အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားသည့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) ပြန်လည် လည်ပတ်
                        
                            
                             
 1781
 
                             
                            
                            
                         
                        
ယွန်း (NP News) - သြဂုတ် ၁၃
အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားသည့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) ပြန်လည် လည်ပတ်နေပြီဖြစ် ကြောင်း သိရသည်။
အဆိုပါ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သတင်းစာစက္ကူစက်ရုံကို သြဂုတ်လ(၁၂)ရက်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း) နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း)တို့သည် ယခင်က လုပ်ငန်းလည်ပတ်ခဲ့ သည့်စက်ရုံများဖြစ်ပြီး  အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းလည်ပတ်မှုများကို ရပ်တန်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နေ့စဥ်အသုံးပြုနေရသည့် ရုံးသုံး၊ ကျောင်းသုံး၊ သတင်းစာ စသည့် စက္ကူလိုအပ်ချက်များကို နှစ်စဥ် ပြည်ပမှ တင်သွင်းအသုံးပြုနေရသည့်အတွက် နိုင်ငံခြားငွေများစွာ သုံးစွဲနေရကြောင်း နစကဥက္ကဋ္ဌ မှ ပြောသည်။
သို့ဖြစ်၍ စက္ကူလိုအပ်ချက်ကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုကို များစွာ လျော့နည်းသွားစေမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ မှ အသိပေးပြောဆိုထားသည်။
သတင်းစာစက္ကူစက်ရုံ(သာပေါင်း) အနေဖြင့် သစ်၊ ဝါးကုန်ကြမ်းများရယူရာတွင် စက်ရုံအနီးဝန်းကျင်မှ ရရှိရန်လိုပြီး အဝေးမှသယ်ယူရမည်ဆိုပါက သယ်ယူပို့ဆောင်မှုကုန်ကျစရိတ် များပြားနိုင်ခြင်းကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် လည်း မြင့်မားနိုင်ကြောင်း သိရသည်။
ထို့ကြောင့် စီးပွားရေးအရ တွက်ခြေကိုက်သည့် သစ်တောစိုက်ခင်း၊ ဝါးစိုက်ခင်းများ ရရှိရန် လိုကြောင်း နစကဥက္ကဋ္ဌ မှ အသိပေးပြောကြားခဲ့သည်။
ထို့ပြင် သတင်းစာစက္ကူစက်ရုံ(သာပေါင်း)အနေဖြင့် စွမ်းအားပြည့်လည်ပတ်နိုင်ပါက သတင်းစာစက္ကူအပြင် အခြား စက္ကူအမျိုးအစားများကိုလည်း ထုတ်လုပ်နိုင်ကြောင်း သိရသည်။
သတင်းစာစက္ကူလိုအပ်ချက်မှာ ယခင်ကထက် လျော့နည်းလာပြီး နေ့စဥ်ထုတ်သတင်းစာများသည် သမိုင်းကိုဖော်ပြနေခြင်းကြောင့် နိုင်ငံတိုင်းတွင် သတင်းစာကို နေ့စဥ်ထုတ်ဝေနေဆဲဖြစ်၍ သတင်းစာစက္ကူ လိုအပ်ချက်သည်လည်း အမြဲမပြတ်ရှိနေကြောင်း နစကဥက္ကဋ္ဌ မှ ပြောသည်။
ယခင်က စက္ကူထုတ်လုပ်မှုကို  စစ်တောင်းစက္ကူစက်ရုံ၊ ရေနီစက္ကူစက်ရုံနှင့် သာပေါင်းစက္ကူစက်ရုံတို့တွင် ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းကာလတွင် စစ်တောင်း စက္ကူစက်ရုံအား သက်တမ်းကြာမြင့်ပြီဖြစ်ခြင်းကြောင့် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
                     
                        
                                                                    
Zawgyi Version; 
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရပ္နားထားသည့္ သတင္းစာစကၠဴစက္႐ုံ(သာေပါင္း) ျပန္လည္ လည္ပတ္
ယြန္း (NP News) - ၾသဂုတ္ ၁၃
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရပ္နားထားသည့္ သတင္းစာစကၠဴစက္႐ုံ(သာေပါင္း) ျပန္လည္ လည္ပတ္ေနၿပီျဖစ္ ေၾကာင္း သိရသည္။
အဆိုပါ ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း၊ သတင္းစာစကၠဴစက္႐ုံကို ၾသဂုတ္လ(၁၂)ရက္တြင္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္မွ ျပန္လည္ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။
အဆင့္ျမင့္စကၠဴစက္႐ုံ(သာေပါင္း) ႏွင့္ သတင္းစာစကၠဴစက္႐ုံ(သာေပါင္း)တို႔သည္ ယခင္က လုပ္ငန္းလည္ပတ္ခဲ့ သည့္စက္႐ုံမ်ားျဖစ္ၿပီး  အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လုပ္ငန္းလည္ပတ္မႈမ်ားကို ရပ္တန္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေန႔စဥ္အသုံးျပဳေနရသည့္ ႐ုံးသုံး၊ ေက်ာင္းသုံး၊ သတင္းစာ စသည့္ စကၠဴလိုအပ္ခ်က္မ်ားကို ႏွစ္စဥ္ ျပည္ပမွ တင္သြင္းအသုံးျပဳေနရသည့္အတြက္ ႏိုင္ငံျခားေငြမ်ားစြာ သုံးစြဲေနရေၾကာင္း နစကဥကၠ႒ မွ ေျပာသည္။
သို႔ျဖစ္၍ စကၠဴလိုအပ္ခ်က္ကို ျပည္တြင္း၌ လုံေလာက္စြာထုတ္လုပ္ႏိုင္မည္ဆိုပါက ႏိုင္ငံျခားေငြသုံးစြဲမႈကို မ်ားစြာ ေလ်ာ့နည္းသြားေစမည္ျဖစ္ေၾကာင္း နစကဥကၠ႒ မွ အသိေပးေျပာဆိုထားသည္။
သတင္းစာစကၠဴစက္႐ုံ(သာေပါင္း) အေနျဖင့္ သစ္၊ ဝါးကုန္ၾကမ္းမ်ားရယူရာတြင္ စက္႐ုံအနီးဝန္းက်င္မွ ရရွိရန္လိုၿပီး အေဝးမွသယ္ယူရမည္ဆိုပါက သယ္ယူပို႔ေဆာင္မႈကုန္က်စရိတ္ မ်ားျပားႏိုင္ျခင္းေၾကာင့္ ထုတ္လုပ္မႈကုန္က်စရိတ္ လည္း ျမင့္မားႏိုင္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ စီးပြားေရးအရ တြက္ေျခကိုက္သည့္ သစ္ေတာစိုက္ခင္း၊ ဝါးစိုက္ခင္းမ်ား ရရွိရန္ လိုေၾကာင္း နစကဥကၠ႒ မွ အသိေပးေျပာၾကားခဲ့သည္။
ထို႔ျပင္ သတင္းစာစကၠဴစက္႐ုံ(သာေပါင္း)အေနျဖင့္ စြမ္းအားျပည့္လည္ပတ္ႏိုင္ပါက သတင္းစာစကၠဴအျပင္ အျခား စကၠဴအမ်ိဳးအစားမ်ားကိုလည္း ထုတ္လုပ္ႏိုင္ေၾကာင္း သိရသည္။
သတင္းစာစကၠဴလိုအပ္ခ်က္မွာ ယခင္ကထက္ ေလ်ာ့နည္းလာၿပီး ေန႔စဥ္ထုတ္သတင္းစာမ်ားသည္ သမိုင္းကိုေဖာ္ျပေနျခင္းေၾကာင့္ ႏိုင္ငံတိုင္းတြင္ သတင္းစာကို ေန႔စဥ္ထုတ္ေဝေနဆဲျဖစ္၍ သတင္းစာစကၠဴ လိုအပ္ခ်က္သည္လည္း အၿမဲမျပတ္ရွိေနေၾကာင္း နစကဥကၠ႒ မွ ေျပာသည္။
ယခင္က စကၠဴထုတ္လုပ္မႈကို  စစ္ေတာင္းစကၠဴစက္႐ုံ၊ ေရနီစကၠဴစက္႐ုံႏွင့္ သာေပါင္းစကၠဴစက္႐ုံတို႔တြင္ ေဆာင္႐ြက္ခဲ့ၿပီး ေနာက္ပိုင္းကာလတြင္ စစ္ေတာင္း စကၠဴစက္႐ုံအား သက္တမ္းၾကာျမင့္ၿပီျဖစ္ျခင္းေၾကာင့္ ဖ်က္သိမ္းခဲ့ေၾကာင္း သိရသည္။