ကမ္ဘောဒီးယားဝန်ကြီးချုပ်အသစ်ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို သြဂုတ်လ ၂၁ ရက်မှာ ကျင်းပဖွယ်ရှိနေပြီး ဟွန်ဆန်ရဲ့သားဖြစ်သူ ဝန်ကြီးချုပ်အသစ် ဖြစ်လာဖွယ်ရှိနေ

 890

ဂျန်ဇက် (NP News) - ဇူလိုင် ၂၆

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က လာမယ့်သြဂုတ်လ ၂၁ ရက်နေ့မှာ ဝန်ကြီးချုပ်အသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

ဇူလိုင်လ ၂၃ ရက်က ကျင်းပခဲ့တဲ့ ၇ ကြိမ်မြောက် လွှတ်တော်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟွန်ဆန် ဦးဆောင်နေတဲ့ ပြည်သူပါတီက အပြတ်အသတ်အနိုင်ရခဲ့ကြောင်း သတင်းများထွက်ပေါ်နေပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်က သြဂုတ်လ ၂၁ ရက်နေ့မှာ ဝန်ကြီးချုပ်အသစ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကျမ်းသစ္စာကျိန်ဆိုသွားမှာဖြစ်ကြောင်း၊ ဘုရင့်ဟာ လွှတ်တော်အသစ်ရဲ့ပထမဆုံးအစည်းအဝေးကို ခေါ်ယူကျင်းပ သွားမှာဖြစ်ကြောင်း ပြောပါတယ်။

ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင်ဟာ လာမယ့် သြဂုတ် ၅ ရက်မှာ ရွေးကောက်ပွဲရလဒ်တွေကို တရားဝင် ကြေညာပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ထွက်ပေါ်နေတဲ့သတင်းတွေအရမှု ဝန်ကြီးချုပ်ဟွန်ဆန်ဟာ သားဖြစ်သူဟွန်မာနက်ကို ဝန်ကြီးချုပ်နေရာ ဆက်ခံခွင့်ပေးဖွယ်ရှိနေကြောင်း သိရပါတယ်။

သြဂုတ်လ ၇ ရက်နေ့မှာ ကမ္ဘောဒီးယားဘုရင်က ဝန်ကြီးချုပ်အသစ် ခန့်အပ်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။ ဟွန်မာနက်က ၎င်းအနေနဲ့ အနာဂတ်မှာ နိုင်ငံ နဲ့ ပြည်သူတွေအတွက် တာဝန်များကို အကောင်းဆုံး ထမ်းဆောင်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၂၃ ရက်နေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ အဓိကအတိုက်ခံပါတီကို ပါဝင်ယှဉ်ပြိုင်ခွင့်မပေးခဲ့တဲ့အတွက် ကမ္ဘောဒီးယားအစိုးရအပေါ် အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေက ဝေဖန်ပြစ်တင်ခဲ့ပေမယ့် တရုတ် သမ္မတ ချီးကျူးပြောကြားခဲ့ပါတယ်။

အမေရိကန်အစိုးရကတော့ အတိုက်ခံပါတီကို ပါဝင်ခွင့်မပေးဘဲကျင်းပတဲ့ ကမ္ဘောဒီးယားရွေးကောက်ပွဲကို တုံ့ပြန်မှုအဖြစ် အကူအညီပေးမှုများ ရပ်ဆိုင်းမှာဖြစ်သလို ဗီဇာကန့်သတ်သွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Zawgyi Version;
ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္အသစ္ရဲ႕က်မ္းသစၥာက်ိန္ဆိုပြဲကို ၾသဂုတ္လ ၂၁ ရက္မွာ က်င္းပဖြယ္ရွိေနၿပီး ဟြန္ဆန္ရဲ႕ သားျဖစ္သူ ဝန္ႀကီးခ်ဳပ္အသစ္ ျဖစ္လာဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၆

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္က လာမယ့္ၾသဂုတ္လ ၂၁ ရက္ေန႔မွာ ဝန္ႀကီးခ်ဳပ္အသစ္ရဲ႕ က်မ္းသစၥာက်ိန္ဆိုပြဲ က်င္းပသြားမွာျဖစ္ေၾကာင္း သိရပါတယ္။

ဇူလိုင္လ ၂၃ ရက္က က်င္းပခဲ့တဲ့ ၇ ႀကိမ္ေျမာက္ လႊတ္ေတာ္ေ႐ြးေကာက္ပြဲမွာ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ ဦးေဆာင္ေနတဲ့ ျပည္သူပါတီက အျပတ္အသတ္အႏိုင္ရခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚေနပါတယ္။

ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ၾသဂုတ္လ ၂၁ ရက္ေန႔မွာ ဝန္ႀကီးခ်ဳပ္အသစ္နဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ က်မ္းသစၥာက်ိန္ဆိုသြားမွာျဖစ္ေၾကာင္း၊ ဘုရင့္ဟာ လႊတ္ေတာ္အသစ္ရဲ႕ပထမဆုံးအစည္းအေဝးကို ေခၚယူက်င္းပ သြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။

ကေမာၻဒီးယားေ႐ြးေကာက္ပြဲေကာ္မရွင္ဟာ လာမယ့္ ၾသဂုတ္ ၅ ရက္မွာ ေ႐ြးေကာက္ပြဲရလဒ္ေတြကို တရားဝင္ ေၾကညာေပးသြားမွာျဖစ္ေၾကာင္း သိရပါတယ္။ ထြက္ေပၚေနတဲ့သတင္းေတြအရမႈ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဟာ သားျဖစ္သူဟြန္မာနက္ကို ဝန္ႀကီးခ်ဳပ္ေနရာ ဆက္ခံခြင့္ေပးဖြယ္ရွိေနေၾကာင္း သိရပါတယ္။

ၾသဂုတ္လ ၇ ရက္ေန႔မွာ ကေမာၻဒီးယားဘုရင္က ဝန္ႀကီးခ်ဳပ္အသစ္ ခန႔္အပ္သြားဖြယ္ရွိေနေၾကာင္း သိရပါတယ္။ ဟြန္မာနက္က ၎အေနနဲ႔ အနာဂတ္မွာ ႏိုင္ငံ နဲ႔ ျပည္သူေတြအတြက္ တာဝန္မ်ားကို အေကာင္းဆုံး ထမ္းေဆာင္သြားမွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းက သတင္းထုတ္ျပန္ထားပါတယ္။

ဇူလိုင္ ၂၃ ရက္ေန႔က က်င္းပခဲ့တဲ့ေ႐ြးေကာက္ပြဲမွာ အဓိကအတိုက္ခံပါတီကို ပါဝင္ယွဥ္ၿပိဳင္ခြင့္မေပးခဲ့တဲ့အတြက္ ကေမာၻဒီးယားအစိုးရအေပၚ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြက ေဝဖန္ျပစ္တင္ခဲ့ေပမယ့္ တ႐ုတ္ သမၼတ ခ်ီးက်ဴးေျပာၾကားခဲ့ပါတယ္။

အေမရိကန္အစိုးရကေတာ့ အတိုက္ခံပါတီကို ပါဝင္ခြင့္မေပးဘဲက်င္းပတဲ့ ကေမာၻဒီးယားေ႐ြးေကာက္ပြဲကို တုံ႔ျပန္မႈအျဖစ္ အကူအညီေပးမႈမ်ား ရပ္ဆိုင္းမွာျဖစ္သလို ဗီဇာကန႔္သတ္သြားမွာျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

Related news

© 2021. All rights reserved.