မော်လမြိုင်မြို့မှ နှစ်ပေါင်း(၁၀၀)ကျော်သက်တမ်းရှိ အထက(၉)အခြေခံပညာအထက်တန်း ကျောင်း၌ မီးလောင်မှုဖြစ်ပွား

 1187

သန့်ဇင် (NP News) - ဩဂုတ် ၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နှစ်ပေါင်း(၁၀၀)ကျော်သက်တမ်းရှိ အထက(၉)အခြေခံပညာအထက်တန်းကျောင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အေးမြကြည်လင်လူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါဖြစ်စဉ်သည် ယနေ့ (ဩဂုတ်လ ၄ ရက်)၊ နံနက် အစောပိုင်း ၀ နာရီ ၄၀မိနစ်ခန့်တွင် မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အထက(၉)အခြေခံပညာအထက်တန်းကျောင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဘယ်လိုဖြစ်ပြီးလောင်လဲတော့မသိဘူး စစ်ဆေးနေတုန်းပါ။ စလောင်တာကတော့ ကျောင်း အုပ်ကြီး ရုံးခန်းကစလောင်တယ်လို့ပြောတယ်”ဟု အေးမြကြည်လင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

မီးလောင်ခဲ့သောကျောင်းသည် နှစ်ပေါင်း(၁၀၀)ကျော်သက်တမ်းရှိပြီး အဆိုပါမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့ကြောင်း သိရသည်။

“ကျောင်းက နှစ်(၁၀၀)သက်တမ်းရှိပြီလို့ပြောကြတယ်ဗျ။ ကျောင်းက နှစ်ထပ်ဆောင်ရယ် သုံးထပ်ဆောင် အပေါ်ပိုင်းရယ်ပါသွားတယ်ဗျ။ စာသင်ခန်းက(၁၂)ခန်း၊ ရုံးခန်းက(၁)ခန်း၊စာရေးရုံးအဖွဲ့နားနေခန်းက(၁)ခန်းရယ်။ ဆရာ/ဆရာမ နားနေခန်းက(၁)ခန်းရယ် ပါသွားတာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါကျောင်းမီးလောင်မှုအား မီးသတ်တပ်ဖွဲ့နှင့် အခြားသောအသင်းအဖွဲ့များမှ Level 4 အဆင့်ဖြင့် ၄ နာရီခန့်ကြာမီးငြှိမ်းသတ်ခဲ့ရပြီး ဆောင်ရွက်နေစဉ် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး လက်ကွဲဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မီးလောင်ခဲ့သောကျောင်းအား ခေတ္တယာယီပိတ်ထားရပြီး ကျောင်းပြန်ဖွင့်မည့်ရက်အား ပြန်လည်အသိပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

zawgyi version
ေမာ္လၿမိဳင္ၿမိဳ႕မွ ႏွစ္ေပါင္း(၁၀၀)ေက်ာ္သက္တမ္းရွိ အထက(၉)အေျခခံပညာအထက္တန္း ေက်ာင္း၌ မီးေလာင္မႈျဖစ္ပြား

သန႔္ဇင္ (NP News) - ဩဂုတ္ ၄

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ရွိ ႏွစ္ေပါင္း(၁၀၀)ေက်ာ္သက္တမ္းရွိ အထက(၉)အေျခခံပညာအထက္တန္းေက်ာင္း၌ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ေအးျမၾကည္လင္လူမႈကူညီေရးအသင္းထံမွ သိရသည္။

အဆိုပါျဖစ္စဥ္သည္ ယေန႔ (ဩဂုတ္လ ၄ ရက္)၊ နံနက္ အေစာပိုင္း ၀ နာရီ ၄၀မိနစ္ခန႔္တြင္ ေမာ္လၿမိဳင္ၿမိဳ႕၊ ပန္းဘဲတန္းရပ္ကြက္ရွိ အထက(၉)အေျခခံပညာအထက္တန္းေက်ာင္း၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ဘယ္လိုျဖစ္ၿပီးေလာင္လဲေတာ့မသိဘူး စစ္ေဆးေနတုန္းပါ။ စေလာင္တာကေတာ့ ေက်ာင္း အုပ္ႀကီး ႐ုံးခန္းကစေလာင္တယ္လို႔ေျပာတယ္”ဟု ေအးျမၾကည္လင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

မီးေလာင္ခဲ့ေသာေက်ာင္းသည္ ႏွစ္ေပါင္း(၁၀၀)ေက်ာ္သက္တမ္းရွိၿပီး အဆိုပါမီးေလာင္မႈေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ားစြာရွိခဲ့ေၾကာင္း သိရသည္။

“ေက်ာင္းက ႏွစ္(၁၀၀)သက္တမ္းရွိၿပီလို႔ေျပာၾကတယ္ဗ်။ ေက်ာင္းက ႏွစ္ထပ္ေဆာင္ရယ္ သုံးထပ္ေဆာင္ အေပၚပိုင္းရယ္ပါသြားတယ္ဗ်။ စာသင္ခန္းက(၁၂)ခန္း၊ ႐ုံးခန္းက(၁)ခန္း၊စာေရး႐ုံးအဖြဲ႕နားေနခန္းက(၁)ခန္းရယ္။ ဆရာ/ဆရာမ နားေနခန္းက(၁)ခန္းရယ္ ပါသြားတာပါ”ဟု ၎က ဆက္လက္ေျပာသည္။

အဆိုပါေက်ာင္းမီးေလာင္မႈအား မီးသတ္တပ္ဖြဲ႕ႏွင့္ အျခားေသာအသင္းအဖြဲ႕မ်ားမွ Level 4 အဆင့္ျဖင့္ ၄ နာရီခန႔္ၾကာမီးျငႇိမ္းသတ္ခဲ့ရၿပီး ေဆာင္႐ြက္ေနစဥ္ မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦး လက္ကြဲဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ မီးေလာင္ခဲ့ေသာေက်ာင္းအား ေခတၱယာယီပိတ္ထားရၿပီး ေက်ာင္းျပန္ဖြင့္မည့္ရက္အား ျပန္လည္အသိေပးသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.