စင်ကာပူနိုင်ငံရဲ့ အထင်ကရနေရာတွေ ပါဝင်လာမယ့် Tom And Jerry စီးရီးသစ်

 1425

ရောင်နီ (NP News) - ဇူလိုင် ၂၈

ဆယ်စုနှစ်များစွာကြာ နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ Tom And Jerry ဆိုတဲ့ ကြောင်နဲ့ ကြွက် ကာတွန်း ဇာတ်လမ်းကို အခုအခါမှာတော့ အရင်ဇာတ်လမ်းတွေမှာ မြင်နေကျဖြစ်တဲ့ ဥရောပမြို့နေရာတွေနဲ့ မတူတော့ဘဲ စင်္ကာပူနိုင်ငံရဲ့ အထင်ကရနေရာတွေနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Tom နဲ့ Jerry စင်္ကာပူရဲ့ အထင်ကရဖြစ်တဲ့ Merlion ၊ Marina Bay Sands နဲ့ လမ်းမတွေမှာ ပြေးလွှားနေတဲ့ မြင်ကွင်းတွေကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ အဲဒီစီးရီးကို စင်္ကာပူအခြေစိုက် ကာတွန်းစတူဒီယိုနှစ်ခုဖြစ်တဲ့ Robot Playground Media နဲ့ Chips ၊Toon က ဇာတ်လမ်းနဲ့ ဒီဇိုင်းတွေ စီမံဆောင်ရွက်ပေးမှာဖြစ်ပြီး Aum Animation Studios နဲ့ Warner Bros Animation မှ ပူးပေါင်း ထုတ်လုပ်မှာဖြစ်ပါတယ်။

Warner Bros Discovery ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ကလေးကာတွန်း အကြောင်းအရာ အကြီးအကဲ မစ္စတာ ခရစ်စတိုဖာဟို က “ဒီစီးရီးက Hanna-Barbera 1950s ခေတ်က ဂန္တဝင်ကာတွန်းပုံစံကို ပြန်ယူဖန်တီးထားမှာ ဖြစ်ပြီး စင်ကာပူရဲ့ လှပတဲ့မြင်ကွင်းတွေ မြင်တွေ့ရမှာပါ" လို့ ပြောကြားခဲ့ပါတယ်။

"ထူးခြားတဲ့အထင်ကရနေရာများ၊ နောက်ခံအခင်းအကျင်းများနဲ့ Tom And Jerry ရဲ့ ဟာသနှောကာ ပေါင်းစပ် ဖန်တီးထားပြီး စင်္ကာပူနဲ့ အာရှတစ်ဝှမ်းရှိ ပြည်တွင်းမှ တီထွင်ဖန်တီးမှု စွမ်းရည်တွေ ပူးပေါင်း လုပ်ဆောင်ထားခြင်း ကြောင့် ဒီပရောဂျက်ဟာ ဒေသတွင်းနဲ့ အခြားနယ်ပယ်တွေမှာ လူကြိုက်များမှာပါ" လို့ ၎င်းက ဆိုပါတယ်။

အဆိုပါ ကာတွန်းဆီးရီးဟာ တစ်ပိုင်းကို ၃ မိနစ်စီနဲ့ အပိုင်း ခုနစ်ပိုင်းပိုင်း ပါရှိမှာဖြစ်ပြီး Cartoon Network နဲ့ အရှေ့တောင်အာရှ၊ ထိုင်ဝမ်၊ ဟောင်ကောင်နိုင်ငံတွေမှာ ၂ဝ၂၃ ခုနှစ်နှောင်းပိုင်းကစ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Zawgyi Version;
စင္ကာပူႏိုင္ငံရဲ႕ အထင္ကရေနရာေတြ ပါဝင္လာမယ့္ Tom And Jerry စီးရီးသစ္
ေရာင္နီ (NP News) - ဇူလိုင္ ၂၈

ဆယ္စုႏွစ္မ်ားစြာၾကာ နာမည္ေက်ာ္ၾကား လူႀကိဳက္မ်ားခဲ့တဲ့ Tom And Jerry ဆိုတဲ့ ေၾကာင္နဲ႔ ႂကြက္ ကာတြန္း ဇာတ္လမ္းကို အခုအခါမွာေတာ့ အရင္ဇာတ္လမ္းေတြမွာ ျမင္ေနက်ျဖစ္တဲ့ ဥေရာပၿမိဳ႕ေနရာေတြနဲ႔ မတူေတာ့ဘဲ စကၤာပူႏိုင္ငံရဲ႕ အထင္ကရေနရာေတြနဲ႔ ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။

Tom နဲ႔ Jerry စကၤာပူရဲ႕ အထင္ကရျဖစ္တဲ့ Merlion ၊ Marina Bay Sands နဲ႔ လမ္းမေတြမွာ ေျပးလႊားေနတဲ့ ျမင္ကြင္းေတြကို ျမင္ေတြ႕ရေတာ့မွာျဖစ္ပါတယ္။ အဲဒီစီးရီးကို စကၤာပူအေျခစိုက္ ကာတြန္းစတူဒီယိုႏွစ္ခုျဖစ္တဲ့ Robot Playground Media နဲ႔ Chips ၊Toon က ဇာတ္လမ္းနဲ႔ ဒီဇိုင္းေတြ စီမံေဆာင္႐ြက္ေပးမွာျဖစ္ၿပီး Aum Animation Studios နဲ႔ Warner Bros Animation မွ ပူးေပါင္း ထုတ္လုပ္မွာျဖစ္ပါတယ္။

Warner Bros Discovery ရဲ႕ အေရွ႕ေတာင္အာရွဆိုင္ရာ ကေလးကာတြန္း အေၾကာင္းအရာ အႀကီးအကဲ မစၥတာ ခရစ္စတိုဖာဟို က “ဒီစီးရီးက Hanna-Barbera 1950s ေခတ္က ဂႏၲဝင္ကာတြန္းပုံစံကို ျပန္ယူဖန္တီးထားမွာ ျဖစ္ၿပီး စင္ကာပူရဲ႕ လွပတဲ့ျမင္ကြင္းေတြ ျမင္ေတြ႕ရမွာပါ" လို႔ ေျပာၾကားခဲ့ပါတယ္။

"ထူးျခားတဲ့အထင္ကရေနရာမ်ား၊ ေနာက္ခံအခင္းအက်င္းမ်ားနဲ႔ Tom And Jerry ရဲ႕ ဟာသေႏွာကာ ေပါင္းစပ္ ဖန္တီးထားၿပီး စကၤာပူနဲ႔ အာရွတစ္ဝွမ္းရွိ ျပည္တြင္းမွ တီထြင္ဖန္တီးမႈ စြမ္းရည္ေတြ ပူးေပါင္း လုပ္ေဆာင္ထားျခင္း ေၾကာင့္ ဒီပေရာဂ်က္ဟာ ေဒသတြင္းနဲ႔ အျခားနယ္ပယ္ေတြမွာ လူႀကိဳက္မ်ားမွာပါ" လို႔ ၎က ဆိုပါတယ္။

အဆိုပါ ကာတြန္းဆီးရီးဟာ တစ္ပိုင္းကို ၃ မိနစ္စီနဲ႔ အပိုင္း ခုနစ္ပိုင္းပိုင္း ပါရွိမွာျဖစ္ၿပီး Cartoon Network နဲ႔ အေရွ႕ေတာင္အာရွ၊ ထိုင္ဝမ္၊ ေဟာင္ေကာင္ႏိုင္ငံေတြမွာ ၂ဝ၂၃ ခုႏွစ္ေႏွာင္းပိုင္းကစ ထုတ္လႊင့္ျပသမွာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.