စင်္ကာပူနိုင်ငံ အလံတင် ရေနံတင်သင်္ဘော ဆူးအက်တူးမြောင်းအတွင်း အခြားသင်္ဘောတစ်စီးနဲ့ တိုက်မိမှုဖြစ်ပွား

1802

ရောင်နီ(NP News) - သြဂုတ် ၂၄
စင်ကာပူနိုင်ငံအလံပါ LNG ရေနံတင်သင်္ဘော BW Lesmes နဲ့ Cayman ကျွန်းစုအလံပါ Burri ရေနံတင် သင်္ဘောဟာ အီဂျစ်နိုင်ငံ ဆူးအက်တူးမြောင်းမှာ ခဏတာတိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ သင်္ဘောခြေရာခံကုမ္ပဏီ Marine Traffic က ဗုဒ္ဓဟူးနေ့ (သြဂုတ် ၂၃ ရက်) အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
လတ်တလော LNG ရေနံတင်သင်္ဘော BW Lesmes ကို ဆူးအက်ကျောက်ချ ရပ်နားဧရိယာကို ဆွဲတင်သွားမယ်လို့ သင်္ဘောသတင်းရင်းမြစ်တွေက ပြောကြားပါတယ်။
Marine Traffic မှ မျှဝေထားတဲ့ time-lapse မှာ Burri သင်္ဘောဟာ ဘေးတိုက်ကွေ့လျက် အနေအထားဖြစ်နေပြီး BW Lesmes သင်္ဘောနဲ့တိုက်မိထားတဲ့ပုံစံကို မြင်တွေ့ရပါတယ်။ တိုက်မိတဲ့ အချိန်ကတော့ နံနက်အစောပိုင်း ၅ နာရီဝန်းကျင်အချိန်လောက်ဖြစ်မယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆူးအက်တူးမြောင်းအာဏာပိုင်ဆီက ချက်ချင်းအတည်ပြုချက် မရသေးပါဘူး။ စင်္ကာပူရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင် (MPA) က ဗုဒ္ဓဟူးနေ့ နံနက် ၅ နာရီ ၃ဝ ခန့်မှာ အဆိုပါအဖြစ်အပျက်ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ BW Lesmes သင်္ဘောကို ရပ်တန့်ထားပေမယ်လည်း နောက်ပိုင်းမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့အကူအညီနဲ့ ပြန်လည်နေရာချထားမယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားပါတယ်။ မတော်တဆမှုကြောင့် သင်္ဘောသားထိခိုက်ဒဏ်ရာရရှိမှု မရှိသလို လေထုညစ်ညမ်းမှုလည်း မရှိကြောင်း သိရပါတယ်။
ဆူးအက်တူးမြောင်းဟာ ကမ္ဘာ့လုံးဆိုင်ရာကုန်သွယ်မှုရဲ့အဓိကလမ်းကြောင်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၁၂ ရာခိုင်နှုန်းခန့်ဟာ ၎င်းကို ဖြတ်သန်းသွားလာရပါတယ်။

စကၤာပူႏိုင္ငံ အလံတင္ ေရနံတင္သေဘၤာ ဆူးအက္တူးေျမာင္းအတြင္း အျခားသေဘၤာတစ္စီးနဲ႔ တိုက္မိမႈျဖစ္ပြား
ေရာင္နီ(NP News) - ၾသဂုတ္ ၂၄
စင္ကာပူႏိုင္ငံအလံပါ LNG ေရနံတင္သေဘၤာ BW Lesmes နဲ႔ Cayman ကြၽန္းစုအလံပါ Burri ေရနံတင္ သေဘၤာဟာ အီဂ်စ္ႏိုင္ငံ ဆူးအက္တူးေျမာင္းမွာ ခဏတာတိုက္မိမႈျဖစ္ပြားခဲ့တယ္လို႔ သေဘၤာေျခရာခံကုမၸဏီ Marine Traffic က ဗုဒၶဟူးေန႔ (ၾသဂုတ္ ၂၃ ရက္) အေစာပိုင္းမွာ ေျပာၾကားခဲ့ပါတယ္။
လတ္တေလာ LNG ေရနံတင္သေဘၤာ BW Lesmes ကို ဆူးအက္ေက်ာက္ခ် ရပ္နားဧရိယာကို ဆြဲတင္သြားမယ္လို႔ သေဘၤာသတင္းရင္းျမစ္ေတြက ေျပာၾကားပါတယ္။
Marine Traffic မွ မွ်ေဝထားတဲ့ time-lapse မွာ Burri သေဘၤာဟာ ေဘးတိုက္ေကြ႕လ်က္ အေနအထားျဖစ္ေနၿပီး BW Lesmes သေဘၤာနဲ႔တိုက္မိထားတဲ့ပုံစံကို ျမင္ေတြ႕ရပါတယ္။ တိုက္မိတဲ့ အခ်ိန္ကေတာ့ နံနက္အေစာပိုင္း ၅ နာရီဝန္းက်င္အခ်ိန္ေလာက္ျဖစ္မယ္လို႔ သိရပါတယ္။
ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ဆူးအက္တူးေျမာင္းအာဏာပိုင္ဆီက ခ်က္ခ်င္းအတည္ျပဳခ်က္ မရေသးပါဘူး။ စကၤာပူေရေၾကာင္းနဲ႔ ဆိပ္ကမ္းအာဏာပိုင္ (MPA) က ဗုဒၶဟူးေန႔ နံနက္ ၅ နာရီ ၃ဝ ခန႔္မွာ အဆိုပါအျဖစ္အပ်က္ကို အေၾကာင္းၾကားခဲ့တာျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ BW Lesmes သေဘၤာကို ရပ္တန႔္ထားေပမယ္လည္း ေနာက္ပိုင္းမွာ ေဒသဆိုင္ရာ အာဏာပိုင္ေတြရဲ႕အကူအညီနဲ႔ ျပန္လည္ေနရာခ်ထားမယ္လို႔ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားပါတယ္။ မေတာ္တဆမႈေၾကာင့္ သေဘၤာသားထိခိုက္ဒဏ္ရာရရွိမႈ မရွိသလို ေလထုညစ္ညမ္းမႈလည္း မရွိေၾကာင္း သိရပါတယ္။
ဆူးအက္တူးေျမာင္းဟာ ကမာၻ႔လုံးဆိုင္ရာကုန္သြယ္မႈရဲ႕အဓိကလမ္းေၾကာင္းတစ္ခုျဖစ္ၿပီး ကမာၻ႔ကုန္သြယ္မႈရဲ႕ ၁၂ ရာခိုင္ႏႈန္းခန႔္ဟာ ၎ကို ျဖတ္သန္းသြားလာရပါတယ္။