ပုသိမ်တံတားအမှတ် (၂)ပေါ်မှ ခုန်ချသွားသည့် အမျိုးသား၏အလောင်းအား ပြန်လည်တွေ့ရှိ

3663
စော (NP News) - ဇူလိုင် ၂၄
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ပုသိမ်တံတားအမှတ် (၂)ပေါ်မှ ခုန်ချသွားသည့် အမျိုးသား၏ အလောင်းအား ပြန်လည်ရှာတွေ့ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အမျိုးသားသည် ယနေ့(ဇူလိုင်လ ၂၄ ရက်)၊ နံနက် (၉)နာရီဝန်းကျင်တွင် ငပုတောမြို့နယ် ရေတွင်းကုန်းလေးကျွန်းထိပ်၌ အလောင်းပေါ်လာခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပုသိမ်)ထံမှ သိရသည်။
၎င်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်၊ ည (၈)နာရီအချိန်တွင် အဆိုပါတံတားပေါ်မှ ခုန်ချသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့ မနက်ပိုင်းလောက်မှာ အလောင်းကပြန်ပေါ်လာတာပေါ့။ ပြင်ပဒဏ်ရာတော့မတွေ့ပါဘူး။ အလောင်းက ဝဲထဲကို ပြန်မျောပါသွားလို့ စက်လှေနဲ့ ပြန်သယ်လာခဲ့ပါတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပုသိမ်)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေဆုံးသူသည် အသက် (၂၀)ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ပုသိမ်မြို့နယ်၊ အမှတ် (၁)ရပ် ကွက် ကိုးသောင်း (၅)လမ်းတွင် နေထိုင်ကြောင်း သိရသည်။
၎င်း၏ရုပ်အလောင်းအား ပုသိမ်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ သာလှပင်စီကျေးရွာ၌ ယနေ့(ဇူလိုင်လ ၂၄ ရက်)တွင် အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်ခြံဝန်းရှိ ရေကန်၌ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

zawgyi version
ပုသိမ္တံတားအမွတ္ (၂)ေပၚမွ ခုန္ခ်သြားသည့္ အမ်ိဳးသား၏အေလာင္းအား ျပန္လည္ရွာေတြ႕
ေစာ (NP News) - ဇူလိုင္ ၂၄
ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕၊ ပုသိမ္တံတားအမွတ္ (၂)ေပၚမွ ခုန္ခ်သြားသည့္ အမ်ိဳးသား၏ အေလာင္းအား ျပန္လည္ရွာေတြ႕ခဲ့ေၾကာင္း သတင္းရရွိသည္။
အဆိုပါ အမ်ိဳးသားသည္ ယေန႔(ဇူလိုင္လ ၂၄ ရက္)၊ နံနက္ (၉)နာရီဝန္းက်င္တြင္ ငပုေတာၿမိဳ႕နယ္ ေရတြင္းကုန္းေလးကြၽန္းထိပ္၌ အေလာင္းေပၚလာခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (ပုသိမ္)ထံမွ သိရသည္။
၎သည္ ၿပီးခဲ့သည့္ ဇူလိုင္လ ၂၁ ရက္၊ ည (၈)နာရီအခ်ိန္တြင္ အဆိုပါတံတားေပၚမွ ခုန္ခ်သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဒီေန႔ မနက္ပိုင္းေလာက္မွာ အေလာင္းကျပန္ေပၚလာတာေပါ့။ ျပင္ပဒဏ္ရာေတာ့မေတြ႕ပါဘူး။ အေလာင္းက ဝဲထဲကို ျပန္ေမ်ာပါသြားလို႔ စက္ေလွနဲ႔ ျပန္သယ္လာခဲ့ပါတယ္”ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (ပုသိမ္)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသဆုံးသူသည္ အသက္ (၂၀)ဝန္းက်င္အ႐ြယ္ရွိ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ပုသိမ္ၿမိဳ႕နယ္၊ အမွတ္ (၁)ရပ္ ကြက္ ကိုးေသာင္း (၅)လမ္းတြင္ ေနထိုင္ေၾကာင္း သိရသည္။
၎၏႐ုပ္အေလာင္းအား ပုသိမ္ျပည္သူ႔ေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။
အလားတူ ပဲခူးတိုင္း၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္၊ သာလွပင္စီေက်း႐ြာ၌ ယေန႔(ဇူလိုင္လ ၂၄ ရက္)တြင္ အသက္(၁၈)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ေနအိမ္ၿခံဝန္းရွိ ေရကန္၌ ေရနစ္ေသဆုံးခဲ့ေၾကာင္း သိရသည္။