ထိုင်း-မြန်မာ ငွေလဲဈေးကွက်အတွင်း ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေ

8652
NP News - ဩဂုတ် ၂
ထိုင်း-မြန်မာ ငွေလဲဈေးကွက်အတွင်း မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

ယနေ့(ဩဂုတ်လ ၂ ရက်)၊ နံနက်ပိုင်း ထိုင်း-မြန်မာ ငွေလဲဈေးနှုန်းသည် မြန်မာကျပ်ငွေ တစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၁၀၆၅ ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင် မြန်မာငွေ ၈၈ဝဝဝ ဝန်းကျင်သာရှိခဲ့သည့်အတွက် နှိုင်းယှဉ်ပါက ငွေကျပ် ၁၂၀၀၀ မြင့်တက်လာပြီး မြန်မာငွေတန်ဖိုးကျဆင်းလာကြောင်း မြဝတီနယ်စပ် ထိုင်း-မြန်မာ ငွေလဲ၊ငွေထုတ်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
"အခုရက်ပိုင်းထဲမှာ တော်တော်ကျသွားတယ်ပေါ့။ ဇူလိုင်လ ၅ရက်ကဆိုရင် ထိုင်းဘတ် ၁၂၀၀ ကို မြန်မာငွေတစ်သိန်းနီးပါးရတယ်။ အခုကျ ထိုင်းဘတ် ၁၀၅၅ ဘတ်ကို ၁သိန်းပဲရတော့တာ”ဟု ၎င်းက ပြောသည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်တွင် ငွေလဲနှုန်းသည် မြန်မာကျပ်ငွေ တစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၁၄၆၀ ရရှိခဲ့ကြောင်းသိရသည်။
"အရင်နှစ်ကဆို မြန်မာငွေဈေးရတာပေါ့။ အခုနှစ်နဲ့ဆို ထိုင်းဘတ် ၄၀၀ ကျော်ဟသွားတော့ ဘတ် ၁၀၀ကို မြန်မာငွေ ၈၀၀၀ ကျော်လောက် နစ်နာသွားတာပေါ့။ ဒါက ထိုင်းမှာဖြစ်နေကျပါပဲ။ ၈လပိုင်းရောက်ရင် မိုးတွင်းရောက်ပြီဆိုတော့ ကုန်သွယ်မှုတွေ နားတာရော၊ အခုမြန်မာဘက်က ၂၀၀၀၀ တန်ထုတ်မယ်ဆိုတာရောကြောင့် မြန်မာငွေတန်ဖိုးကျလာတာတွေ့ရတယ်"ဟု မြဝတီမြို့ခံကုန်သည်တစ်ဦးက ပြောသည်။
မြန်မာကျပ်ငွေ တန်ဖိုးဆက်တိုက်ကျဆင်းနေနိုင်ပြီး ဩဂုတ်လ ဒုတိယအပတ်အတွင်း မြန်မာငွေကျပ် ၁ သိန်းလျှင် ထိုင်းဘတ် ၈၀၀ ကျော်အထိ ဖြစ်လာနိုင်ကြောင်း ထိုင်း-မြန်မာ ငွေလဲ၊ ငွေထုတ်လုပ်ငန်း လုပ်ကိုင်နေသူအချို့က ခန့်မှန်းထားကြသည်။
zawgyi version
ထိုင္း-ျမန္မာ ေငြလဲေဈးကြက္အတြင္း က်ပ္ေငြတန္ဖိုး ဆက္တိုက္က်ဆင္းေန
NP News - ဩဂုတ္ ၂
ထိုင္း-ျမန္မာ ေငြလဲေဈးကြက္အတြင္း ျမန္မာက်ပ္ေငြတန္ဖိုး ဆက္တိုက္က်ဆင္းေနေၾကာင္း နယ္စပ္ကုန္သည္မ်ားထံမွ သိရသည္။
ယေန႔(ဩဂုတ္လ ၂ ရက္)၊ နံနက္ပိုင္း ထိုင္း-ျမန္မာ ေငြလဲေဈးႏႈန္းသည္ ျမန္မာက်ပ္ေငြ တစ္သိန္းလွ်င္ ထိုင္းဘတ္ေငြ ၁၀၆၅ ျဖစ္ၿပီး ၿပီးခဲ့သည့္ ဇူလိုင္လဆန္းပိုင္းတြင္ ျမန္မာေငြ ၈၈ဝဝဝ ဝန္းက်င္သာရွိခဲ့သည့္အတြက္ ႏႈိင္းယွဥ္ပါက ေငြက်ပ္ ၁၂၀၀၀ ျမင့္တက္လာၿပီး ျမန္မာေငြတန္ဖိုးက်ဆင္းလာေၾကာင္း ျမဝတီနယ္စပ္ ထိုင္း-ျမန္မာ ေငြလဲ၊ေငြထုတ္လုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးက ေျပာသည္။
"အခုရက္ပိုင္းထဲမွာ ေတာ္ေတာ္က်သြားတယ္ေပါ့။ ဇူလိုင္လ ၅ရက္ကဆိုရင္ ထိုင္းဘတ္ ၁၂၀၀ ကို ျမန္မာေငြတစ္သိန္းနီးပါးရတယ္။ အခုက် ထိုင္းဘတ္ ၁၀၅၅ ဘတ္ကို ၁သိန္းပဲရေတာ့တာ”ဟု ၎က ေျပာသည္။
၂၀၂၂ ခုႏွစ္၊ ဇူလိုင္လ ၃၀ ရက္တြင္ ေငြလဲႏႈန္းသည္ ျမန္မာက်ပ္ေငြ တစ္သိန္းလွ်င္ ထိုင္းဘတ္ေငြ ၁၄၆၀ ရရွိခဲ့ေၾကာင္းသိရသည္။
"အရင္ႏွစ္ကဆို ျမန္မာေငြေဈးရတာေပါ့။ အခုႏွစ္နဲ႔ဆို ထိုင္းဘတ္ ၄၀၀ ေက်ာ္ဟသြားေတာ့ ဘတ္ ၁၀၀ကို ျမန္မာေငြ ၈၀၀၀ ေက်ာ္ေလာက္ နစ္နာသြားတာေပါ့။ ဒါက ထိုင္းမွာျဖစ္ေနက်ပါပဲ။ ၈လပိုင္းေရာက္ရင္ မိုးတြင္းေရာက္ၿပီဆိုေတာ့ ကုန္သြယ္မႈေတြ နားတာေရာ၊ အခုျမန္မာဘက္က ၂၀၀၀၀ တန္ထုတ္မယ္ဆိုတာေရာေၾကာင့္ ျမန္မာေငြတန္ဖိုးက်လာတာေတြ႕ရတယ္"ဟု ျမဝတီၿမိဳ႕ခံကုန္သည္တစ္ဦးက ေျပာသည္။
ျမန္မာက်ပ္ေငြ တန္ဖိုးဆက္တိုက္က်ဆင္းေနႏိုင္ၿပီး ဩဂုတ္လ ဒုတိယအပတ္အတြင္း ျမန္မာေငြက်ပ္ ၁ သိန္းလွ်င္ ထိုင္းဘတ္ ၈၀၀ ေက်ာ္အထိ ျဖစ္လာႏိုင္ေၾကာင္း ထိုင္း-ျမန္မာ ေငြလဲ၊ ေငြထုတ္လုပ္ငန္း လုပ္ကိုင္ေနသူအခ်ိဳ႕က ခန႔္မွန္းထားၾကသည္။