက်ာ္၌ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မုံ႐ြာ)ထံမွ သိရသည္။

“ျဖစ္စဥ္ေတာ့ ကြၽန္ေတာ္တို႔မသိဘူး။ ကြၽန္ေတာ္တို႔ေရာက္ေတာ့ ဆုံးေနၿပီ။ ဒဏ္ရာကေတာ့ ဦးေခါင္းလည္းထိသြားတယ္။ နံ႐ိုးေတြလည္း က်ိဳးသြားတာေပါ့”ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (မုံ႐ြာ)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ အမ်ိဳးသမီးသည္ အသက္ (၃၀)ႏွစ္ဝန္းက်င္ျဖစ္ၿပီး ေဈးထဲတြင္ ပန္းေရာင္းသူတစ္ဦးျဖစ္ေၾကာင္း သိရသည္။ ၎၏႐ုပ္အေလာင္းအား မုံ႐ြာျပည္သူ႔ေဆး႐ုံႀကီး သို႔ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.