ဟန်ဂေရီနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့မှ နှုတ်ထွက်သွားဖွယ်ရှိနေဟု ဟန်ဂေရီဗဟိုဘဏ် အကြီးအကဲဟောင်း ပြော

1615

Pika (NP News) - ဇူလိုင် ၂၅
ဟန်ဂေရီနိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်မှ မကြာမီအချိန်အတွင်း နှုတ်ထွက်သွားနိုင်ကြောင်း ဟန်ဂေရီ ဗဟိုဘဏ်အကြီးအကဲဟောင်း Andras Simor က အခိုင်အမာထုတ်ဖော်ပြောခဲ့သည်။
အန်ဒရက်စ်ဆီမော က "ဟန်ဂေရီဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်မှ နှုတ်ထွက်သွားမယ်လို့ မမျှော်လင့်ထား ကြပေမယ့် အဲဒါကဖြစ်လာနိုင်ချေရှိပါတယ်။ ဒီဖြစ်နိုင်ချေက ပြီးခဲ့တဲ့နှစ်က(၁ဝ)ရာခိုင်နှုန်းရှိမယ်ဆိုရင် ဒီနှစ်မှာ တော့ (၂ဝ) ရာခိုင်နှုန်းကနေ (၃ဝ)ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်" ဟု ပြောခဲ့သည်။
ဟန်ဂေရီနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်နေချိန်တွင် ဥရောပသမဂ္ဂသည် ဟန်ဂေရီသို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ(၃၀)ဘီလျံ ထုတ်မပေးဘဲရှိနေကြောင်း သိရသည်။ ထို့အတွက်ကြောင့် ဟန်ဂေရီအစိုးရအနေ ဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်မှ နှုတ်ထွက်ခြင်းအား ရွေးချယ်သွားမည်ကိုစိုးရိမ်မိကြောင်း အန်ဒရက်စ် ဆီမော က ပြောကြားခဲ့သည်။
ဟန်ဂေရီသည် ဥရောပသမဂ္ဂ၏ အကူအညီများကို ရယူခွင့်ရထားသော နိုင်ငံဖြစ်သော်လည်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဗန်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဆန့်ကျင်ခြင်းများ၊ တရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုများ နှင့် မီဒီယာများ၏ လွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်ခြင်းတို့ကြောင့် ဥရောပသမဂ္ဂသည် ၎င်း၏ အကူအညီအများစုကို နှစ်အတော်ကြာအောင် ရပ်တန့်ထားခဲ့ကြောင်း သိရသည်။
ဟန်ဂေရီအစိုးရသည် ပြီးခဲ့သည့်နှစ်တွင် ယူကရိန်းအတွက် ဥရောပသမဂ္ဂ၏ စီးပွားရေးအကူအညီအပေါ် ဗီတို အာဏာကိုအသုံးပြုကာ ငွေအချို့ကို ရယူခဲ့သော်လည်း ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တာအော်ဗန်သည် ယူကရိန်းစစ်ပွဲ နှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂ၏ ထောက်ခံမှုများကို ဝေဖန်ပြစ်တင်ခဲ့ဖူးကြောင်း သိရသည်။
ဗစ်တာအော်ဗန်သည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် တောင်းဆိုခဲ့ပြီး ဥရောပသမဂ္ဂသည် ၎င်း၏ အကျိုးစီးပွားများ အတွက် ရုရှားနှင့် ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ပေးနေသည့် စစ်ပွဲလိုလားသော အစုအဖွဲ့တစ်ခုဖြစ်ကြောင်း စွပ်စွဲ ပြောခဲ့သည်။ ဟန်ဂေရီဝန်ကြီးချုပ်သည် ဥရောပသမဂ္ဂကို ဝေဖန်မှုများ လုပ်ဆောင်ခဲ့သော်လည်း အဖွဲ့ဝင်နိုင်ငံ အဖြစ်မှ နှုတ်ထွက်ရန်အကြံကို အကြိမ်ကြိမ် ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ဟန္ေဂရီႏိုင္ငံအေနျဖင့္ ဥေရာပသမဂၢအဖြဲ႕မွ ႏႈတ္ထြက္သြားဖြယ္ရွိေနဟု ဟန္ေဂရီဗဟိုဘဏ္ အႀကီးအကဲေဟာင္း ေျပာ
Pika (NP News) - ဇူလိုင္ ၂၅
ဟန္ေဂရီႏိုင္ငံသည္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံအျဖစ္မွ မၾကာမီအခ်ိန္အတြင္း ႏႈတ္ထြက္သြားႏိုင္ေၾကာင္း ဟန္ေဂရီ ဗဟိုဘဏ္အႀကီးအကဲေဟာင္း Andras Simor က အခိုင္အမာထုတ္ေဖာ္ေျပာခဲ့သည္။
အန္ဒရက္စ္ဆီေမာ က "ဟန္ေဂရီဟာ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံအျဖစ္မွ ႏႈတ္ထြက္သြားမယ္လို႔ မေမွ်ာ္လင့္ထား ၾကေပမယ့္ အဲဒါကျဖစ္လာႏိုင္ေခ်ရွိပါတယ္။ ဒီျဖစ္ႏိုင္ေခ်က ၿပီးခဲ့တဲ့ႏွစ္က(၁ဝ)ရာခိုင္ႏႈန္းရွိမယ္ဆိုရင္ ဒီႏွစ္မွာ ေတာ့ (၂ဝ) ရာခိုင္ႏႈန္းကေန (၃ဝ)ရာခိုင္ႏႈန္းအထိ ရွိႏိုင္ပါတယ္" ဟု ေျပာခဲ့သည္။
ဟန္ေဂရီႏိုင္ငံ၏ ေငြေၾကးေဖာင္းပြမႈႏႈန္းျမင့္တက္ေနခ်ိန္တြင္ ဥေရာပသမဂၢသည္ ဟန္ေဂရီသို႔ ရန္ပုံေငြ အေမရိကန္ေဒၚလာ(၃၀)ဘီလ်ံ ထုတ္မေပးဘဲရွိေနေၾကာင္း သိရသည္။ ထို႔အတြက္ေၾကာင့္ ဟန္ေဂရီအစိုးရအေန ျဖင့္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံအျဖစ္မွ ႏႈတ္ထြက္ျခင္းအား ေ႐ြးခ်ယ္သြားမည္ကိုစိုးရိမ္မိေၾကာင္း အန္ဒရက္စ္ ဆီေမာ က ေျပာၾကားခဲ့သည္။
ဟန္ေဂရီသည္ ဥေရာပသမဂၢ၏ အကူအညီမ်ားကို ရယူခြင့္ရထားေသာ ႏိုင္ငံျဖစ္ေသာ္လည္း ဟန္ေဂရီဝန္ႀကီးခ်ဳပ္ ဗစ္တာေအာ္ဗန္၏ လူဝင္မႈႀကီးၾကပ္ေရးမူဝါဒကို ဆန႔္က်င္ျခင္းမ်ား၊ တရားစီရင္ေရးဆိုင္ရာလြတ္လပ္မႈမ်ား ႏွင့္ မီဒီယာမ်ား၏ လြတ္လပ္ခြင့္ကို ဖိႏွိပ္ခ်ဳပ္ခ်ယ္ျခင္းတို႔ေၾကာင့္ ဥေရာပသမဂၢသည္ ၎၏ အကူအညီအမ်ားစုကို ႏွစ္အေတာ္ၾကာေအာင္ ရပ္တန႔္ထားခဲ့ေၾကာင္း သိရသည္။
ဟန္ေဂရီအစိုးရသည္ ၿပီးခဲ့သည့္ႏွစ္တြင္ ယူကရိန္းအတြက္ ဥေရာပသမဂၢ၏ စီးပြားေရးအကူအညီအေပၚ ဗီတို အာဏာကိုအသုံးျပဳကာ ေငြအခ်ိဳ႕ကို ရယူခဲ့ေသာ္လည္း ဟန္ေဂရီဝန္ႀကီးခ်ဳပ္ဗစ္တာေအာ္ဗန္သည္ ယူကရိန္းစစ္ပြဲ ႏွင့္ပတ္သက္ၿပီး ဥေရာပသမဂၢ၏ ေထာက္ခံမႈမ်ားကို ေဝဖန္ျပစ္တင္ခဲ့ဖူးေၾကာင္း သိရသည္။
ဗစ္တာေအာ္ဗန္သည္ ယူကရိန္းစစ္ပြဲအဆုံးသတ္ရန္ ေတာင္းဆိုခဲ့ၿပီး ဥေရာပသမဂၢသည္ ၎၏ အက်ိဳးစီးပြားမ်ား အတြက္ ႐ုရွားႏွင့္ ပဋိပကၡျဖစ္ေအာင္ လႈံ႕ေဆာ္ေပးေနသည့္ စစ္ပြဲလိုလားေသာ အစုအဖြဲ႕တစ္ခုျဖစ္ေၾကာင္း စြပ္စြဲ ေျပာခဲ့သည္။ ဟန္ေဂရီဝန္ႀကီးခ်ဳပ္သည္ ဥေရာပသမဂၢကို ေဝဖန္မႈမ်ား လုပ္ေဆာင္ခဲ့ေသာ္လည္း အဖြဲ႕ဝင္ႏိုင္ငံ အျဖစ္မွ ႏႈတ္ထြက္ရန္အႀကံကို အႀကိမ္ႀကိမ္ ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္းလည္း သိရသည္။