အရှေ့ဖျား မဏိပူရပြည်နယ် လူမျိုးရေးအကြမ်းဖက်မှု ပြည်တွင်းစစ် နီးကပ်လာ

 3822

Htay Oung (NP News) - သြဂုတ် ၈

ဝန်ကြီးချုပ်ရဲ့လူမှုကွန်ရက်စာမျက်နှာကို ဝင်ကြည့်လိုက်ရင် နိုင်ငံအတွင်း မြန်နှုန်းမြင့်ရထားများ ပြေးဆွဲနေပုံ လွှင့်တင်နေပြီး နာရင်ဒြာမိုဒီနဲ့ နိုင်ငံတကာခေါင်းဆောင်များ ပုခုံးချင်းပွတ်နေပုံတို့ကို ဖော်ပြထားကြောင်း၊ ကမ္ဘာ့ ဇာတ်ခုံပေါ်မှာ အင်အားကြီးနိုင်ငံအဖြစ်နဲ့ သြဇာထက်လာတဲ့ အိန္ဒိယနိုင်ငံရဲ့မျက်နှာစာကို တွေ့မြင်နိုင်ကြောင်း၊ ဒါပေမယ့် လူသန်းပေါင်းများစွာတို့ မြင်တွေ့သွားအောင် ဂရုတစိုက် ဖန်တီးထားတဲ့ အဲဒီရုပ်ပုံတွေဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဖျား မဏိပူရပြည်နယ်ရဲ့ပြည်တွင်းစစ်နဲ့ နီးကပ်လာတဲ့ဖြစ်ရပ်တွေအပေါ် ဝန်ကြီးချုပ်လုပ်သူရဲ့ နှုတ်ဆိတ်မှုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ AP က ယမန်နေ့ ရေးသားပါတယ်။

မိုဒီရဲ့ဟိန္ဒူအမျိုးသားရေးဝါဒီ “ဘာရတ်တီဂျာ_ဂျာနာတာ” BJP ပါတီက အုပ်ချုပ်နေတဲ့ ဝေးလံခေါင်ဖျား ပြည်နယ် မှာ အဆိုးရွားဆုံးလူမျိုးရေးအကြမ်းဖက်မှုတွေက သုံးလကြာမြင့်လာခဲ့ပြီဖြစ်ပေမယ့် အိန္ဒိယလူသန်ကြီး မိုဒီကတော့ ဘာလုပ်နေမှန်း မသိရပါဘူး။ မိုဒီရဲ့အခန်းကဏ္ဍ (သို့မဟုတ်) ဝန်ကြီးချုပ်တစ်ဦးအဖြစ် တာဝန်ယူတာဝန်ခံမှု လစ်ဟာနေခြင်းဟာ BJP အစိုးရက အများစုနေရာယူထားတဲ့ ပါလီမန်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းခံရဖို့ ဖြစ်လာပါတယ်။

မိုဒီအနေနဲ့ကတော့ ယခုရက်သတ္တပတ်တင်သွင်းမယ့် အယုံအကြည်မရှိအဆိုအပေါ် သေချာပေါက် အနိုင်ရပါလိမ့် မယ်။ ဒါပေမယ့် ပါလီမန်မှာ အဆိုတင်သွင်းလိုက်ယုံနဲ့ မိုဒီကို လွှတ်တော်ရှေ့မှောက် ခေါ်ယူပြီး မဏိပူရအရေး မေးခွန်းတွေကို ဖြေရခြင်းဖြင့် ကိုင်တွယ်ဖို့ တွန်းအားဖြစ်နိုင်လိမ့်မယ်လို့ အတိုက်အခံ ၂၆ ပါတီ အဆိုတင်သွင်းမှု ထောက်ခံသူများက လောင်းကြေးထပ်နေကြပါတယ်။

မေလဆန်းပိုင်းကတည်းက မဏိပူရပြည်နယ်ရဲ့ လူမျိုးရေးနွယ်တဲ့ အပြန်အလှန် သ-တ်ပုတ်မှုတွေကြောင့် လူပေါင်း ၁၅ဝ ကျော် သေဆုံးပြီး ၅ဝဝဝဝ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ကူကီးများနဲ့ အခြားလူမျိုးစုတို့ ရောနှောနေထိုင်ရာ တောင်ကုန်းဒေသများမှာ မြေကွက်များ၀ယ်ယူခွင့်- အစိုးရအလုပ်အကိုင်များ ခန့်အပ်ခံနိုင်ခွင့် အထူးအဆင့်အတန်းကို လူများစု “ဟိန္ဒူ_မေထေး_လူမျိုးစု” တို့ကသာ ရရှိသွာပါတယ်။ လူနည်းစု “ခရစ်ယာန်_ကူကီး“ တို့က ကန့်ကွက်ပြီး မျှဝေ ရရှိလိုကြောင်း ဆန္ဒပြရာမှ အငြင်းပွားမှုများနဲ့ အဓိကရုန်းများ ဖြစ်ပေါ်လာရပါတယ်။

မဏိပူရပြည်နယ်မှာ အမျိုးသမီးနှစ်ဦး နှိပ်စက်ညှဉ်းပန်းခံရတဲ့ တုန်လှုပ်ဖွယ် ဗီဒီယိုဖိုင်ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်တုန်းက ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်မှုမျိုးကို ရှုတ်ချတယ်လို့ မိုဒီက ပြောနေရုံနဲ့မပြီးဘဲ ပဋိပက္ခတစ်ခုလုံးကို ကိုင်တွယ်ဖြေရှင်းပေးစေလိုကြပါတယ်။
မိုဒီဟာ အိန္ဒိယရဲ့စွမ်းဆောင်ရည်မြင့်တက်လာပုံ အဖြစ်အပျက်များ (သို့မဟုတ်) ပရောဂျက်များကို ရှေ့တန်းတင် အသားပေးလေ့သူဖြစ်ပေမယ့် တစ်နိုင်ငံလုံး ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်းမြင့်တက်လာစဉ် (သို့မဟုတ်) လူမျိုးရေးအကြမ်းဖက်မှုတို့လို နှစ်ဖက်အငြင်းပွားမှုများမှာ တမင်နှုတ်ဆိတ်နေလ့ရှိတယ်လို့ သုံးသပ်သူများက ဝေဖန်ကြပါတယ်။

မိုဒီအပေါ် ပြစ်တင်ခြင်းမတိုင်မီ လွန်ခဲ့တဲ့သီတင်းပတ်မှာ မီးရထားတစ်စီးအတွင်း အစောင့်လိုက်ရဲများနဲ့ သေနတ် ပစ်မှုဖြစ်ပွားပြီး ရဲအရာရှိတစ်ဦးနဲ့ မွတ်စလင် ၃ ဦး သေဆုံးပုံ ဗွီဒီယိုထွက်ပေါ်လာခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အဲဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။

အဲဒီတစ်နေ့တည်းမှာပဲ ဟာရာနာပြည်နယ် နယူးဒေလီမြို့တော်တောင်ဘက် မိုင် ၃ဝ ခန့်အကွာမှာ အယူသီးဟိန္ဒူ အုပ်စုရဲ့ဘာသာရေးစီတန်းလှည့်လည်စဉ် မွတ်ဆလင်တို့နဲ့ အဓိကရုန်းဖြစ်ပွားပြီး လူငါးဦး သေဆုံးခဲ့ပါတယ်။ မိုဒီ့အနေနဲ့ ဒီလိုကိစ္စတွေမှာ နှုတ်ဆိတ်ခြင်းအားဖြင့် သူ့ကိုဒုက္ခမပေးဘူးလို့ ယုံကြည်ထားကြောင်း၊ သူ့အစိုးရလုပ် နေတဲ့ အုပ်ချုပ်မှုကတဆင့် အိန္ဒိယပြည်သူတွေဆီ ဆက်သွယ်ပေးနေတယ်လို့ ယူဆထားကြောင်း လေ့လာသူ တစ်ဦးက မှတ်ချက်ပေးပါတယ်။

မဏိပူရ တင်းမာမှုနဲ့ပတ်သက်ပြီး အထူးသဖြင့် သွေးထွက်သံယိုမှုများကို ဖြေဖျောက်ဖို့ ပျက်ကွက်သူ ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့နှုတ်ထွက်ပေးဖို့ တောင်းဆိုမှုများ ကြီးထွားလာခြင်းကြောင့် နိုင်ငံအတွင်း BJP ပါတီအပေါ် ဝေဖန်မှုများလည်း ရှိလာနိုင်ပါတယ်။

BJP ပါတီထက် မိုဒီက ပိုပြီး ရေပန်းစားနေတဲ့အတွက် လာမယ့်နှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ သူ့ရဲ့နိုင်ငံရေး အမှတ်တံဆိပ်ကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာသူအချို့က ပြောကြပါတယ်။ ဒါပေမယ့် အခုလို လစ်လျူရှုခြင်း အားဖြင့် ပဋိပက္ခတွေဟာ အကျိုးဆက် အလွန်များတယ်လို့ ဆိုပါတယ်။

မဏိပူရမှာ အခြေခံအားဖြင့် နှစ်ပိုင်းခွဲခြားနိုင်တဲ့ ကူကီးလူမျိုးများနေထိုင်ရာ တောင်ပေါ်ဒေသများနဲ့ မေထေးများ နေထိုင်ရာ တောင်အောက် အောက်လွင်ပြင်များအကြား အကြမ်းဖက်မှုနဲ့ မယုံကြည်မှုအန္တရာယ်မှာ မြင့်မားနေဆဲ ဖြစ်ပါတယ်။ သူတို့ နှစ်အုပ်စုအကြား ရဲတပ်ဖွဲ့က နေရာယူထားတဲ့ ကြားခံဇုန်နဲ့ ပိုင်းခြားထားပါတယ်။

အင်တာနက်ကို နှစ်လကျော် ပိတ်ထားခဲ့ပြီး ဒေသတွင်းနေသူများရဲ့သွားလာလှုပ်ရှားမှုကို တင်းကြပ်စွာ ကန့်သတ် ထားပါတယ်။ ဒေါသထွက်နေတဲ့ လက်နက်ကိုင် လူအုပ်ကြီးက နေအိမ်များနဲ့ အဆောက်အအုံများကို မီးတင်ရှို့ခြင်း၊ အရပ်သားများကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့တဲ့အတွက် သောင်းနဲ့ချီတဲ့လူများခမျာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ ပါတယ်။

ရဲတပ်ဖွဲ့လက်နက်တိုက်များ စီးနင်းခံရ၊ ဖောက်ထွင်းခံရတဲ့အတွက် ရိုင်ဖယ်များ၊ စက်သေနတ်များနဲ့ AK-47 အပါအဝင် သေနတ်အလက်ပေါင်း ၃၀၀၀ နီးပါး ဆုံးရှုံးခဲ့ရတယ်လို့ မူဝါဒသုတေသနစင်တာမှ အိန္ဒိယစစ်မှုထမ်း ဟောင်း “ဆူရှတ်-ဆင်း” က ပြောပါတယ်။ တရားဥပဒေစိုးမိုးရေးပျက်ပြားသွားကြောင်း ပြီးခဲ့တဲ့သီတင်းပတ်မှာ အိန္ဒိယတရားလွှတ်တော်ချုပ်က ကြေညာခဲ့ရပြီး မဏိပူရပြည်နယ်ရဲမှူးအပေါ် တနင်္လာနေ့မှာ တရားစွဲဆိုထားပါ တယ်။

ယခင်အစိုးရများအဆက်ဆက် ကာလရှည်ကြာစွာ ဖြေရှင်းဖို့ ကြိုးစားခဲ့တဲ့ လူမျိုးရေးအကြမ်းဖက်မှုဟာ သမိုင်း ကြောင်း ကျိုးပဲ့နေတဲ့ အိန္ဒိယအရှေ့မြောက်ဘက် မဏိပူရပြည်နယ်အတွင်း မငြိမ်မသက်မှုများ တိုးမြင့်လာမှာကို စိုးရိမ်နေကြပါတယ်။ အဲဒီပြည်နယ်ဟာ (လောလောဆယ် လုံခြုံရေး မတည်မငြိမ်ဖြစ်နေတဲ့) မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ နေထိုင်သူများအကြား နှစ်နိုင်ငံ ဟိုဘက်သည်မှာ ဆွေမျိုးတွေ ဖြစ်နေကြပြီး နိုင်ငံ ဖြတ်ကျော် စိမ့်ဝင်မှုဟာ အနီးအနား ပြည်နယ်များဖြစ်ကြတဲ့ မီဇိုရမ်နဲ့ အာသံများအထိ ရှိနေနှင့်ကြောင်း၊ အစိုးရ အုပ်ချုပ်ရေးယန္တရားများ ပြိုလဲသွားတဲ့အတွက် အငြင်းပွားအိန္ဒိယ-တရုတ်နယ်နိမိတ်ကို ထိန်းကျောင်းနေတဲ့ အိန္ဒိယစစ်တပ်မှ တပ်များ အပါအဝင် စစ်သားပေါင်း သောင်းချီချထားခဲ့ရကြောင်း၊ ပြဿနာကို မြန်မြန် ထက်ထက် မဖြေရှင်းနိုင်မချင်း ဒီအရှုပ်အထွေးဟာ ဆက်လက်တည်ရှိနေမှာဖြစ်ပြီး နိုင်ငံ့အရှေ့ဖျား တရုတ်ရန်မှ အိန္ဒိယရဲ့ ကာကွယ်ရေးအနေအထားကို အားနည်းသွားစေလိမ့်မယ်လို့ ဆင်းက ပြောပါတယ်။

ဒီအတောအတွင်း ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက် ယာရာနာပြည်နယ် ဟိန္ဒူ-မွတ်စလင် ဘာသာရေး အဓိကရုန်းဟာ ကျယ်ပြန့်လာကြောင်း၊ ပုဒ်မ ၁၄၄ နဲ့ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့် ရုတ်သိမ်းချိန် တနင်္ဂနွေ ညပိုင်းမှ စတင်ပြီး တနင်္လာနေ့အထိ မွတ်စလင်သင်းချိုင်းတစ်ခု ဖျက်ဆီးခံရကြောင်း မော်တော်ယာဉ်အများအပြား မီးတင် ရှို့ခံရပြီး၊ စျေးဆိုင်များ လက်သရမ်း ဖျက်ဆီးခံရကြောင်း ရဲတပ်ဖွဲ့က ပြောပြတယ်လို့ Reuters က ယမန်နေ့ ရေးသားပါတယ်။

စောစောပိုင်း အရေးအခင်းဖြစ်ပွားစဉ် ဗလီဆရာတစ်ဦး အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ရပေမယ့် ယခုဖြစ်ရပ်များမှာ လူသေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ လူအများစု ဟိန္ဒူနဲ့ လူနည်းစု မွတ်စလင်တို့ကြား တင်းမာမှုတွေ ဟာ မျိုးဆက်လိုက် အကြမ်းဖက်မှုများအဖြစ် အခါအားလျော်စွာ ပေါ်ပေါက်လာတတ်ပါတယ်။ ဟာရာနာ ပြည်နယ် ရှိ အခင်းစတင်ဖြစ်ပွားရာ နားခရိုင်မှာ မွတ်စလင်အများစုနေထိုင်ရာဖြစ်ပေမယ့် ဟိန္ဒူသဘောထားတင်းမာသူတွေ ရဲ့ရန်ကို စိုးရွံံသူ အစ္စလာမ်ဘာသာ၀င်အတော်များများဟာ ဆွေမျိုးသားချင်းများရှိရာ အခြားဒေသများထံ ထွက်ခွာ နေကြတယ်လို့ သတင်းမှ ဆက်လက်ဖော်ပြပါတယ်။
#မဏိပူရပြည်နယ်မငြိမ်သက်မှု #ကူကီး #မေထေး #ဟာရာနာပြည်နယ် #မြန်မာနိုင်ငံ #မီဇိုရမ်အာသံ #အိန္ဒိယအရှေ့ဖျား_တရုတ်နယ်စပ် #ဟိန္ဒူမွတ်စလင်အဓိကရုန်း
.(AP., 7 August 2023, “India’s Modi faces a no-confidence vote over silence on ethnic violence tearing at remote Manipur” နှင့် Reuters., Hindus, Muslims clash in India's Haryana as trouble spreads” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
အေရွ႕ဖ်ား မဏိပူရျပည္နယ္ လူမ်ိဳးေရးအၾကမ္းဖက္မႈ ျပည္တြင္းစစ္ နီးကပ္လာ
Htay Oung (NP News) - ၾသဂုတ္ ၈

ဝန္ႀကီးခ်ဳပ္ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကို ဝင္ၾကည့္လိုက္ရင္ ႏိုင္ငံအတြင္း ျမန္ႏႈန္းျမင့္ရထားမ်ား ေျပးဆြဲေနပုံ လႊင့္တင္ေနၿပီး နာရင္ျဒာမိုဒီနဲ႔ ႏိုင္ငံတကာေခါင္းေဆာင္မ်ား ပုခုံးခ်င္းပြတ္ေနပုံတို႔ကို ေဖာ္ျပထားေၾကာင္း၊ ကမာၻ႔ ဇာတ္ခုံေပၚမွာ အင္အားႀကီးႏိုင္ငံအျဖစ္နဲ႔ ၾသဇာထက္လာတဲ့ အိႏၵိယႏိုင္ငံရဲ႕မ်က္ႏွာစာကို ေတြ႕ျမင္ႏိုင္ေၾကာင္း၊ ဒါေပမယ့္ လူသန္းေပါင္းမ်ားစြာတို႔ ျမင္ေတြ႕သြားေအာင္ ဂ႐ုတစိုက္ ဖန္တီးထားတဲ့ အဲဒီ႐ုပ္ပုံေတြဟာ အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္းဖ်ား မဏိပူရျပည္နယ္ရဲ႕ျပည္တြင္းစစ္နဲ႔ နီးကပ္လာတဲ့ျဖစ္ရပ္ေတြအေပၚ ဝန္ႀကီးခ်ဳပ္လုပ္သူရဲ႕ ႏႈတ္ဆိတ္မႈနဲ႔ ဆန႔္က်င္ဘက္ျဖစ္ေနတယ္လို႔ AP က ယမန္ေန႔ ေရးသားပါတယ္။

မိုဒီရဲ႕ဟိႏၵဴအမ်ိဳးသားေရးဝါဒီ “ဘာရတ္တီဂ်ာ_ဂ်ာနာတာ” BJP ပါတီက အုပ္ခ်ဳပ္ေနတဲ့ ေဝးလံေခါင္ဖ်ား ျပည္နယ္ မွာ အဆိုး႐ြားဆုံးလူမ်ိဳးေရးအၾကမ္းဖက္မႈေတြက သုံးလၾကာျမင့္လာခဲ့ၿပီျဖစ္ေပမယ့္ အိႏၵိယလူသန္ႀကီး မိုဒီကေတာ့ ဘာလုပ္ေနမွန္း မသိရပါဘူး။ မိုဒီရဲ႕အခန္းက႑ (သို႔မဟုတ္) ဝန္ႀကီးခ်ဳပ္တစ္ဦးအျဖစ္ တာဝန္ယူတာဝန္ခံမႈ လစ္ဟာေနျခင္းဟာ BJP အစိုးရက အမ်ားစုေနရာယူထားတဲ့ ပါလီမန္မွာ အယုံအၾကည္မရွိ အဆိုတင္သြင္းခံရဖို႔ ျဖစ္လာပါတယ္။

မိုဒီအေနနဲ႔ကေတာ့ ယခုရက္သတၱပတ္တင္သြင္းမယ့္ အယုံအၾကည္မရွိအဆိုအေပၚ ေသခ်ာေပါက္ အႏိုင္ရပါလိမ့္ မယ္။ ဒါေပမယ့္ ပါလီမန္မွာ အဆိုတင္သြင္းလိုက္ယုံနဲ႔ မိုဒီကို လႊတ္ေတာ္ေရွ႕ေမွာက္ ေခၚယူၿပီး မဏိပူရအေရး ေမးခြန္းေတြကို ေျဖရျခင္းျဖင့္ ကိုင္တြယ္ဖို႔ တြန္းအားျဖစ္ႏိုင္လိမ့္မယ္လို႔ အတိုက္အခံ ၂၆ ပါတီ အဆိုတင္သြင္းမႈ ေထာက္ခံသူမ်ားက ေလာင္းေၾကးထပ္ေနၾကပါတယ္။

ေမလဆန္းပိုင္းကတည္းက မဏိပူရျပည္နယ္ရဲ႕ လူမ်ိဳးေရးႏြယ္တဲ့ အျပန္အလွန္ သ-တ္ပုတ္မႈေတြေၾကာင့္ လူေပါင္း ၁၅ဝ ေက်ာ္ ေသဆုံးၿပီး ၅ဝဝဝဝ ေက်ာ္ အိုးအိမ္စြန႔္ခြာ ထြက္ေျပးေနရပါတယ္။ ကူကီးမ်ားနဲ႔ အျခားလူမ်ိဳးစုတို႔ ေရာေႏွာေနထိုင္ရာ ေတာင္ကုန္းေဒသမ်ားမွာ ေျမကြက္မ်ား၀ယ္ယူခြင့္- အစိုးရအလုပ္အကိုင္မ်ား ခန္႔အပ္ခံႏိုင္ခြင့္ အထူးအဆင့္အတန္းကို လူမ်ားစု “ဟိႏၵဴ_ေမေထး_လူမ်ိဳးစု” တို႔ကသာ ရရွိသြာပါတယ္။ လူနည္းစု “ခရစ္ယာန္_ကူကီး“ တို႔က ကန္႔ကြက္ၿပီး မွ်ေဝ ရရွိလိုေၾကာင္း ဆႏၵျပရာမွ အျငင္းပြားမႈမ်ားနဲ႔ အဓိက႐ုန္းမ်ား ျဖစ္ေပၚလာရပါတယ္။

မဏိပူရျပည္နယ္မွာ အမ်ိဳးသမီးႏွစ္ဦး ႏွိပ္စက္ညႇဥ္းပန္းခံရတဲ့ တုန္လႈပ္ဖြယ္ ဗီဒီယိုဖိုင္ဟာ လြန္ခဲ့တဲ့ ရက္သတၱပတ္ အနည္းငယ္တုန္းက ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ အဲဒီလိုတိုက္ခိုက္မႈမ်ိဳးကို ရႈတ္ခ်တယ္လို႔ မိုဒီက ေျပာေန႐ုံနဲ႔မၿပီးဘဲ ပဋိပကၡတစ္ခုလုံးကို ကိုင္တြယ္ေျဖရွင္းေပးေစလိုၾကပါတယ္။
မိုဒီဟာ အိႏၵိယရဲ႕စြမ္းေဆာင္ရည္ျမင့္တက္လာပုံ အျဖစ္အပ်က္မ်ား (သို႔မဟုတ္) ပေရာဂ်က္မ်ားကို ေရွ႕တန္းတင္ အသားေပးေလ့သူျဖစ္ေပမယ့္ တစ္ႏိုင္ငံလုံး ဒယ္လ္တာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ႏႈန္းျမင့္တက္လာစဥ္ (သို႔မဟုတ္) လူမ်ိဳးေရးအၾကမ္းဖက္မႈတို႔လို ႏွစ္ဖက္အျငင္းပြားမႈမ်ားမွာ တမင္ႏႈတ္ဆိတ္ေနလ့ရွိတယ္လို႔ သုံးသပ္သူမ်ားက ေဝဖန္ၾကပါတယ္။

မိုဒီအေပၚ ျပစ္တင္ျခင္းမတိုင္မီ လြန္ခဲ့တဲ့သီတင္းပတ္မွာ မီးရထားတစ္စီးအတြင္း အေစာင့္လိုက္ရဲမ်ားနဲ႔ ေသနတ္ ပစ္မႈျဖစ္ပြားၿပီး ရဲအရာရွိတစ္ဦးနဲ႔ မြတ္စလင္ ၃ ဦး ေသဆုံးပုံ ဗြီဒီယိုထြက္ေပၚလာခဲ့ပါတယ္။ ရဲတပ္ဖြဲ႕က အဲဒီျဖစ္ရပ္ကို စုံစမ္းစစ္ေဆးေနပါတယ္။

အဲဒီတစ္ေန႔တည္းမွာပဲ ဟာရာနာျပည္နယ္ နယူးေဒလီၿမိဳ႕ေတာ္ေတာင္ဘက္ မိုင္ ၃ဝ ခန္႔အကြာမွာ အယူသီးဟိႏၵဴ အုပ္စုရဲ႕ဘာသာေရးစီတန္းလွည့္လည္စဥ္ မြတ္ဆလင္တို႔နဲ႔ အဓိက႐ုန္းျဖစ္ပြားၿပီး လူငါးဦး ေသဆုံးခဲ့ပါတယ္။ မိုဒီ့အေနနဲ႔ ဒီလိုကိစၥေတြမွာ ႏႈတ္ဆိတ္ျခင္းအားျဖင့္ သူ႔ကိုဒုကၡမေပးဘူးလို႔ ယုံၾကည္ထားေၾကာင္း၊ သူ႔အစိုးရလုပ္ ေနတဲ့ အုပ္ခ်ဳပ္မႈကတဆင့္ အိႏၵိယျပည္သူေတြဆီ ဆက္သြယ္ေပးေနတယ္လို႔ ယူဆထားေၾကာင္း ေလ့လာသူ တစ္ဦးက မွတ္ခ်က္ေပးပါတယ္။

မဏိပူရ တင္းမာမႈနဲ႔ပတ္သက္ၿပီး အထူးသျဖင့္ ေသြးထြက္သံယိုမႈမ်ားကို ေျဖေဖ်ာက္ဖို႔ ပ်က္ကြက္သူ ျပည္နယ္ ဝန္ႀကီးခ်ဳပ္နဲ႔ အစိုးရအဖြဲ႕ႏႈတ္ထြက္ေပးဖို႔ ေတာင္းဆိုမႈမ်ား ႀကီးထြားလာျခင္းေၾကာင့္ ႏိုင္ငံအတြင္း BJP ပါတီအေပၚ ေဝဖန္မႈမ်ားလည္း ရွိလာႏိုင္ပါတယ္။

BJP ပါတီထက္ မိုဒီက ပိုၿပီး ေရပန္းစားေနတဲ့အတြက္ လာမယ့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမတိုင္မီ သူ႔ရဲ႕ႏိုင္ငံေရး အမွတ္တံဆိပ္ကို ကာကြယ္ေပးႏိုင္တယ္လို႔ ေလ့လာသူအခ်ိဳ႕က ေျပာၾကပါတယ္။ ဒါေပမယ့္ အခုလို လစ္လ်ဴရႈျခင္း အားျဖင့္ ပဋိပကၡေတြဟာ အက်ိဳးဆက္ အလြန္မ်ားတယ္လို႔ ဆိုပါတယ္။

မဏိပူရမွာ အေျခခံအားျဖင့္ ႏွစ္ပိုင္းခြဲျခားႏိုင္တဲ့ ကူကီးလူမ်ိဳးမ်ားေနထိုင္ရာ ေတာင္ေပၚေဒသမ်ားနဲ႔ ေမေထးမ်ား ေနထိုင္ရာ ေတာင္ေအာက္ ေအာက္လြင္ျပင္မ်ားအၾကား အၾကမ္းဖက္မႈနဲ႔ မယုံၾကည္မႈအႏၲရာယ္မွာ ျမင့္မားေနဆဲ ျဖစ္ပါတယ္။ သူတို႔ ႏွစ္အုပ္စုအၾကား ရဲတပ္ဖြဲ႕က ေနရာယူထားတဲ့ ၾကားခံဇုန္နဲ႔ ပိုင္းျခားထားပါတယ္။

အင္တာနက္ကို ႏွစ္လေက်ာ္ ပိတ္ထားခဲ့ၿပီး ေဒသတြင္းေနသူမ်ားရဲ႕သြားလာလႈပ္ရွားမႈကို တင္းၾကပ္စြာ ကန႔္သတ္ ထားပါတယ္။ ေဒါသထြက္ေနတဲ့ လက္နက္ကိုင္ လူအုပ္ႀကီးက ေနအိမ္မ်ားနဲ႔ အေဆာက္အအုံမ်ားကို မီးတင္ရႈိ႕ျခင္း၊ အရပ္သားမ်ားကို အစုအၿပဳံလိုက္ သတ္ျဖတ္ခဲ့တဲ့အတြက္ ေသာင္းနဲ႔ခ်ီတဲ့လူမ်ားခမ်ာ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနရ ပါတယ္။

ရဲတပ္ဖြဲ႕လက္နက္တိုက္မ်ား စီးနင္းခံရ၊ ေဖာက္ထြင္းခံရတဲ့အတြက္ ႐ိုင္ဖယ္မ်ား၊ စက္ေသနတ္မ်ားနဲ႔ AK-47 အပါအဝင္ ေသနတ္အလက္ေပါင္း ၃၀၀၀ နီးပါး ဆုံးရႈံးခဲ့ရတယ္လို႔ မူဝါဒသုေတသနစင္တာမွ အိႏၵိယစစ္မႈထမ္း ေဟာင္း “ဆူရွတ္-ဆင္း” က ေျပာပါတယ္။ တရားဥပေဒစိုးမိုးေရးပ်က္ျပားသြားေၾကာင္း ၿပီးခဲ့တဲ့သီတင္းပတ္မွာ အိႏၵိယတရားလႊတ္ေတာ္ခ်ဳပ္က ေၾကညာခဲ့ရၿပီး မဏိပူရျပည္နယ္ရဲမႉးအေပၚ တနလၤာေန႔မွာ တရားစြဲဆိုထားပါ တယ္။

ယခင္အစိုးရမ်ားအဆက္ဆက္ ကာလရွည္ၾကာစြာ ေျဖရွင္းဖို႔ ႀကိဳးစားခဲ့တဲ့ လူမ်ိဳးေရးအၾကမ္းဖက္မႈဟာ သမိုင္း ေၾကာင္း က်ိဳးပဲ့ေနတဲ့ အိႏၵိယအေရွ႕ေျမာက္ဘက္ မဏိပူရျပည္နယ္အတြင္း မၿငိမ္မသက္မႈမ်ား တိုးျမင့္လာမွာကို စိုးရိမ္ေနၾကပါတယ္။ အဲဒီျပည္နယ္ဟာ (ေလာေလာဆယ္ လုံၿခဳံေရး မတည္မၿငိမ္ျဖစ္ေနတဲ့) ျမန္မာႏိုင္ငံနဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနပါတယ္။ ေနထိုင္သူမ်ားအၾကား ႏွစ္ႏိုင္ငံ ဟိုဘက္သည္မွာ ေဆြမ်ိဳးေတြ ျဖစ္ေနၾကၿပီး ႏိုင္ငံ ျဖတ္ေက်ာ္ စိမ့္ဝင္မႈဟာ အနီးအနား ျပည္နယ္မ်ားျဖစ္ၾကတဲ့ မီဇိုရမ္နဲ႔ အာသံမ်ားအထိ ရွိေနႏွင့္ေၾကာင္း၊ အစိုးရ အုပ္ခ်ဳပ္ေရးယႏၲရားမ်ား ၿပိဳလဲသြားတဲ့အတြက္ အျငင္းပြားအိႏၵိယ-တ႐ုတ္နယ္နိမိတ္ကို ထိန္းေက်ာင္းေနတဲ့ အိႏၵိယစစ္တပ္မွ တပ္မ်ား အပါအဝင္ စစ္သားေပါင္း ေသာင္းခ်ီခ်ထားခဲ့ရေၾကာင္း၊ ျပႆနာကို ျမန္ျမန္ ထက္ထက္ မေျဖရွင္းႏိုင္မခ်င္း ဒီအရႈပ္အေထြးဟာ ဆက္လက္တည္ရွိေနမွာျဖစ္ၿပီး ႏိုင္ငံ့အေရွ႕ဖ်ား တ႐ုတ္ရန္မွ အိႏၵိယရဲ႕ ကာကြယ္ေရးအေနအထားကို အားနည္းသြားေစလိမ့္မယ္လို႔ ဆင္းက ေျပာပါတယ္။

ဒီအေတာအတြင္း ၿပီးခဲ့တဲ့ ဇူလိုင္ ၃၁ ရက္ ယာရာနာျပည္နယ္ ဟိႏၵဴ-မြတ္စလင္ ဘာသာေရး အဓိက႐ုန္းဟာ က်ယ္ျပန္႔လာေၾကာင္း၊ ပုဒ္မ ၁၄၄ နဲ႔ သတ္မွတ္ခ်ိန္အတြင္း အျပင္မထြက္ရအမိန္႔ ႐ုတ္သိမ္းခ်ိန္ တနဂၤေႏြ ညပိုင္းမွ စတင္ၿပီး တနလၤာေန႔အထိ မြတ္စလင္သင္းခ်ိဳင္းတစ္ခု ဖ်က္ဆီးခံရေၾကာင္း ေမာ္ေတာ္ယာဥ္အမ်ားအျပား မီးတင္ ရႈိ႕ခံရၿပီး၊ ေစ်းဆိုင္မ်ား လက္သရမ္း ဖ်က္ဆီးခံရေၾကာင္း ရဲတပ္ဖြဲ႕က ေျပာျပတယ္လို႔ Reuters က ယမန္ေန႔ ေရးသားပါတယ္။

ေစာေစာပိုင္း အေရးအခင္းျဖစ္ပြားစဥ္ ဗလီဆရာတစ္ဦး အပါအဝင္ လူ ၇ ဦး ေသဆုံးခဲ့ရေပမယ့္ ယခုျဖစ္ရပ္မ်ားမွာ လူေသဆုံးမႈ မရွိဘူးလို႔ ဆိုပါတယ္။ အိႏၵိယႏိုင္ငံမွာ လူအမ်ားစု ဟိႏၵဴနဲ႔ လူနည္းစု မြတ္စလင္တို႔ၾကား တင္းမာမႈေတြ ဟာ မ်ိဳးဆက္လိုက္ အၾကမ္းဖက္မႈမ်ားအျဖစ္ အခါအားေလ်ာ္စြာ ေပၚေပါက္လာတတ္ပါတယ္။ ဟာရာနာ ျပည္နယ္ ရွိ အခင္းစတင္ျဖစ္ပြားရာ နားခ႐ိုင္မွာ မြတ္စလင္အမ်ားစုေနထိုင္ရာျဖစ္ေပမယ့္ ဟိႏၵဴသေဘာထားတင္းမာသူေတြ ရဲ႕ရန္ကို စိုး႐ြံံသူ အစၥလာမ္ဘာသာ၀င္အေတာ္မ်ားမ်ားဟာ ေဆြမ်ိဳးသားခ်င္းမ်ားရွိရာ အျခားေဒသမ်ားထံ ထြက္ခြာ ေနၾကတယ္လို႔ သတင္းမွ ဆက္လက္ေဖာ္ျပပါတယ္။
#မဏိပူရျပည္နယ္မၿငိမ္သက္မႈ #ကူကီး #ေမေထး #ဟာရာနာျပည္နယ္ #ျမန္မာႏိုင္ငံ #မီဇိုရမ္အာသံ #အိႏၵိယအေရွ႕ဖ်ား_တ႐ုတ္နယ္စပ္ #ဟိႏၵဴမြတ္စလင္အဓိက႐ုန္း
.(AP., 7 August 2023, “India’s Modi faces a no-confidence vote over silence on ethnic violence tearing at remote Manipur” ႏွင့္ Reuters., Hindus, Muslims clash in India's Haryana as trouble spreads” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Picture

Moe Hein

09/08/2023 01:47

မအလ နဲ့အတူတူပဲ။

Related news

© 2021. All rights reserved.