ဘိုကလေးမြို့၌ အမျိုးသားတစ်ဦး မိချောင်းဆွဲခံရမှုဖြစ်ပွား

4121
NP News - ဇူလိုင် ၂၇
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်း၌ ယနေ့ (ဇူလိုင်လ ၂၇ ရက်)၊ နံနက်ပိုင်းအချိန်က အမျိုးသားတစ်ဦး မိချောင်းဆွဲခံရမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံ လူမှုရေးကူညီရေးအဖွဲ့များထံမှ သိရသည်။
ယနေ့ နံနက် ၆ နာရီခန့်က ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သရော်ချောင်းကျေးရွာအုပ်စုရှိ ဘောဂဝတီကျေးရွာတွင် အမျိုးသားတစ်ဦး မိချောင်းဆွဲခံရခြင်းဖြစ်သည်။
"သူက ချောင်းမှာထောင်ထားတဲ့ ငါးဖမ်းပိုက်ကို သွားဖော်တဲ့အချိန် ဆွဲခံရတာ။ အခုထိတော့ ရှာမတွေ့သေးဘူး။ မြစ်ဝကျွန်းဆိုတော့ ချောင်းတွေမှာ မိချောင်းပေါတယ်"လို့ ဒေသခံတစ်ဦးက ပြောသည်။
မိချောင်းဆွဲခံခဲ့ရသူ အမျိုးသားသည် ဘောဂဝတီကျေးရွာနေ ဦးရဲနောင်(၃၅)နှစ်ဖြစ်ပြီး နှာကြီးချောင်းအတွင်း ထောင်ထားသည့် ငါးဖမ်းပိုက်ကို သွားဖော်နေစဉ်မိချောင်းဆွဲခံရခြင်းဖြစ်သည်။
ဦးရဲနောင်၏ ရုပ်အလောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများ ပူးပေါင်းရှာဖွေနေသော် လည်း ပြန်လည်တွေ့ရှိခြင်းမရှိသေးကြောင်းသိရသည်။
zawgyi version
ဘိုကေလးၿမိဳ႕၌ အမ်ိဳးသားတစ္ဦး မိေခ်ာင္းဆြဲခံရမႈျဖစ္ပြား
NP News - ဇူလိုင္ ၂၇
ဧရာဝတီတိုင္း၊ ဘိုကေလးၿမိဳ႕နယ္အတြင္း၌ ယေန႔ (ဇူလိုင္လ ၂၇ ရက္)၊ နံနက္ပိုင္းအခ်ိန္က အမ်ိဳးသားတစ္ဦး မိေခ်ာင္းဆြဲခံရမႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံ လူမႈေရးကူညီေရးအဖြဲ႕မ်ားထံမွ သိရသည္။
ယေန႔ နံနက္ ၆ နာရီခန႔္က ဖ်ာပုံခ႐ိုင္၊ ဘိုကေလးၿမိဳ႕နယ္၊ သေရာ္ေခ်ာင္းေက်း႐ြာအုပ္စုရွိ ေဘာဂဝတီေက်း႐ြာတြင္ အမ်ိဳးသားတစ္ဦး မိေခ်ာင္းဆြဲခံရျခင္းျဖစ္သည္။
"သူက ေခ်ာင္းမွာေထာင္ထားတဲ့ ငါးဖမ္းပိုက္ကို သြားေဖာ္တဲ့အခ်ိန္ ဆြဲခံရတာ။ အခုထိေတာ့ ရွာမေတြ႕ေသးဘူး။ ျမစ္ဝကြၽန္းဆိုေတာ့ ေခ်ာင္းေတြမွာ မိေခ်ာင္းေပါတယ္"လို႔ ေဒသခံတစ္ဦးက ေျပာသည္။
မိေခ်ာင္းဆြဲခံခဲ့ရသူ အမ်ိဳးသားသည္ ေဘာဂဝတီေက်း႐ြာေန ဦးရဲေနာင္(၃၅)ႏွစ္ျဖစ္ၿပီး ႏွာႀကီးေခ်ာင္းအတြင္း ေထာင္ထားသည့္ ငါးဖမ္းပိုက္ကို သြားေဖာ္ေနစဥ္မိေခ်ာင္းဆြဲခံရျခင္းျဖစ္သည္။
ဦးရဲေနာင္၏ ႐ုပ္အေလာင္းကို သက္ဆိုင္ရာ တာဝန္ရွိသူမ်ားႏွင့္ ေဒသခံမ်ား ပူးေပါင္းရွာေဖြေနေသာ္ လည္း ျပန္လည္ေတြ႕ရွိျခင္းမရွိေသးေၾကာင္းသိရသည္။