သီလဝါအထူးစီးပွားရေးဇုန်၌ တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်သစ်သုံးမော်တော်ယာဥ် ထုတ်လုပ်သည့် စက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်

 1290

ယွန်း (NP News ) - ဇူလိုင် ၂၄

သီလဝါအထူးစီးပွားရေးဇုန်၌ တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်သစ်သုံးမော်တော်ယာဥ် ထုတ်လုပ်တပ်ဆင်သည့် စက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံရန် မြန်မာကောင်စစ်ဝန်ချုပ်က ဖိတ်ခေါ်ခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနမှ သိရသည်။

နန်နင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းက ယနေ့(ဇူလိုင်လ ၂၄ ရက်)တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ Guangxi Institute of Science and Technology မှ ညွှန်ကြားရေးမှူး Ms. Cai Xuping ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာ နှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အကြား စံချိန်စံနှုန်းဆိုင်ရာနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းရေးအတွက် နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ လျှပ်စစ်သုံးမော်တော်ယာဥ်များ အများဆုံးတင်သွင်းလျက်ရှိပြီး လျှိုကျိုးမြို့သည် လျှပ်စစ်သုံးမော်တော်ယာဥ် အဓိကထုတ်လုပ်သည့် မြို့ဖြစ်ခြင်းကြောင့် သွားရောက်လေ့လာနိုင်ခြင်းဖြင့် မြန်မာ- တရုတ် နှစ်ဖက်လုပ်ငန်းရှင်များအကြား လုပ်ငန်းချိတ်ဆက်မှုများ ရရှိကာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ကြောင်း မြန်မာကောင်စစ်ဝန်ချုပ်က ပြောကြားခဲ့သည်။

အလားတူ မြန်မာနိုင်ငံရှိ သီလဝါအထူး စီးပွားရေးဇုန်တွင်လည်း စွမ်းအင်သစ်သုံးမော်တော်ယာဥ် ထုတ်လုပ်တပ်ဆင်သည့် စက်ရုံများတည်ထောင်၍ လာရောက်ရင်းနှီးမြှုပ်နှံရန် ကောင်စစ်ဝန်ချုပ်မှ ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

Ms. Cai Xuping အနေဖြင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို လျှိုကျိုးမြို့ရှိ “စွမ်းအင်သစ်သုံးမော်တော်ယာဥ်” ထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်လေ့လာနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အလားတူ “စွမ်းအင်သစ်သုံးမော်တော်ယာဥ်” နှင့် ဆက်စပ်သည့် ဖိုရမ်တစ်ခုကိုလည်း ပြုလုပ်ရန် စီစဥ်သွားမည်ဖြစ်ကြောင်း Ms. Cai Xuping က အသိပေးပြောကြားခဲ့သည်။

ထို့ပြင် လာမည့် အောက်တိုဘာလ (၁၂) ရက် နှင့် (၁၃) ရက်တို့တွင် ကွမ်ရှီးဒေသ၊ လျှိုကျိုးမြို့၌ ကျင်းပမည့် (၃) ကြိမ်မြောက် China-ASEAN Standardization Cooperation Forum သို့ တက်ရောက်ရန်လည်း ၎င်းက ဖိတ်ကြားခဲ့သည်။

zawgyi version
သီလဝါအထူးစီးပြားေရးဇုန္၌ တ႐ုတ္ႏိုင္ငံအေနျဖင့္ စြမ္းအင္သစ္သုံးေမာ္ေတာ္ယာဥ္ ထုတ္လုပ္သည့္ စက္႐ုံမ်ား လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရန္ ဖိတ္ေခၚ
ယြန္း (NP News ) - ဇူလိုင္ ၂၄

သီလဝါအထူးစီးပြားေရးဇုန္၌ တ႐ုတ္ႏိုင္ငံအေနျဖင့္ စြမ္းအင္သစ္သုံးေမာ္ေတာ္ယာဥ္ ထုတ္လုပ္တပ္ဆင္သည့္ စက္႐ုံမ်ား လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရန္ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္က ဖိတ္ေခၚခဲ့ေၾကာင္း ႏိုင္ငံျခား ေရးဝန္ႀကီးဌာနမွ သိရသည္။

နန္နင္းၿမိဳ႕ရွိ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္ ဦးေက်ာ္စိုးသိန္းက ယေန႔(ဇူလိုင္လ ၂၄ ရက္)တြင္ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံး၌ Guangxi Institute of Science and Technology မွ ၫႊန္ၾကားေရးမႉး Ms. Cai Xuping ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ႏွင့္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ျမန္မာ ႏွင့္ တ႐ုတ္ႏိုင္ငံ၊ ကြမ္ရွီးကြၽမ့္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတို႔အၾကား စံခ်ိန္စံႏႈန္းဆိုင္ရာႏွင့္ နည္းပညာက႑မ်ားတြင္ ပူးေပါင္းေရးအတြက္ ႏွစ္ႏိုင္ငံေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ေျပာသည္။

ျမန္မာႏိုင္ငံသည္ တ႐ုတ္ႏိုင္ငံမွ လွ်ပ္စစ္သုံးေမာ္ေတာ္ယာဥ္မ်ား အမ်ားဆုံးတင္သြင္းလ်က္ရွိၿပီး လွ်ိဳက်ိဳးၿမိဳ႕သည္ လွ်ပ္စစ္သုံးေမာ္ေတာ္ယာဥ္ အဓိကထုတ္လုပ္သည့္ ၿမိဳ႕ျဖစ္ျခင္းေၾကာင့္ သြားေရာက္ေလ့လာႏိုင္ျခင္းျဖင့္ ျမန္မာ- တ႐ုတ္ ႏွစ္ဖက္လုပ္ငန္းရွင္မ်ားအၾကား လုပ္ငန္းခ်ိတ္ဆက္မႈမ်ား ရရွိကာ ပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ႏိုင္ေၾကာင္း ျမန္မာေကာင္စစ္ဝန္ခ်ဳပ္က ေျပာၾကားခဲ့သည္။

အလားတူ ျမန္မာႏိုင္ငံရွိ သီလဝါအထူး စီးပြားေရးဇုန္တြင္လည္း စြမ္းအင္သစ္သုံးေမာ္ေတာ္ယာဥ္ ထုတ္လုပ္တပ္ဆင္သည့္ စက္႐ုံမ်ားတည္ေထာင္၍ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံရန္ ေကာင္စစ္ဝန္ခ်ဳပ္မွ ဖိတ္ေခၚခဲ့ေၾကာင္း သိရသည္။

Ms. Cai Xuping အေနျဖင့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕ကို လွ်ိဳက်ိဳးၿမိဳ႕ရွိ “စြမ္းအင္သစ္သုံးေမာ္ေတာ္ယာဥ္” ထုတ္လုပ္သည့္ စက္႐ုံသို႔ သြားေရာက္ေလ့လာႏိုင္ေရးအတြက္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

အလားတူ “စြမ္းအင္သစ္သုံးေမာ္ေတာ္ယာဥ္” ႏွင့္ ဆက္စပ္သည့္ ဖိုရမ္တစ္ခုကိုလည္း ျပဳလုပ္ရန္ စီစဥ္သြားမည္ျဖစ္ေၾကာင္း Ms. Cai Xuping က အသိေပးေျပာၾကားခဲ့သည္။

ထို႔ျပင္ လာမည့္ ေအာက္တိုဘာလ (၁၂) ရက္ ႏွင့္ (၁၃) ရက္တို႔တြင္ ကြမ္ရွီးေဒသ၊ လွ်ိဳက်ိဳးၿမိဳ႕၌ က်င္းပမည့္ (၃) ႀကိမ္ေျမာက္ China-ASEAN Standardization Cooperation Forum သို႔ တက္ေရာက္ရန္လည္း ၎က ဖိတ္ၾကားခဲ့သည္။

Related news

© 2021. All rights reserved.