တရားထိုင်နေသည့် အမျိုးသားအား အုတ်ခဲဖြင့်ထုရိုက်သတ်ကာ ဖုန်းနှင့် ပိုက်ဆံအိတ်လုယက်မှု မြဝတီတွင်ဖြစ်ပွား

 10524

NP News - သြဂုတ် ၁၅

တရားထိုင်နေသည့် အမျိုးသားအား အုတ်ခဲဖြင့်ထုရိုက်သတ်ကာ ဖုန်း နှင့် ပိုက်ဆံအိတ်လုယက်မှု မြဝတီမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယနေ့(သြဂုတ်လ ၁၅ ရက်)၊ နံနက်(၉)နာရီအချိန်ခန့်တွင် မြဝတီမြို့၊ မိချောင်းကုန်းဘုန်းကြီးကျောင်းတွင် ဖြစ်ပွားခဲ့ကြောင်း အလင်းသစ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

အဆိုပါ အမျိုးသားသည် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဘုရား၌ မကြာခဏတရားလာထိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

“အဲဒီအမျိုးသားက ဘုန်းကြီးကျောင်းမှာရှိတဲ့ ဘုရားထဲမှာ တရားလာထိုင်နေကျလို့သိရတယ်။ လာရင်သူက ပါလာတဲ့ဆိုင်ကယ်ကို ဘုန်းကြီးကျောင်းဝင်းထဲက ဈေးဆိုင်တန်းလေးမှာ အပ်ပြီးတော့ တရားထိုင်တယ်။ မကြာခဏလာနေကျလို့ပြောတယ်” ဟု အလင်းသစ် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

၎င်းတွင် ခါး၌ပတ်ထားသည့်ပိုက်ဆံအိတ်နှင့် လက်ကိုင်ဖုန်းတစ်လုံး ပါလာကြောင်းသိရပြီး အဆိုပါပစ္စည်းများကို ရိုက်လုသွားခြင်းဖြစ်ကြောင်း သိရသည်။

“ပစ္စည်းတွေလည်းပါသွားတယ်။ ကျောင်းထဲမှာကဆောက်လုပ်ရေးတွေလုပ်နေတော့ အုတ်ခဲတွေရှိတယ်။ အုတ်ခဲနဲ့ခေါင်းကိုချည်းပဲ ရိုက်သွားတာ တော်တော်များတယ်။ သွေးအိုင်ထဲမှာလဲနေတာပေါ့ ရိုက်သွားတဲ့အုတ်ခဲကိုလည်း သူ့ဘေးနားမှာပဲတွေ့တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ အမျိုးသားအား အလင်းသစ်လူမှုကယ်ဆယ်ရေးအသင်းမှ မြဝတီခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံရောက်ပြီးနောက် နာရီဝက်ခန့်အကြာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် အသက်(၄၀)ဝန်းကျင်ခန့်ရှိပြီး မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

zawgyi version
တရားထိုင္ေနသည့္ အမ်ိဳးသားအား အုတ္ခဲျဖင့္ထု႐ိုက္သတ္ကာ ဖုန္းႏွင့္ ပိုက္ဆံအိတ္လုယက္မႈ ျမဝတီတြင္ျဖစ္ပြား

NP News - ၾသဂုတ္ ၁၅

တရားထိုင္ေနသည့္ အမ်ိဳးသားအား အုတ္ခဲျဖင့္ထု႐ိုက္သတ္ကာ ဖုန္း ႏွင့္ ပိုက္ဆံအိတ္လုယက္မႈ ျမဝတီၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ၾသဂုတ္လ ၁၅ ရက္)၊ နံနက္(၉)နာရီအခ်ိန္ခန႔္တြင္ ျမဝတီၿမိဳ႕၊ မိေခ်ာင္းကုန္းဘုန္းႀကီးေက်ာင္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း အလင္းသစ္လူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။

အဆိုပါ အမ်ိဳးသားသည္ ဘုန္းႀကီးေက်ာင္းဝင္းအတြင္းရွိ ဘုရား၌ မၾကာခဏတရားလာထိုင္ေနသူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

“အဲဒီအမ်ိဳးသားက ဘုန္းႀကီးေက်ာင္းမွာရွိတဲ့ ဘုရားထဲမွာ တရားလာထိုင္ေနက်လို႔သိရတယ္။ လာရင္သူက ပါလာတဲ့ဆိုင္ကယ္ကို ဘုန္းႀကီးေက်ာင္းဝင္းထဲက ေဈးဆိုင္တန္းေလးမွာ အပ္ၿပီးေတာ့ တရားထိုင္တယ္။ မၾကာခဏလာေနက်လို႔ေျပာတယ္” ဟု အလင္းသစ္ လူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

၎တြင္ ခါး၌ပတ္ထားသည့္ပိုက္ဆံအိတ္ႏွင့္ လက္ကိုင္ဖုန္းတစ္လုံး ပါလာေၾကာင္းသိရၿပီး အဆိုပါပစၥည္းမ်ားကို ႐ိုက္လုသြားျခင္းျဖစ္ေၾကာင္း သိရသည္။

“ပစၥည္းေတြလည္းပါသြားတယ္။ ေက်ာင္းထဲမွာကေဆာက္လုပ္ေရးေတြလုပ္ေနေတာ့ အုတ္ခဲေတြရွိတယ္။ အုတ္ခဲနဲ႔ေခါင္းကိုခ်ည္းပဲ ႐ိုက္သြားတာ ေတာ္ေတာ္မ်ားတယ္။ ေသြးအိုင္ထဲမွာလဲေနတာေပါ့ ႐ိုက္သြားတဲ့အုတ္ခဲကိုလည္း သူ႔ေဘးနားမွာပဲေတြ႕တယ္” ဟု ၎က ဆက္လက္ေျပာသည္။

အဆိုပါ အမ်ိဳးသားအား အလင္းသစ္လူမႈကယ္ဆယ္ေရးအသင္းမွ ျမဝတီခ႐ိုင္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေသာ္လည္း ေဆး႐ုံေရာက္ၿပီးေနာက္ နာရီဝက္ခန႔္အၾကာတြင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

ေသဆုံးသူသည္ အသက္(၄၀)ဝန္းက်င္ခန႔္ရွိၿပီး ျမဝတီၿမိဳ႕၊ အမွတ္(၅)ရပ္ကြက္တြင္ ေနထိုင္သူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.