အိတ်စ်ပို့ကြက်သွန်နီအပေါ် အခွန် ၄ဝ ရာခိုင်နှုန်း စည်းကြပ်မှု ချက်ချင်းအကျိုးသက်ရောက်စေမည်ဟု နယူးဒေလီ ပြဌာန်း

 691

Htay Oung (NP News) - သြဂုတ် ၂ဝ

ပြည်တွင်းဟင်းသီးဟင်းရွက်ရရှိနိုင်မှု တိုးတက်ကောင်းမွန်လာစေဖို့အတွက် ဒီဇင်ဘာ ၃၁ ရက်အထိ ကြက်သွန်နီ အပေါ် ပြည်ပတင်ပို့ခွန် ၄ဝ ရာခိုင်နှုန်း စည်းကြပ်မှုကို ချက်ချင်းအကျိုးသက်ရောက်စေရန် ပြဌာန်းမှာဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက စနေနေ့မှာ သတင်းထုတ်ပြန်တယ်လို့ Reuters က ယမန်နေ့ ရေးသားပါတယ်။

အိန္ဒိယနိုင်ငံရဲ့စားသုံးသူစျေးနှုန်းအညွှန်းကိန်း (CPI) လို့ခေါ်တဲ့ လက်လီကုန်စျေးနှုန်းမြင့်တက်မှုဟာ ၄.၈၇ ရာခိုင်နှုန်း ရှိရာမှ ဇူလိုင်လ မှာ ၇.၄၄ ရာခိုင်နှုန်းဖြစ်လာပြီး ၁၅ လအတွင်း အမြင့်ဆုံးဖြစ်ခဲ့ရပါတယ်။

စားသောက်ကုန်စျေးနှုန်းမြင့်တက်မှုဟာ ကုန်စည်နဲ့ ဝန်ဆောင်မှုတန်ဖိုးစုစုပေါင်းရဲ့ ၁၁.၅၁ ရာခိုင်နှုန်းရှိနေပြီး၊ လက်လီစားသောက်ကုန်စျေးနှုန်းမြင့်တက်မှုဟာ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆုံးပမာဏဖြစ်ပါ တယ်။

ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ပဲအမျိုးမျိုး၊ ခရမ်းသီး၊ ကြက်သွန်ဖြူနဲ့ ဂျင်း အပါအဝင် အိန္ဒိယမီးဖိုချောင်သုံး အများဆုံး ဟင်းသီးဟင်းရွက်အချို့ရဲ့ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း နှစ်ဆကျော်မြင့်တက်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အယ်လ်နီညိုရာသီဥတုပုံစံကြောင့် ရာစုနှစ်တစ်ခုကျော်အတွင်း အခြောက်သွေ့ဆုံး သြဂုတ်လကို ဦးတည်နေပြီး နေရာအများအပြားတို့မှာ မိုးအနည်းငယ်သာ ရွာသွန်းနိုင်ဖွယ်ရှိတယ်လို့ မိုးလေဝသဌာနမှ အရာရှိ နှစ်ဦးက သောကြာနေ့မှာ ပြောပါတယ်။

၁၉ဝ၁ ခုနှစ်မှာ စံချိန်တင်ခဲ့တဲ့ ဩဂုတ်လ မိုးရေချိန်နောက်ပိုင်း အနိမ့်ဆုံးဖြစ်မယ်လို့ ခန့်မှန်းရပြီး နွေရာသီ သီးနှံများမှာ စပါးမှ ပဲပိစပ်အထိ အထွက်နှုန်း ဆုတ်ယုတ်ဖွယ်ရှိပါတယ်။ ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆုံးရောက်ရှိလာတဲ့ လက်လီစားသောက်ကုန်စျေးနှုန်းဟာ ဇူလိုင်လမှာ အမြင့်ဆုံးအဖြစ် ထပ်မံခုန်တက်သွား ကြောင်း တွေရှိရပါတယ်။

#အိန္ဒိယပြည်ပပို့_ကြက်သွန်နီအခွန် #အယ်လ်နီညိုရာသီဥတု

(Reuters., 19 August 2023,” India imposes 40% export duty on onions with immediate effect” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
အိတ္စ္ပို႔ၾကက္သြန္နီအေပၚ အခြန္ ၄ဝ ရာခိုင္ႏႈန္း စည္းၾကပ္မႈ ခ်က္ခ်င္းအက်ိဳးသက္ေရာက္ေစမည္ဟု နယူးေဒလီ ျပဌာန္း
Htay Oung (NP News) - ၾသဂုတ္ ၂ဝ

ျပည္တြင္းဟင္းသီးဟင္း႐ြက္ရရွိႏိုင္မႈ တိုးတက္ေကာင္းမြန္လာေစဖို႔အတြက္ ဒီဇင္ဘာ ၃၁ ရက္အထိ ၾကက္သြန္နီ အေပၚ ျပည္ပတင္ပို႔ခြန္ ၄ဝ ရာခိုင္ႏႈန္း စည္းၾကပ္မႈကို ခ်က္ခ်င္းအက်ိဳးသက္ေရာက္ေစရန္ ျပဌာန္းမွာျဖစ္ေၾကာင္း ဘ႑ာေရးဝန္ႀကီးဌာနက စေနေန႔မွာ သတင္းထုတ္ျပန္တယ္လို႔ Reuters က ယမန္ေန႔ ေရးသားပါတယ္။

အိႏၵိယႏိုင္ငံရဲ႕စားသုံးသူေစ်းႏႈန္းအၫႊန္းကိန္း (CPI) လို႔ေခၚတဲ့ လက္လီကုန္ေစ်းႏႈန္းျမင့္တက္မႈဟာ ၄.၈၇ ရာခိုင္ႏႈန္း ရွိရာမွ ဇူလိုင္လ မွာ ၇.၄၄ ရာခိုင္ႏႈန္းျဖစ္လာၿပီး ၁၅ လအတြင္း အျမင့္ဆုံးျဖစ္ခဲ့ရပါတယ္။

စားေသာက္ကုန္ေစ်းႏႈန္းျမင့္တက္မႈဟာ ကုန္စည္နဲ႔ ဝန္ေဆာင္မႈတန္ဖိုးစုစုေပါင္းရဲ႕ ၁၁.၅၁ ရာခိုင္ႏႈန္းရွိေနၿပီး၊ လက္လီစားေသာက္ကုန္ေစ်းႏႈန္းျမင့္တက္မႈဟာ ၂ဝ၂ဝ ျပည့္ႏွစ္ ဇန္နဝါရီလေနာက္ပိုင္း အျမင့္ဆုံးပမာဏျဖစ္ပါ တယ္။

ခရမ္းခ်ဥ္သီး၊ ၾကက္သြန္နီ၊ ပဲအမ်ိဳးမ်ိဳး၊ ခရမ္းသီး၊ ၾကက္သြန္ျဖဴနဲ႔ ဂ်င္း အပါအဝင္ အိႏၵိယမီးဖိုေခ်ာင္သုံး အမ်ားဆုံး ဟင္းသီးဟင္း႐ြက္အခ်ိဳ႕ရဲ႕ေဈးႏႈန္းေတြဟာ ၿပီးခဲ့တဲ့ လအနည္းငယ္အတြင္း ႏွစ္ဆေက်ာ္ျမင့္တက္ခဲ့ပါတယ္။

အိႏၵိယႏိုင္ငံရဲ႕ အယ္လ္နီညိဳရာသီဥတုပုံစံေၾကာင့္ ရာစုႏွစ္တစ္ခုေက်ာ္အတြင္း အေျခာက္ေသြ႕ဆုံး ၾသဂုတ္လကို ဦးတည္ေနၿပီး ေနရာအမ်ားအျပားတို႔မွာ မိုးအနည္းငယ္သာ ႐ြာသြန္းႏိုင္ဖြယ္ရွိတယ္လို႔ မိုးေလဝသဌာနမွ အရာရွိ ႏွစ္ဦးက ေသာၾကာေန႔မွာ ေျပာပါတယ္။

၁၉ဝ၁ ခုႏွစ္မွာ စံခ်ိန္တင္ခဲ့တဲ့ ဩဂုတ္လ မိုးေရခ်ိန္ေနာက္ပိုင္း အနိမ့္ဆုံးျဖစ္မယ္လို႔ ခန႔္မွန္းရၿပီး ေႏြရာသီ သီးႏွံမ်ားမွာ စပါးမွ ပဲပိစပ္အထိ အထြက္ႏႈန္း ဆုတ္ယုတ္ဖြယ္ရွိပါတယ္။ ၂ဝ၂ဝ ျပည့္ႏွစ္ ဇန္နဝါရီလေနာက္ပိုင္း အျမင့္ဆုံးေရာက္ရွိလာတဲ့ လက္လီစားေသာက္ကုန္ေစ်းႏႈန္းဟာ ဇူလိုင္လမွာ အျမင့္ဆုံးအျဖစ္ ထပ္မံခုန္တက္သြား ေၾကာင္း ေတြရွိရပါတယ္။

#အိႏၵိယျပည္ပပို႔_ၾကက္သြန္နီအခြန္ #အယ္လ္နီညိဳရာသီဥတု

(Reuters., 19 August 2023,” India imposes 40% export duty on onions with immediate effect” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.