၂ဝ၂၇ ခုနှစ်တွင် ရွှေလီမြို့အထိတည်ဆောက်ပြီးစီးမည့် တရုတ်နိုင်ငံ၏ အမြန်ရထားလမ်းကွန်ရက်အား မြန်မာနိုင်ငံ၏ ရထားလမ်းကွန်ရက်နှင့် ချိတ်ဆက်နိုင်ရေးဆွေးနွေး

 1140

ယွန်း (NP News) - ဇူလိုင် ၂၇

လာမည့် ၂ဝ၂၇ ခုနှစ်တွင် ရွှေလီမြို့အထိတည်ဆောက်ပြီးစီးမည့် တရုတ်နိုင်ငံ၏ အမြန်ရထားလမ်းကွန်ရက်အား မြန်မာနိုင်ငံ၏ ရထားလမ်းကွန်ရက်နှင့် ချိတ်ဆက်နိုင်ရေး နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဇူလိုင်လ(၂၆) ရက်တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန၌ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တဲဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရ အုပ်ချုပ်ရေးမှူး Mr.Wei Gang ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ၏ အမြန်ရထားလမ်းကွန်ရက်သည် ၂ဝ၂၇ ခုနှစ်တွင် ရွှေလီမြို့အထိ တည်ဆောက်ပြီးစီးမည်ဖြစ် ကြောင်း သိရပြီး နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေးအတွက် မြန်မာနိုင်ငံ၏ရထားလမ်းကွန်ရက်များနှင့် ချိတ်ဆက်ရေးတို့ကို နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း သိရ သည်။

ထို့ပြင် တဲဟုန်ပြည်နယ်၊ မြို့တော်မန်စီနှင့် မန္တလေးခရီးစဥ်ကို Ruili Airline က တစ်ပတ်တစ်ကြိမ်ပြေးဆွဲမှုများကိုလည်း ဆွေးနွေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အလားတူ မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ရန်ကုန်-မန္တလေး-မန်စီ-မန္တလေး-ရန်ကုန်ခရီးစဥ်ကို တစ်ပတ် သုံးကြိမ်ပြေးဆွဲမှုအပြင် အလားအလာရှိသောမြို့များသို့ ခရီးသည်နှင့် ကုန်တင်လေယာဥ်များ တိုးချဲ့ပြေးဆွဲရေးကို လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှုများ လွယ်ကူချော့မွေ့စေရေးအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေး ထိုးရေးနှင့် တရုတ်နိုင်ငံ ထွက်ကုန်များကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ဖြတ်သန်းပို့ဆောင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း နစကမှ သိရသည်။

Zawgyi Version;
၂ဝ၂၇ ခုႏွစ္တြင္ ေ႐ႊလီၿမိဳ႕အထိတည္ေဆာက္ၿပီးစီးမည့္ တ႐ုတ္ႏိုင္ငံ၏ အျမန္ရထားလမ္းကြန္ရက္အား ျမန္မာႏိုင္ငံ၏ ရထားလမ္းကြန္ရက္ႏွင့္ ခ်ိတ္ဆက္ႏိုင္ေရးေဆြးေႏြး
ယြန္း (NP News) - ဇူလိုင္ ၂၇

လာမည့္ ၂ဝ၂၇ ခုႏွစ္တြင္ ေ႐ႊလီၿမိဳ႕အထိတည္ေဆာက္ၿပီးစီးမည့္ တ႐ုတ္ႏိုင္ငံ၏ အျမန္ရထားလမ္းကြန္ရက္အား ျမန္မာႏိုင္ငံ၏ ရထားလမ္းကြန္ရက္ႏွင့္ ခ်ိတ္ဆက္ႏိုင္ေရး ႏွစ္ႏိုင္ငံ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းသည္ ဇူလိုင္လ(၂၆) ရက္တြင္ ေနျပည္ေတာ္ရွိ ဝန္ႀကီးဌာန၌ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္၊ တဲဟုန္ျပည္နယ္ခြဲ ျပည္သူ႔အစိုးရ အုပ္ခ်ဳပ္ေရးမႉး Mr.Wei Gang ဦးေဆာင္ေသာအဖြဲ႕ႏွင့္ ေတြ႕ဆုံခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

တ႐ုတ္ႏိုင္ငံ၏ အျမန္ရထားလမ္းကြန္ရက္သည္ ၂ဝ၂၇ ခုႏွစ္တြင္ ေ႐ႊလီၿမိဳ႕အထိ တည္ေဆာက္ၿပီးစီးမည္ျဖစ္ ေၾကာင္း သိရၿပီး ႏွစ္ႏိုင္ငံကုန္သြယ္မႈ တိုးျမႇင့္ေရးအတြက္ ျမန္မာႏိုင္ငံ၏ရထားလမ္းကြန္ရက္မ်ားႏွင့္ ခ်ိတ္ဆက္ေရးတို႔ကို ႏွစ္ႏိုင္ငံေဆြးေႏြးခဲ့ေၾကာင္း သိရ သည္။

ထို႔ျပင္ တဲဟုန္ျပည္နယ္၊ ၿမိဳ႕ေတာ္မန္စီႏွင့္ မႏၲေလးခရီးစဥ္ကို Ruili Airline က တစ္ပတ္တစ္ႀကိမ္ေျပးဆြဲမႈမ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

အလားတူ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းမွ ရန္ကုန္-မႏၲေလး-မန္စီ-မႏၲေလး-ရန္ကုန္ခရီးစဥ္ကို တစ္ပတ္ သုံးႀကိမ္ေျပးဆြဲမႈအျပင္ အလားအလာရွိေသာၿမိဳ႕မ်ားသို႔ ခရီးသည္ႏွင့္ ကုန္တင္ေလယာဥ္မ်ား တိုးခ်ဲ႕ေျပးဆြဲေရးကို လည္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ႏွစ္ႏိုင္ငံ နယ္စပ္ျဖတ္ေက်ာ္ပို႔ေဆာင္မႈမ်ား လြယ္ကူေခ်ာ့ေမြ႕ေစေရးအတြက္ နားလည္မႈစာခြၽန္လႊာလက္မွတ္ေရး ထိုးေရးႏွင့္ တ႐ုတ္ႏိုင္ငံ ထြက္ကုန္မ်ားကို ရန္ကုန္ဆိပ္ကမ္းမွတစ္ဆင့္ ျဖတ္သန္းပို႔ေဆာင္ေရးတို႔ကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း နစကမွ သိရသည္။

Related news

© 2021. All rights reserved.