ရန်ကုန်မြို့ရှိ အလှပြင်ဆိုင်တစ်ခု၌ ဝန်ထမ်းများကို လက်နက်ပြခြိမ်းခြောက်ကာ ကြိုးတုတ်ပြီးနောက် ဖုန်းလုယက်မှုဖြစ်ပွား

1486
NP News - သြဂုတ် ၃
ရန်ကုန်မြို့ရှိ အလှပြင်ဆိုင်တစ်ခု၌ ဝန်ထမ်းများကို လက်နက်ပြခြိမ်းခြောက်ကာ ကြိုးတုတ်ပြီးနောက် ဖုန်းလုယက်သွားမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(သြဂုတ်လ ၃ ရက်)၊ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ (၁၃)ရပ်ကွက်၊ သစ္စာလမ်းရှိ The Skin Studio အလှပြင်ဆိုင်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NP News ကို ပြောသည်။
လက်ရှိတွင် စိစစ်နေဆဲဖြစ်သော အမျိုးသားတစ်ဦးသည် အလှပြင်ဆိုင်အတွင်းသို့ ဝင်ရောက်လာကာ သေနတ်အတိုတစ်လက်ဖြင့် ခြိမ်းခြောက်ပြီးနောက် ဆိုင်ဝန်ထမ်းအမျိုးသမီး(၄)ဦးကို ကြိုးတုတ်ကာ ပါးစပ်တို့အား တိပ်ဖြင့် ပိတ်ခဲ့ကြောင်း သိရသည်။
“ဖြစ်စဉ်က မှန်ပါတယ်။ ရန်ကင်း (၁၃)ရပ်ကွက် အမကကျောင်းရှေ့က အလှပြင်ဆိုင်မှာ ဖြစ်သွားတာပါ။ ကောင်မလေးတွေကို သေနတ်အတိုပြ ခြိမ်းခြောက်ပြီး ကြိုးတုတ်ပြီးတော့ ဖုန်း(၃)လုံးကို လုသွားတာပါ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
ထို့နောက် အထက်ပါအမျိုးသားသည် ဆိုင်းအတွင်းရှိ ငွေကြေးအချို့နှင့် ဖုန်း(၃)လုံးကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် လုယက်မှုကျူးလွန်သော အမျိုး သားအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
zawgyi version
ရန္ကုန္ၿမိဳ႕ရွိ အလွျပင္ဆိုင္တစ္ခု၌ ဝန္ထမ္းမ်ားကို လက္နက္ျပၿခိမ္းေျခာက္ကာ ႀကိဳးတုတ္ၿပီးေနာက္ ဖုန္းလုယက္မႈျဖစ္ပြား
NP News - ၾသဂုတ္ ၃
ရန္ကုန္ၿမိဳ႕ရွိ အလွျပင္ဆိုင္တစ္ခု၌ ဝန္ထမ္းမ်ားကို လက္နက္ျပၿခိမ္းေျခာက္ကာ ႀကိဳးတုတ္ၿပီးေနာက္ ဖုန္းလုယက္သြားမႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ၾသဂုတ္လ ၃ ရက္)၊ ေန႔လည္ ၁၂ နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္တိုင္း၊ ရန္ကင္းၿမိဳ႕နယ္၊ (၁၃)ရပ္ကြက္၊ သစၥာလမ္းရွိ The Skin Studio အလွျပင္ဆိုင္၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက NP News ကို ေျပာသည္။
လက္ရွိတြင္ စိစစ္ေနဆဲျဖစ္ေသာ အမ်ိဳးသားတစ္ဦးသည္ အလွျပင္ဆိုင္အတြင္းသို႔ ဝင္ေရာက္လာကာ ေသနတ္အတိုတစ္လက္ျဖင့္ ၿခိမ္းေျခာက္ၿပီးေနာက္ ဆိုင္ဝန္ထမ္းအမ်ိဳးသမီး(၄)ဦးကို ႀကိဳးတုတ္ကာ ပါးစပ္တို႔အား တိပ္ျဖင့္ ပိတ္ခဲ့ေၾကာင္း သိရသည္။
“ျဖစ္စဥ္က မွန္ပါတယ္။ ရန္ကင္း (၁၃)ရပ္ကြက္ အမကေက်ာင္းေရွ႕က အလွျပင္ဆိုင္မွာ ျဖစ္သြားတာပါ။ ေကာင္မေလးေတြကို ေသနတ္အတိုျပ ၿခိမ္းေျခာက္ၿပီး ႀကိဳးတုတ္ၿပီးေတာ့ ဖုန္း(၃)လုံးကို လုသြားတာပါ”ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူက ေျပာသည္။
ထို႔ေနာက္ အထက္ပါအမ်ိဳးသားသည္ ဆိုင္းအတြင္းရွိ ေငြေၾကးအခ်ိဳ႕ႏွင့္ ဖုန္း(၃)လုံးကို လုယက္ယူေဆာင္သြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕ဝင္မ်ားအေနျဖင့္ လုယက္မႈက်ဴးလြန္ေသာ အမ်ိဳး သားအား ဖမ္းဆီးရမိေရးအတြက္ ပိတ္ဆို႔ရွာေဖြမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သတင္းရရွိသည္။