ဖျာပုံဆရာတော် ဘဒ္ဒန္တဝေပုလ္လ ယနေ့ နံနက်တွင် ဘဝနတ်ထံပျံလွန်တော်မူ

 2766

NP News ဇူလိုင် ၂၅

ဧရာဝတီတိုင်း၊ ဖျာပုံမြို့ရှိ ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝေပုလ္လ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပါဠိတက္ကသိုလ်(နေပြည်တော်) သည် ယနေ့ နံနက်ပိုင်းတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ကြောင်းသိရသည် ။

ယနေ့ ဇူလိုင်လ ၂၅ ရက် နံနက် ၅ နာရီအချိန် ရန်ကုန်မြို့ရှိ ဂရန်းဟံသာဆေးရုံတွင် ဆရာတော် ဘဒ္ဒန္တဝေပုလ္လသည် ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။

ဖျာပုံမြို့၊ မဟာပုညာရာမတိုက်ကြီးရဲ့ ဦးစီးပဓာနနာယက ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီး ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝေပုလ္လ ပျံလွန်တော်မူခြင်းကို ဆရာတော်၏ လူမှုကွန်ယက်စာမျက်နှာက တစ်ဆင့် အသိပေးထားခြင်းဖြစ်သည်။

ဖျာပုံဆရာတော် ဘဒ္ဒန္တဝေပုလ္လသည် ရန်ကုန်မြို့ရှိ ဂရန်းဟံသာဆေးရုံကြီး၏ အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှုခံယူနေစဉ် ပျံလွန်တော်မူသွားခြင်းဖြစ်ကြောင်း သိရသည်။

ဘဝနတ်ထံ ပျံလွန်တော်မူသွားသော ဖျာပုံဆရာတော် ဘဒ္ဒန္တဝေပုလ္လ၏ ဥတုဇရုပ်ကလာပ်တော်သည် ထန်းပင်ကျောင်း ပရိယတ္တိစာသင်တိုက်သို့ ပြန်လည်ရောက်ရှိပြီဟု သိရသည်။

Zawgyi Version;
ဖ်ာပုံဆရာေတာ္ ဘဒၵႏၲေဝပုလႅ ယေန႔ နံနက္တြင္ ဘဝနတ္ထံပ်ံလြန္ေတာ္မူ
NP News ဇူလိုင္ ၂၅

ဧရာဝတီတိုင္း၊ ဖ်ာပုံၿမိဳ႕ရွိ ထန္းပင္ေက်ာင္းပရိယတၱိစာသင္တိုက္ႀကီး၏ ဦးစီးပဓာနနာယက ဆရာေတာ္ ဘဒၵႏၲေဝပုလႅ အျပည္ျပည္ဆိုင္ရာဗုဒၶဘာသာပါဠိတကၠသိုလ္(ေနျပည္ေတာ္) သည္ ယေန႔ နံနက္ပိုင္းတြင္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူသြားခဲ့ေၾကာင္းသိရသည္ ။

ယေန႔ ဇူလိုင္လ ၂၅ ရက္ နံနက္ ၅ နာရီအခ်ိန္ ရန္ကုန္ၿမိဳ႕ရွိ ဂရန္းဟံသာေဆး႐ုံတြင္ ဆရာေတာ္ ဘဒၵႏၲေဝပုလႅသည္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူသြားခဲ့ျခင္းျဖစ္သည္။

ဖ်ာပုံၿမိဳ႕၊ မဟာပုညာရာမတိုက္ႀကီးရဲ႕ ဦးစီးပဓာနနာယက ထန္းပင္ေက်ာင္းပရိယတၱိစာသင္တိုက္ႀကီး၏ ဦးစီး ပဓာနနာယက ဆရာေတာ္ ဘဒၵႏၲေဝပုလႅ ပ်ံလြန္ေတာ္မူျခင္းကို ဆရာေတာ္၏ လူမႈကြန္ယက္စာမ်က္ႏွာက တစ္ဆင့္ အသိေပးထားျခင္းျဖစ္သည္။

ဖ်ာပုံဆရာေတာ္ ဘဒၵႏၲေဝပုလႅသည္ ရန္ကုန္ၿမိဳ႕ရွိ ဂရန္းဟံသာေဆး႐ုံႀကီး၏ အထူးၾကပ္မတ္ကုသေဆာင္မွာ ေဆးကုသမႈခံယူေနစဥ္ ပ်ံလြန္ေတာ္မူသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဘဝနတ္ထံ ပ်ံလြန္ေတာ္မူသြားေသာ ဖ်ာပုံဆရာေတာ္ ဘဒၵႏၲေဝပုလႅ၏ ဥတုဇ႐ုပ္ကလာပ္ေတာ္သည္ ထန္းပင္ေက်ာင္း ပရိယတၱိစာသင္တိုက္သို႔ ျပန္လည္ေရာက္ရွိၿပီဟု သိရသည္။

Related news

© 2021. All rights reserved.