ဘိုကလေးမြို့နယ်တွင် ပိုက်ဆွဲသွားရာမှ မိချောင်းဆွဲခံရသူ၏ရုပ်အလောင်း ပြန်လည်တွေ့ရှိ

1527

ဘိုကလေး (NP News) - ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သရော်ချောင်းကျေးရွာအုပ်စု၊ ဘောဂဝတီ ကျေးရွာတွင် နေထိုင်သော အသက်(၃၅)နှစ်အရွယ်ရှိ ရေလုပ်ငန်းလုပ်ကိုင်သူ ကိုရဲနိုင်သည် ဇူလိုင်လ(၂၇)ရက် နံနက်ပိုင်း၌ ယမန်နေ့က ဘောဂဝတီချောင်းအတွင်း ထောင်ထားသော ပိုက်ချက်များ ပြန်လည်ဖော်ရန်နှင့် ပိုက်ဆွဲရန် လှေဖြင့် သွားရာမှ မိချောင်း ဆွဲခံခဲ့ရကြောင်း သိရသည်။
မိချောင်းဆွဲသွားကြောင်း ကိုရဲနိုင်၏ ဇနီးဖြစ်သူမှ သရော်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ ဆက်သွယ် ပြောဆိုလာသဖြင့် အုပ်ချုပ်ရေးမှူးမှတစ်ဆင့် တာဝန်ရှိသူများထံဆက်သွယ် အကြောင်းကြားခဲ့ကြောင်း၊ တာဝန်ရှိ သူများကလည်း သရော်ချောင်းကျေးရွာအုပ်စု၊ ဘောဂဝတီကျေးရွာသို့ ထွက်ခွာသွားခဲ့ပြီး မိကျောင်းဆွဲခံရသူ၏ အလောင်းအား ကျေးရွာတာဝန်ရှိသူများ၊ ဒေသခံရေလုပ်သားများနှင့်အတူရှာဖွေခဲ့ရာ ဇူလိုင်(၂၇)ရက် နေ့လည်(၂) နာရီခန့်တွင် ဘိုကလေးမြို့၊ နှာကြီးချောင်းအဝ၌ အလောင်းအားတွေ့ရှိရသဖြင့် သက်သေများနှင့်အတူ စစ်ဆေးရာ ဝဲလည်ပင်း ပေါက်ပြဲဒဏ်ရာ၊ ယာလက်မောင်း ပေါက်ပြဲဒဏ်ရာ၊ နောက်ကျောဝဲ/ယာ ပုခုံးတို့တွင် ပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရ၍ သေဆုံးသူအား ကဒုံကနိတိုက်နယ်ဆေးရုံသို့ ရဲဆေးစာဖြင့် ပေးပို့ခဲ့ ရာ PR အမှတ်စဉ် ၁ဝ/၂ဝ၂၃ ဖြင့် ဒေါက်တာစောကျော်ဇင်သိန်းမှ လက်ခံစစ်ဆေးခဲ့ကြောင်း နှင့် ကြိမ်ချောင်းကြီး နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၃/၂ဝ၂၃)ဖြင့် သေမှုသေခင်းရေးဖွင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိချောင်းဆွဲခံရ၍ သေဆုံးသူအတွက် ကူညီထောက်ပံ့နိုင်ရေး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အမြန်ဆုံးကူညီထောက်ပံ့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဘိုကေလးၿမိဳ႕နယ္တြင္ ပိုက္ဆြဲသြားရာမွ မိေခ်ာင္းဆြဲခံရသူ၏႐ုပ္အေလာင္း ျပန္လည္ေတြ႕ရွိ
ဘိုကေလး (NP News) - ဇူလိုင္ ၂၈
ဧရာဝတီတိုင္းေဒသႀကီး၊ ဖ်ာပုံခ႐ိုင္၊ ဘိုကေလးၿမိဳ႕နယ္၊ သေရာ္ေခ်ာင္းေက်း႐ြာအုပ္စု၊ ေဘာဂဝတီ ေက်း႐ြာတြင္ ေနထိုင္ေသာ အသက္(၃၅)ႏွစ္အ႐ြယ္ရွိ ေရလုပ္ငန္းလုပ္ကိုင္သူ ကိုရဲႏိုင္သည္ ဇူလိုင္လ(၂၇)ရက္ နံနက္ပိုင္း၌ ယမန္ေန႔က ေဘာဂဝတီေခ်ာင္းအတြင္း ေထာင္ထားေသာ ပိုက္ခ်က္မ်ား ျပန္လည္ေဖာ္ရန္ႏွင့္ ပိုက္ဆြဲရန္ ေလွျဖင့္ သြားရာမွ မိေခ်ာင္း ဆြဲခံခဲ့ရေၾကာင္း သိရသည္။
မိေခ်ာင္းဆြဲသြားေၾကာင္း ကိုရဲႏိုင္၏ ဇနီးျဖစ္သူမွ သေရာ္ေခ်ာင္းေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးထံ ဆက္သြယ္ ေျပာဆိုလာသျဖင့္ အုပ္ခ်ဳပ္ေရးမႉးမွတစ္ဆင့္ တာဝန္ရွိသူမ်ားထံဆက္သြယ္ အေၾကာင္းၾကားခဲ့ေၾကာင္း၊ တာဝန္ရွိ သူမ်ားကလည္း သေရာ္ေခ်ာင္းေက်း႐ြာအုပ္စု၊ ေဘာဂဝတီေက်း႐ြာသို႔ ထြက္ခြာသြားခဲ့ၿပီး မိေက်ာင္းဆြဲခံရသူ၏ အေလာင္းအား ေက်း႐ြာတာဝန္ရွိသူမ်ား၊ ေဒသခံေရလုပ္သားမ်ားႏွင့္အတူရွာေဖြခဲ့ရာ ဇူလိုင္(၂၇)ရက္ ေန႔လည္(၂) နာရီခန႔္တြင္ ဘိုကေလးၿမိဳ႕၊ ႏွာႀကီးေခ်ာင္းအဝ၌ အေလာင္းအားေတြ႕ရွိရသျဖင့္ သက္ေသမ်ားႏွင့္အတူ စစ္ေဆးရာ ဝဲလည္ပင္း ေပါက္ၿပဲဒဏ္ရာ၊ ယာလက္ေမာင္း ေပါက္ၿပဲဒဏ္ရာ၊ ေနာက္ေက်ာဝဲ/ယာ ပုခုံးတို႔တြင္ ေပါက္ၿပဲ ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကိုေတြ႕ရွိရ၍ ေသဆုံးသူအား ကဒုံကနိတိုက္နယ္ေဆး႐ုံသို႔ ရဲေဆးစာျဖင့္ ေပးပို႔ခဲ့ ရာ PR အမွတ္စဥ္ ၁ဝ/၂ဝ၂၃ ျဖင့္ ေဒါက္တာေစာေက်ာ္ဇင္သိန္းမွ လက္ခံစစ္ေဆးခဲ့ေၾကာင္း ႏွင့္ ႀကိမ္ေခ်ာင္းႀကီး နယ္ေျမရဲစခန္းမွ ေသမႈေသခင္း အမွတ္စဥ္(၃/၂ဝ၂၃)ျဖင့္ ေသမႈေသခင္းေရးဖြင့္ေဆာင္႐ြက္ခဲ့ေၾကာင္းသိရသည္။
မိေခ်ာင္းဆြဲခံရ၍ ေသဆုံးသူအတြက္ ကူညီေထာက္ပံ့ႏိုင္ေရး ၿမိဳ႕နယ္ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာန အေနျဖင့္ စီစဥ္ေဆာင္႐ြက္လ်က္ရွိၿပီး အျမန္ဆုံးကူညီေထာက္ပံ့ႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။