မြောက်အမေရိကလိဂ်ဖလားကိုယူပြီး သမိုင်းတလျှောက် ဆုဖလားအောင်မြင်မှုအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တဲ့ မက်ဆီ

 678

NP News - ဩဂုတ် ၂ဝ

မြောက်အမေရိကလိဂ်ဖလား ဗိုလ်လုပွဲကို ဒီနေ့ ဩဂုတ်လ ၂ဝ ရက် မနက်ပိုင်းမှာ နက်ရှ်ဗဲလ်အသင်းနဲ့ မက်ဆီ ပါဝင်ကစားနေတဲ့ အင်တာမိုင်ယာမီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ အင်တာမိုင်ယာမီ အသင်းက အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။

ပွဲစဉ်ရဲ့ ပထမပိုင်း ၂၃ မိနစ်မှာ လီယွန်နယ်မက်ဆီက နက်ရှ်ဗဲလ်အသင်းရဲ့နောက်ခံလူတွေနဲ့ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဧရိယာထိပ်မှာ တစ်ကိုယ်တော်လိမ်ခေါက်မှုပြုလုပ်ပြီး သွင်းနေကျပုံစံအတိုင်း ဂိုးရဲ့ ညာဘက်အပေါ် ထောင့်ကို ကန်သွင်းကာ အင်တာမိုင်ယာမီအတွက် အဖွင့်ဂိုးကို ရယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းအစ ပွဲချိန် ၅၇ မိနစ်မှာတော့ နက်ရှ်ဗဲလ်အသင်းရဲ့တိုက်စစ်ကစားသမား ပစ်ကော့က ခေါင်းတိုက် သွင်းယူပြီး ချေပဂိုး ပြန်လည်ရရှိသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ပွဲချိန်ပြည့်တဲ့အထိ (၁-၁)ဂိုး နဲ့ သရေရလဒ်ထွက်ပေါ်နေခဲ့လို့ ပင်နယ်တီအဆုံးအဖြတ် ၁၁ လုံး အထိ ကန်ခဲ့ရပြီး နောက်ဆုံး ဂိုးသမားတွေ ကန်တဲ့ အခါမှာ နက်ရှ်ဗဲလ် ဂိုးသမား ဂိုးမဝင်တာကြောင့် (၁ဝ-၉) ဂိုးနဲ့ အင်တာမိုင်ယာမီအသင်းက အနိုင်ရ ဗိုလ်စွဲသွားခဲ့တာပါ။

အဆိုပါလိဂ်ဖလားပြိုင်ပွဲမှာတော့ လီယွန်နယ်မက်ဆီအနေနဲ့ အုပ်စုအဆင့်ကနေ ဗိုလ်လုပွဲအထိ ပွဲတိုင်း ဂိုးသွင်းနိုင် ခဲ့မှုအဖြစ် စံချိန်တင်ခဲ့ပြီး စုစုပေါင်း ၇ ပွဲ ကစားပြီး ၁ဝ ဂိုးသွင်းယူခဲ့ကာ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ၇ ပွဲမှာ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားအဖြစ်လည်း ၆ ကြိမ်အထိ သတ်မှတ်ခံခဲ့ရပါတယ်။

ဒါ့အပြင် ပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံးဆုနဲ့ အကောင်းဆုံးကစားသမားဆုတွေကိုလည်း ရရှိခဲ့ပါတယ်။

အခုလိုရရှိခဲ့တဲ့ အမေရိကန်လိဂ်ဖလားကြောင့် မက်ဆီကတော့ ကစားသမားဘဝ ဆုဖလားရရှိမှု ၄၄ လုံးအထိ ရှိခဲ့ပြီး ဒါဟာ သမိုင်းတစ်လျှောက် ဘောလုံးသမားတွေထဲမှာ ဆုဖလား အောင်မြင်မှုအများဆုံးကစားသမား အဖြစ် စံချိန်သစ် စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆုဖလားအောင်မြင်မှု ဒုတိယအများဆုံးအဖြစ်ရှိနေတဲ့ ကစားသမား ကတော့ မက်ဆီရဲ့ ဘာစီလိုနာအသင်းဖော်ဟောင်း ဒန်နီအဲလ်ဘက်ဖြစ်ပြီး ၄၃ လုံးအထိ ရရှိထားပါတယ်။

အင်တာမိုင်ယာမီအသင်းအနေနဲ့ကတော့ ကလပ်အသင်းသက်တမ်း (၅)နှစ်တာကာလအတွင်း ပထမဆုံး ချန်ပီယံ ဆုဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
ေျမာက္အေမရိကလိဂ္ဖလားကိုယူၿပီး သမိုင္းတေလွ်ာက္ ဆုဖလားေအာင္ျမင္မႈအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္သစ္တင္ႏိုင္ခဲ့တဲ့ မက္ဆီ
NP News - ဩဂုတ္ ၂ဝ

ေျမာက္အေမရိကလိဂ္ဖလား ဗိုလ္လုပြဲကို ဒီေန႔ ဩဂုတ္လ ၂ဝ ရက္ မနက္ပိုင္းမွာ နက္ရွ္ဗဲလ္အသင္းနဲ႔ မက္ဆီ ပါဝင္ကစားေနတဲ့ အင္တာမိုင္ယာမီအသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး ပင္နယ္တီအဆုံးအျဖတ္နဲ႔ အင္တာမိုင္ယာမီ အသင္းက အႏိုင္ရဗိုလ္စြဲသြားခဲ့ပါတယ္။

ပြဲစဥ္ရဲ႕ ပထမပိုင္း ၂၃ မိနစ္မွာ လီယြန္နယ္မက္ဆီက နက္ရွ္ဗဲလ္အသင္းရဲ႕ေနာက္ခံလူေတြနဲ႔ထိၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို ဧရိယာထိပ္မွာ တစ္ကိုယ္ေတာ္လိမ္ေခါက္မႈျပဳလုပ္ၿပီး သြင္းေနက်ပုံစံအတိုင္း ဂိုးရဲ႕ ညာဘက္အေပၚ ေထာင့္ကို ကန္သြင္းကာ အင္တာမိုင္ယာမီအတြက္ အဖြင့္ဂိုးကို ရယူေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒုတိယပိုင္းအစ ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ နက္ရွ္ဗဲလ္အသင္းရဲ႕တိုက္စစ္ကစားသမား ပစ္ေကာ့က ေခါင္းတိုက္ သြင္းယူၿပီး ေခ်ပဂိုး ျပန္လည္ရရွိသြားခဲ့ပါတယ္။

ဆက္လက္ၿပီးေတာ့ ပြဲခ်ိန္ျပည့္တဲ့အထိ (၁-၁)ဂိုး နဲ႔ သေရရလဒ္ထြက္ေပၚေနခဲ့လို႔ ပင္နယ္တီအဆုံးအျဖတ္ ၁၁ လုံး အထိ ကန္ခဲ့ရၿပီး ေနာက္ဆုံး ဂိုးသမားေတြ ကန္တဲ့ အခါမွာ နက္ရွ္ဗဲလ္ ဂိုးသမား ဂိုးမဝင္တာေၾကာင့္ (၁ဝ-၉) ဂိုးနဲ႔ အင္တာမိုင္ယာမီအသင္းက အႏိုင္ရ ဗိုလ္စြဲသြားခဲ့တာပါ။

အဆိုပါလိဂ္ဖလားၿပိဳင္ပြဲမွာေတာ့ လီယြန္နယ္မက္ဆီအေနနဲ႔ အုပ္စုအဆင့္ကေန ဗိုလ္လုပြဲအထိ ပြဲတိုင္း ဂိုးသြင္းႏိုင္ ခဲ့မႈအျဖစ္ စံခ်ိန္တင္ခဲ့ၿပီး စုစုေပါင္း ၇ ပြဲ ကစားၿပီး ၁ဝ ဂိုးသြင္းယူခဲ့ကာ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ခဲ့ပါတယ္။ ဒါ့အျပင္ ၇ ပြဲမွာ ပြဲစဥ္အလိုက္ အေကာင္းဆုံးကစားသမားအျဖစ္လည္း ၆ ႀကိမ္အထိ သတ္မွတ္ခံခဲ့ရပါတယ္။

ဒါ့အျပင္ ၿပိဳင္ပြဲတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံးဆုနဲ႔ အေကာင္းဆုံးကစားသမားဆုေတြကိုလည္း ရရွိခဲ့ပါတယ္။

အခုလိုရရွိခဲ့တဲ့ အေမရိကန္လိဂ္ဖလားေၾကာင့္ မက္ဆီကေတာ့ ကစားသမားဘဝ ဆုဖလားရရွိမႈ ၄၄ လုံးအထိ ရွိခဲ့ၿပီး ဒါဟာ သမိုင္းတစ္ေလွ်ာက္ ေဘာလုံးသမားေတြထဲမွာ ဆုဖလား ေအာင္ျမင္မႈအမ်ားဆုံးကစားသမား အျဖစ္ စံခ်ိန္သစ္ စိုက္ထူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဆုဖလားေအာင္ျမင္မႈ ဒုတိယအမ်ားဆုံးအျဖစ္ရွိေနတဲ့ ကစားသမား ကေတာ့ မက္ဆီရဲ႕ ဘာစီလိုနာအသင္းေဖာ္ေဟာင္း ဒန္နီအဲလ္ဘက္ျဖစ္ၿပီး ၄၃ လုံးအထိ ရရွိထားပါတယ္။

အင္တာမိုင္ယာမီအသင္းအေနနဲ႔ကေတာ့ ကလပ္အသင္းသက္တမ္း (၅)ႏွစ္တာကာလအတြင္း ပထမဆုံး ခ်န္ပီယံဆုဖလားကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.