အင်းစိန်မြို့နယ် ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်စဉ်၌ ကျောင်းသားများအပါအဝင် (၁၆)ဦးထိခိုက်ဒဏ်ရာရရှိ

 1053

သန့်ဇင် (NP News) - ဩဂုတ် ၁၇

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ ကျောင်းသား(၅)ဦးအပါအဝင် (၁၆)ဦးထိ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုသည် ယမန်နေ့ (ဩဂုတ်လ ၁၆ရက်)၊ ညနေ ၄နာရီ ၂၀မိနစ်အချိန်တွင် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ ရွာသစ်မှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

"ကျောင်းကားက တညင်ကုန်းဘက်ကအဆင်း ရွာမကျောင်းလမ်းရှေ့ရောက်တော့ ကုန်တင်ကားက ဖြတ်အကွေ့ မှာ ခေါင်းချင်းဆိုင်ပြီးတိုက်မိတာပေါ့။ ပြီးတော့မှ နောက်ကနေ PAJERO ကကျောင်းကားကို ထပ်တိုက်မိတာပါ"ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်စဉ်ကြောင့် ကျောင်းကားပေါ်မှ (၁၀)နှစ်အရွယ် ကျောင်းသား(၅)ဦး၊ သင်တန်းနည်းပြ၊ ဆရာ/ဆရာမများနှင့် ယာဉ်မောင်းတစ်ဦး အပါအဝင် စုစုပေါင်း(၁၆)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

"အကုန်လုံး ထိခိုက်ဒဏ်ရာရရှိတာက (၁၆)ယောက်ပေါ့နော်။ အခြားကားတွေမှာက ဒဏ်ရာရသူတွေတော့ မရှိပါဘူး။ အဆိုးဆုံးကတော့ ကျောင်းကားက ဒရိုင်ဘာပေါ့။ သူကကားခေါင်းခန်းထဲမှာ ညှပ်နေတာ သူ့ကိုတော့ ခက်ခက်ခဲခဲကယ်ထုတ်ခဲ့ရတယ်"ဟု ၎င်းကဆက်လက်ပြောသည်။

အထက်ပါ ယာဉ်တိုက်မှုဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများကို တွဲလက်လူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
အင္းစိန္ၿမိဳ႕နယ္ ယာဥ္(၃)စီးဆင့္တိုက္မႈျဖစ္စဥ္၌ ေက်ာင္းသားမ်ားအပါအဝင္ (၁၆)ဦးထိခိုက္ဒဏ္ရာရရွိ

သန႔္ဇင္ (NP News) - ဩဂုတ္ ၁၇

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္တြင္ ယာဥ္(၃)စီးဆင့္တိုက္မႈျဖစ္ပြားခဲ့ရာ ေက်ာင္းသား(၅)ဦးအပါအဝင္ (၁၆)ဦးထိ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိုက္မႈသည္ ယမန္ေန႔ (ဩဂုတ္လ ၁၆ရက္)၊ ညေန ၄နာရီ ၂၀မိနစ္အခ်ိန္တြင္ အင္းစိန္ၿမိဳ႕နယ္၊ ေအာင္ဆန္းရပ္ကြက္၊ ေအာက္မဂၤလာဒုံလမ္းမႀကီး၊ ႐ြာသစ္မွတ္တိုင္အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း တြဲလက္လူမႈကူညီေရးအသင္းထံမွ သိရသည္။

"ေက်ာင္းကားက တညင္ကုန္းဘက္ကအဆင္း ႐ြာမေက်ာင္းလမ္းေရွ႕ေရာက္ေတာ့ ကုန္တင္ကားက ျဖတ္အေကြ႕ မွာ ေခါင္းခ်င္းဆိုင္ၿပီးတိုက္မိတာေပါ့။ ၿပီးေတာ့မွ ေနာက္ကေန PAJERO ကေက်ာင္းကားကို ထပ္တိုက္မိတာပါ"ဟု တြဲလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္(၃)စီးဆင့္တိုက္မႈျဖစ္စဥ္ေၾကာင့္ ေက်ာင္းကားေပၚမွ (၁၀)ႏွစ္အ႐ြယ္ ေက်ာင္းသား(၅)ဦး၊ သင္တန္းနည္းျပ၊ ဆရာ/ဆရာမမ်ားႏွင့္ ယာဥ္ေမာင္းတစ္ဦး အပါအဝင္ စုစုေပါင္း(၁၆)ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

"အကုန္လုံး ထိခိုက္ဒဏ္ရာရရွိတာက (၁၆)ေယာက္ေပါ့ေနာ္။ အျခားကားေတြမွာက ဒဏ္ရာရသူေတြေတာ့ မရွိပါဘူး။ အဆိုးဆုံးကေတာ့ ေက်ာင္းကားက ဒ႐ိုင္ဘာေပါ့။ သူကကားေခါင္းခန္းထဲမွာ ညႇပ္ေနတာ သူ႔ကိုေတာ့ ခက္ခက္ခဲခဲကယ္ထုတ္ခဲ့ရတယ္"ဟု ၎ကဆက္လက္ေျပာသည္။

အထက္ပါ ယာဥ္တိုက္မႈျဖစ္စဥ္မွ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို တြဲလက္လူမႈကူညီေရးအသင္းမွ အင္းစိန္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.