လေယာဉ်စရိတ်သက်သာသော မြန်မာနိုင်ငံကို ပွင့်လင်းရာသီတွင် ထိုင်းခရီးသွားများ အများဆုံးလာရောက်နိုင်ဟု ခန့်မှန်း

717

NP News ဇူလိုင် ၂၈
လာမည့် ခရီးသွားရာသီ၌ လေယာဉ်စရိတ်သက်သာစွာဖြင့်လည်ပတ်နိုင်မည့် မြန်မာနိုင်ငံကိုထိုင်းခရီးသွား အများဆုံးဝင်ရောက်လာနိုင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
မြန်မာနှင့် ဘန်ကောက်အကြား လေကြောင်းလိုင်းများပြားသည့်အပြင် လေယာဉ်လက်မှတ်ခ ကုန်ကျစရိတ် သက်သာသောကြောင့် ထိုင်းခရီးသွားတွေအများဆုံး လာရောက်လည်ပတ်နိုင်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားသည်။
“မြန်မာနဲ့ ဘန်ကောက်ကြားမှာ လေယာဉ်ကြောင်းလိုင်းပျံသန်းမှုတွေဟာ တစ်နေ့ကို (၇)ကြောင်း၊ (၈)ကြောင်း လောက်ရှိတဲ့အတွက် ပွင့်လင်းရာသီမှာ ထိုင်းခရီးသွားတွေ အများဆုံးဝင်ရောက်လာနိုင်တယ်” လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
ထိုင်းခရီးသွားတွေအပြင် တရုတ်ခရီးသွားများက ဒုတိယအများဆုံးနဲ့ ရုရှားခရီးသွားတွေဟာ တတိယအများဆုံး မြန်မာပြည်ကို ဝင်ရောက်လာနိုင်ကြောင်း သိရသည်။
မိုးရာသီအတွင်း ဟိုတယ်နဲ့ လေယာဉ်ခများ ဈေးလျှော့ပေးနေသည့်အပြင် အခုမိုးကာလမှာ ထိုင်းခရီးသွားများ အတွက် အသွားအပြန်လေယာဉ်လက်မှတ်ခအမေရိကန်ဒေါ်လာ (၁၅ဝ)လောက်သာ ကုန်ကျတာကြောင့် ထိုင်းခရီးသွားတွေ ပြည်တွင်းကို အများဆုံးဝင်ရောက်နေကြောင်း သိရသည်။

Zawgyi Version;
ေလယာဥ္စရိတ္သက္သာေသာ ျမန္မာႏိုင္ငံကို ပြင့္လင္းရာသီတြင္ ထိုင္းခရီးသြားမ်ား အမ်ားဆုံးလာေရာက္ႏိုင္ဟု ခန႔္မွန္း
NP News ဇူလိုင္ ၂၈
လာမည့္ ခရီးသြားရာသီ၌ ေလယာဥ္စရိတ္သက္သာစြာျဖင့္လည္ပတ္ႏိုင္မည့္ ျမန္မာႏိုင္ငံကိုထိုင္းခရီးသြား အမ်ားဆုံးဝင္ေရာက္လာႏိုင္တယ္လို႔ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္းမွ သိရပါတယ္။
ျမန္မာႏွင့္ ဘန္ေကာက္အၾကား ေလေၾကာင္းလိုင္းမ်ားျပားသည့္အျပင္ ေလယာဥ္လက္မွတ္ခ ကုန္က်စရိတ္ သက္သာေသာေၾကာင့္ ထိုင္းခရီးသြားေတြအမ်ားဆုံး လာေရာက္လည္ပတ္ႏိုင္ေၾကာင္း ျမန္မာႏိုင္ငံခရီးသြား လုပ္ငန္းရွင္မ်ားအသင္းက ခန႔္မွန္းထားသည္။
“ျမန္မာနဲ႔ ဘန္ေကာက္ၾကားမွာ ေလယာဥ္ေၾကာင္းလိုင္းပ်ံသန္းမႈေတြဟာ တစ္ေန႔ကို (၇)ေၾကာင္း၊ (၈)ေၾကာင္း ေလာက္ရွိတဲ့အတြက္ ပြင့္လင္းရာသီမွာ ထိုင္းခရီးသြားေတြ အမ်ားဆုံးဝင္ေရာက္လာႏိုင္တယ္” လို႔ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးေနာင္းေနာင္းဟန္က ေျပာသည္။
ထိုင္းခရီးသြားေတြအျပင္ တ႐ုတ္ခရီးသြားမ်ားက ဒုတိယအမ်ားဆုံးနဲ႔ ႐ုရွားခရီးသြားေတြဟာ တတိယအမ်ားဆုံး ျမန္မာျပည္ကို ဝင္ေရာက္လာႏိုင္ေၾကာင္း သိရသည္။
မိုးရာသီအတြင္း ဟိုတယ္နဲ႔ ေလယာဥ္ခမ်ား ေဈးေလွ်ာ့ေပးေနသည့္အျပင္ အခုမိုးကာလမွာ ထိုင္းခရီးသြားမ်ား အတြက္ အသြားအျပန္ေလယာဥ္လက္မွတ္ခအေမရိကန္ေဒၚလာ (၁၅ဝ)ေလာက္သာ ကုန္က်တာေၾကာင့္ ထိုင္းခရီးသြားေတြ ျပည္တြင္းကို အမ်ားဆုံးဝင္ေရာက္ေနေၾကာင္း သိရသည္။