ထိုင်းနိုင်ငံ၌ကျင်းပမည့် Continental Futsal Championship 2023 ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

440
ရဲပြည့် (NP News) - ဩဂုတ် ၇
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် Continental Futsal Championship 2023 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း MFF Futsal ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါပြိုင်ပွဲကို ယနေ့ (ဩဂုတ်လ ၇ ရက်)တွင် စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး စုစုပေါင်းအသင်း(၆)သင်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပါဝင်ယှဉ်ပြိုင်မည့် အသင်းများအနေဖြင့် ချက်အသင်း (ကမ္ဘာ့အဆင့် ၂၁) ၊ ထိုင်းအသင်း (ကမ္ဘာ့အဆင့် ၂၆) ၊ ဆော်လမွန်ကျွန်းစုနိုင်ငံအသင်း (ကမ္ဘာ့အဆင့် ၅၃) ၊ မိုဇမ်ဘစ်အသင်း (ကမ္ဘာ့အဆင့် ၇၄) ၊ မြန်မာအသင်း (ကမ္ဘာ့အဆင့် ၈၃) ၊ အာဇဂန်နစ္စတန်အသင်း (ကမ္ဘာ့အဆင့် ၉၄) တို့ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြ Mr. Bunlert Charoenwong က "ဒီပြိုင်ပွဲက မြန်မာအသင်းအတွက် ကောင်းမွန်ပြီး အာရှခြေစစ်ပွဲအတွက် အကျိုးရှိမယ့် ပြိုင်ပွဲတစ်ခုပါ။ ဒီပြိုင်ပွဲမှာ ကစားသမားအားလုံးကို ကျွန်တော်စမ်းသပ်အသုံးပြုမှာပါ။ ပြိုင်ပွဲရလဒ်နဲ့ပတ်သက်ပြီး စိုးရိမ်ဖို့မလိုပါဘူး။ ဒီပြိုင်ပွဲကနေ အမှားတွေကို ရှာဖွေပြီး အာရှခြေစစ်ပွဲအတွက် ပြင်ဆင်သွားပါမယ်။ ကစားသမားတွေကလည်း ကျွန် တော်သင်ကြားပေးထားတဲ့ နည်းစနစ်တွေကို လိုက်နာနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဩဂုတ်လ ၅ ရက်၊ နံနက်ပိုင်းက ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ကစားသမား ၁၈ဦး ၊ အုပ်ချုပ်၊ နည်းပြ အဖွဲ့ဝင် ၁၀ ဦးတို့ပါဝင်ကြောင်း သိရသည်။
Continental Futsal Championship 2023 ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များအဖြစ် မြန်မာဖူဆယ်အသင်းသည် ယနေ့ (ဩဂုတ်လ ၇ ရက်)တွင် ထိုင်းအသင်းနှင့်လည်းကောင်း၊ ဩဂုတ်လ ၈ ရက်တွင် ဆော်လမွန်ကျွန်းစု အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ထိုင္းႏိုင္ငံ၌က်င္းပမည့္ Continental Futsal Championship 2023 ဖူဆယ္ေဘာလုံးၿပိဳင္ပြဲကို ျမန္မာ့လက္ေ႐ြးစင္ ဖူဆယ္အသင္း ဝင္ေရာက္ယွဥ္ၿပိဳင္မည္
ရဲျပည့္ (NP News) - ဩဂုတ္ ၇
ျမန္မာ့လက္ေ႐ြးစင္ ဖူဆယ္အသင္းသည္ ထိုင္းႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပမည့္ Continental Futsal Championship 2023 ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း MFF Futsal ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါၿပိဳင္ပြဲကို ယေန႔ (ဩဂုတ္လ ၇ ရက္)တြင္ စတင္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး စုစုေပါင္းအသင္း(၆)သင္းပါဝင္ယွဥ္ၿပိဳင္မည္ျဖစ္သည္။
ပါဝင္ယွဥ္ၿပိဳင္မည့္ အသင္းမ်ားအေနျဖင့္ ခ်က္အသင္း (ကမာၻ႔အဆင့္ ၂၁) ၊ ထိုင္းအသင္း (ကမာၻ႔အဆင့္ ၂၆) ၊ ေဆာ္လမြန္ကြၽန္းစုႏိုင္ငံအသင္း (ကမာၻ႔အဆင့္ ၅၃) ၊ မိုဇမ္ဘစ္အသင္း (ကမာၻ႔အဆင့္ ၇၄) ၊ ျမန္မာအသင္း (ကမာၻ႔အဆင့္ ၈၃) ၊ အာဇဂန္နစၥတန္အသင္း (ကမာၻ႔အဆင့္ ၉၄) တို႔ျဖစ္သည္။
ျမန္မာ့လက္ေ႐ြးစင္ ဖူဆယ္အသင္းနည္းျပ Mr. Bunlert Charoenwong က "ဒီၿပိဳင္ပြဲက ျမန္မာအသင္းအတြက္ ေကာင္းမြန္ၿပီး အာရွေျခစစ္ပြဲအတြက္ အက်ိဳးရွိမယ့္ ၿပိဳင္ပြဲတစ္ခုပါ။ ဒီၿပိဳင္ပြဲမွာ ကစားသမားအားလုံးကို ကြၽန္ေတာ္စမ္းသပ္အသုံးျပဳမွာပါ။ ၿပိဳင္ပြဲရလဒ္နဲ႔ပတ္သက္ၿပီး စိုးရိမ္ဖို႔မလိုပါဘူး။ ဒီၿပိဳင္ပြဲကေန အမွားေတြကို ရွာေဖြၿပီး အာရွေျခစစ္ပြဲအတြက္ ျပင္ဆင္သြားပါမယ္။ ကစားသမားေတြကလည္း ကြၽန္ ေတာ္သင္ၾကားေပးထားတဲ့ နည္းစနစ္ေတြကို လိုက္နာႏိုင္မယ္လို႔ ယုံၾကည္ပါတယ္"ဟု ေျပာၾကားခဲ့သည္။
ျမန္မာ့လက္ေ႐ြးစင္ ဖူဆယ္အသင္းသည္ ဩဂုတ္လ ၅ ရက္၊ နံနက္ပိုင္းက ထိုင္းႏိုင္ငံသို႔ ထြက္ခြာသြားခဲ့ျခင္းျဖစ္ၿပီး ကစားသမား ၁၈ဦး ၊ အုပ္ခ်ဳပ္၊ နည္းျပ အဖြဲ႕ဝင္ ၁၀ ဦးတို႔ပါဝင္ေၾကာင္း သိရသည္။
Continental Futsal Championship 2023 ၿပိဳင္ပြဲ၏ အုပ္စုပြဲစဥ္မ်ားအျဖစ္ ျမန္မာဖူဆယ္အသင္းသည္ ယေန႔ (ဩဂုတ္လ ၇ ရက္)တြင္ ထိုင္းအသင္းႏွင့္လည္းေကာင္း၊ ဩဂုတ္လ ၈ ရက္တြင္ ေဆာ္လမြန္ကြၽန္းစု အသင္းႏွင့္လည္းေကာင္း ယွဥ္ၿပိဳင္ရမည္ျဖစ္ေၾကာင္း သိရသည္။