ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် (၆)ဘီးကားတစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးသစ်ပင်အားဝင်တိုက်မိခဲ့ရာ ယာဉ်မောင်းတစ်ဦးသေဆုံး

3310
သန့်ဇင် (NP News) - ဩဂုတ် ၁၄
မန္တလေးတိုင်း၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် (၆)ဘီးကားတစ်စီး ဘရိတ်ပေါက်၍ လမ်းဘေးသစ် ပင်အား ဝင်တိုက်မှုကြောင့် ယာဉ်မောင်းသူအမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်သည် ယမန်နေ့(ဩဂုတ်လ ၁၃ရက်)၊ ညနေ ၆နာရီအချိန်တွင် ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း ၂၁မိုင်နှင့် ၂၂မိုင်ကြားတွင်ဖြစ်ပွားခဲ့ကြောင်း စေတနာမွန်လူမှုကူညီရေးအသင်း-အုန်းချောထံမှ သိရသည်။
"ကျွန်တော်တို့သိရလောက်ကတော့။ ကြက်ဥတွေတင်လာတဲ့(၆)ဘီးကားက ဘရိတ်ပေါက်ပြီး လမ်းဘေး ဆွဲချတာဗျ။ ပြီးတော့မှ လမ်းဘေးကသစ်ပင်ကိုဝင်တိုက်တာ"ဟု စေတနာမွန် လူမှုကူညီရေးအသင်း (အုန်းချော)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ကားပေါ်မှ အသက်(၄၀)ဝန်းကျင် ယာဉ်မောင်းတစ်ဦး သေဆုံးသွားခဲ့ပြီး ၎င်းနှင့်အတူ လိုက်ပါလာသည့် အသက်(၁၅)နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
"ယာဉ်မောင်းက ဖြစ်တဲ့အချိန်ခြေထောက်ကညှပ်နေတာပေါ့။ အဲဒါကို ဆွဲထုတ်ပြီး ဆေးရုံပို့တော့ ဆေးရုံမှာပဲ ဆုံးသွားတာဗျ။ ခေါင်းခန်းထဲကအတူပါလာတဲ့ ကလေးကတော့ ခေါင်းထိတယ်"ဟု ၎င်းကဆက် လက် ပြောသည်။
၎င်းယာဉ်တိုက်မှုဖြစ်စဉ်မှ သေဆုံးသူအမျိုးသားကို သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံနှင့် ဒဏ်ရာရရှိသူအမျိုးသားအား သီရိဎထန(ညောင်ပေါ)လူမှုကူညီရေးအသင်းမှ မန္တလေးမြို့ ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ျပင္ဦးလြင္-မႏၲေလးအဆင္းလမ္းတြင္ (၆)ဘီးကားတစ္စီး ဘရိတ္ေပါက္၍ လမ္းေဘးသစ္ပင္အားဝင္တိုက္မိခဲ့ရာ ယာဥ္ေမာင္းတစ္ဦးေသဆုံး
သန႔္ဇင္ (NP News) - ဩဂုတ္ ၁၄
မႏၲေလးတိုင္း၊ ျပင္ဦးလြင္-မႏၲေလးအဆင္းလမ္းတြင္ (၆)ဘီးကားတစ္စီး ဘရိတ္ေပါက္၍ လမ္းေဘးသစ္ ပင္အား ဝင္တိုက္မႈေၾကာင့္ ယာဥ္ေမာင္းသူအမ်ိဳးသားတစ္ဦးေသဆုံးၿပီး အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ယာဥ္တိုက္မႈျဖစ္စဥ္သည္ ယမန္ေန႔(ဩဂုတ္လ ၁၃ရက္)၊ ညေန ၆နာရီအခ်ိန္တြင္ ျပင္ဦးလြင္-မႏၲေလးအဆင္းလမ္း ၂၁မိုင္ႏွင့္ ၂၂မိုင္ၾကားတြင္ျဖစ္ပြားခဲ့ေၾကာင္း ေစတနာမြန္လူမႈကူညီေရးအသင္း-အုန္းေခ်ာထံမွ သိရသည္။
"ကြၽန္ေတာ္တို႔သိရေလာက္ကေတာ့။ ၾကက္ဥေတြတင္လာတဲ့(၆)ဘီးကားက ဘရိတ္ေပါက္ၿပီး လမ္းေဘး ဆြဲခ်တာဗ်။ ၿပီးေတာ့မွ လမ္းေဘးကသစ္ပင္ကိုဝင္တိုက္တာ"ဟု ေစတနာမြန္ လူမႈကူညီေရးအသင္း (အုန္းေခ်ာ)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ ကားေပၚမွ အသက္(၄၀)ဝန္းက်င္ ယာဥ္ေမာင္းတစ္ဦး ေသဆုံးသြားခဲ့ၿပီး ၎ႏွင့္အတူ လိုက္ပါလာသည့္ အသက္(၁၅)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးမွာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
"ယာဥ္ေမာင္းက ျဖစ္တဲ့အခ်ိန္ေျခေထာက္ကညႇပ္ေနတာေပါ့။ အဲဒါကို ဆြဲထုတ္ၿပီး ေဆး႐ုံပို႔ေတာ့ ေဆး႐ုံမွာပဲ ဆုံးသြားတာဗ်။ ေခါင္းခန္းထဲကအတူပါလာတဲ့ ကေလးကေတာ့ ေခါင္းထိတယ္"ဟု ၎ကဆက္ လက္ ေျပာသည္။
၎ယာဥ္တိုက္မႈျဖစ္စဥ္မွ ေသဆုံးသူအမ်ိဳးသားကို သႏၲိသုခ အခမဲ့လူမႈကူညီေရးအသင္းမွ ျပင္ဦးလြင္ၿမိဳ႕ ျပည္သူ႔ေဆး႐ုံႏွင့္ ဒဏ္ရာရရွိသူအမ်ိဳးသားအား သီရိဎထန(ေညာင္ေပါ)လူမႈကူညီေရးအသင္းမွ မႏၲေလးၿမိဳ႕ ေဆး႐ုံသို႔ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။