ထိုင်းနိုင်ငံရှိ မဲခေါင်မြစ်ခွဲအတွင်း၌ ဆီတင်သင်္ဘောပေါက်ကွဲမှုတွင် သေဆုံးခဲ့သည့် မြန်မာလုပ်သားများ၏ မိသားစုဝင်များကို နစ်နာကြေးပေးအပ်

1879
စော(NP News) - ဩဂုတ် ၂၃
ထိုင်းနိုင်ငံရှိ မဲခေါင်မြစ်ခွဲအတွင်း၌ ဆီတင်သင်္ဘောပေါက်ကွဲမှုတွင် သေဆုံးခဲ့သည့် မြန်မာလုပ်သားများ၏ ကျန်ရစ်သူမိသားစုများကို နစ်နာကြေးပေးအပ်ခဲ့ကြောင်း သိရသည်။

အလုပ်သမားသံအရာရှိရုံးမှ ယနေ့(ဩဂုတ်လ ၂၃ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၊ စမုဆွန်ခါခရိုင်၊ စမုဆွန်ခရာမြို့ရှိ မဲခေါင်မြစ်ခွဲအတွင်း၌ Smoosh Sea C-22 ဆီတင်သင်္ဘောသည် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်အတွက် ရပ်နားထားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆီတင်သင်္ဘော၌ ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၇ ရက်)၊ နံနက် (၁၀)နာရီအချိန်တွင် အလုပ်သမား(၃၀)ဦးဖြင့် ဆီပိုက်လိုင်းများ ဂဟေဆော်သည့် လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့သို့ဆောင်ရွက်နေစဉ် ပိုက်လိုင်းအတွင်းရှိ ဆီလက်ကျန်များမှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ မြန်မာနိုင်ငံသားအလုပ်သမား (၇)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါသေဆုံးသူအလုပ်သမားများ၏ ကျန်ရစ်သူမိသားစုများမှ ရသင့်ရထိုက်သည့် နစ်နာကြေးများရရှိရန်အတွက် အလုပ်သမားသံအရာရှိရုံး နှင့် စမုစခွန်ခရိုင်၊ လူမှုဖူလုံရေးရုံးမှ တာဝန်ရှိသူများ ပူပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိုင်းနိုင်ငံရှိ မိသားစုဝင်များအား ဖေဖော်ဝါရီလ(၉)ရက် နှင့် မတ်လ(၂၇)ရက်တို့တွင် စမုစခွန်ခရိုင်၊ လူမှုဖူလုံရေးရုံး နှင့် မြန်မာနိုင်ငံတွင် ကျန်ရစ်သည့် မိသားစုဝင်များအား ဆက်သွယ်၍ ဇွန်လ(၆)ရက်တွင် မဲဆောက်မြို့လူမှုဖူလုံရေးရုံးတွင် လိုအပ်သည့် စာရွက် စာတမ်းများ စိစစ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူ(၇)ဦးအနက်မှ စာရွက်စာတမ်းနှင့် အချက်အလက်များပြည့်စုံသော မိသားစု(၄)စုကို ယမန်နေ့(ဩဂုတ်လ ၂၂ ရက်)တွင် စမုစခွန်ခရိုင်၊ လူမှုဖူလုံရေးရုံး၌ နစ်နာကြေးငွေစုစုပေါင်း ဘတ် (၂)သန်းနီးပါကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်ရှိသည့် မိသားစု(၃)စုအတွက်လည်း နစ်နာကြေးများ အမြန်ဆုံးရရှိရန် ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားသံအရာရှိရုံးမှ ထုတ်ပြန်ထားသည်။

zawgyi version
ထိုင္းႏိုင္ငံရွိ မဲေခါင္ျမစ္ခြဲအတြင္း၌ ဆီတင္သေဘၤာေပါက္ကြဲမႈတြင္ ေသဆုံးခဲ့သည့္ ျမန္မာလုပ္သားမ်ား၏ မိသားစုဝင္မ်ားကို နစ္နာေၾကးေပးအပ္
ေစာ(NP News) - ဩဂုတ္ ၂၃
ထိုင္းႏိုင္ငံရွိ မဲေခါင္ျမစ္ခြဲအတြင္း၌ ဆီတင္သေဘၤာေပါက္ကြဲမႈတြင္ ေသဆုံးခဲ့သည့္ ျမန္မာလုပ္သားမ်ား၏ က်န္ရစ္သူမိသားစုမ်ားကို နစ္နာေၾကးေပးအပ္ခဲ့ေၾကာင္း သိရသည္။
အလုပ္သမားသံအရာရွိ႐ုံးမွ ယေန႔(ဩဂုတ္လ ၂၃ ရက္)တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။
ထိုင္းႏိုင္ငံ၊ စမုဆြန္ခါခ႐ိုင္၊ စမုဆြန္ခရာၿမိဳ႕ရွိ မဲေခါင္ျမစ္ခြဲအတြင္း၌ Smoosh Sea C-22 ဆီတင္သေဘၤာသည္ ျပဳျပင္ထိန္းသိမ္းမႈမ်ား ေဆာင္႐ြက္ရန္အတြက္ ရပ္နားထားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဆီတင္သေဘၤာ၌ ၿပီးခဲ့သည့္ (ဇန္နဝါရီလ ၁၇ ရက္)၊ နံနက္ (၁၀)နာရီအခ်ိန္တြင္ အလုပ္သမား(၃၀)ဦးျဖင့္ ဆီပိုက္လိုင္းမ်ား ဂေဟေဆာ္သည့္ လုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔သို႔ေဆာင္႐ြက္ေနစဥ္ ပိုက္လိုင္းအတြင္းရွိ ဆီလက္က်န္မ်ားမွတစ္ဆင့္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ကာ ျမန္မာႏိုင္ငံသားအလုပ္သမား (၇)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အဆိုပါေသဆုံးသူအလုပ္သမားမ်ား၏ က်န္ရစ္သူမိသားစုမ်ားမွ ရသင့္ရထိုက္သည့္ နစ္နာေၾကးမ်ားရရွိရန္အတြက္ အလုပ္သမားသံအရာရွိ႐ုံး ႏွင့္ စမုစခြန္ခ႐ိုင္၊ လူမႈဖူလုံေရး႐ုံးမွ တာဝန္ရွိသူမ်ား ပူေပါင္းေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ထိုင္းႏိုင္ငံရွိ မိသားစုဝင္မ်ားအား ေဖေဖာ္ဝါရီလ(၉)ရက္ ႏွင့္ မတ္လ(၂၇)ရက္တို႔တြင္ စမုစခြန္ခ႐ိုင္၊ လူမႈဖူလုံေရး႐ုံး ႏွင့္ ျမန္မာႏိုင္ငံတြင္ က်န္ရစ္သည့္ မိသားစုဝင္မ်ားအား ဆက္သြယ္၍ ဇြန္လ(၆)ရက္တြင္ မဲေဆာက္ၿမိဳ႕လူမႈဖူလုံေရး႐ုံးတြင္ လိုအပ္သည့္ စာ႐ြက္ စာတမ္းမ်ား စိစစ္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေသဆုံးသူ(၇)ဦးအနက္မွ စာ႐ြက္စာတမ္းႏွင့္ အခ်က္အလက္မ်ားျပည့္စုံေသာ မိသားစု(၄)စုကို ယမန္ေန႔(ဩဂုတ္လ ၂၂ ရက္)တြင္ စမုစခြန္ခ႐ိုင္၊ လူမႈဖူလုံေရး႐ုံး၌ နစ္နာေၾကးေငြစုစုေပါင္း ဘတ္ (၂)သန္းနီးပါကို ေပးအပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ က်န္ရွိသည့္ မိသားစု(၃)စုအတြက္လည္း နစ္နာေၾကးမ်ား အျမန္ဆုံးရရွိရန္ ဆက္ လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း အလုပ္သမားသံအရာရွိ႐ုံးမွ ထုတ္ျပန္ထားသည္။