လယ်မြေပေါ်၌ နေအိမ်အခိုင်အမာဆောက်လုပ်ထားမှုများကို ဖြေရှင်းမည့်နည်းလမ်း နှင့် ၎င်းကဲ့သို့ ထပ်မံမရှိစေ ရေးလုပ်ဆောင်မည့်နည်းလမ်းများကို နစက ရှာဖွေနေ

 6065

မျိုးကြီး (NP News) - သြဂုတ် ၂၅

လယ်မြေများပေါ်၌ နေအိမ်အခိုင်အမာဆောက်လုပ်ထားမှုများကို ဖြေရှင်းမည့်နည်းလမ်းနှင့် ၎င်းကဲ့သို့ ထပ်မံမရှိ စေရေး လုပ်ဆောင်မည့်နည်းလမ်းများကို နစကမှ ရှာဖွေနေကြောင်း သတင်းရရှိသည်။

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောက် ထပ်မံမဖြစ်ပွားစေရေး အတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်းရေးဆွဲပြုစုရေးဦးစီးကော်မတီအစည်းအဝေးကို ယမန်နေ့က နေပြည်တော်၌ ကျင်းပခဲ့သည်။

၎င်းအစည်းအဝေး၌ ဦးစီးကော်မတီဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမင်းနောင်က နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေးနှင့် လယ်ယာမြေများမလျော့ပါးစေရေးအတွက် ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ၊ လယ်ယာမြေဥပဒေတို့၌ လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းသုံးစွဲခြင်း မပြုရန် ပြဋ္ဌာန်းထားသည်ဟု ဆိုသည်။

သို့သော် လက်ရှိတွင် ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်း ဆောင်ရွက်ရန် လိုအပ်လာကြောင်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်းရေးဆွဲ ပြုစုရန် ဆောင်ရွက်သွားရမည်ဟု ဝန်ကြီးက ဆက်လက်ပြောသည်။

ထိုသို့ရေးဆွဲပြုစုရာတွင် လက်ရှိမြေပြင်၌ ဖြစ်ပေါ်နေသည့် ဥပဒေမဲ့ကျူးလွန်လုပ်ဆောင်မှုများကို စနစ်တကျ လေ့လာဆန်းစစ်ကာ ပြည်သူများ နစ်နာမှုမရှိစေရေး ဖော်ထုတ်အကြံပြုရန်လည်း ဝန်ကြီးဦးမင်းနောင်က တိုက်တွန်းထားသည်။

တည်ဆဲလယ်ယာမြေဥပဒေနှင့် လယ်ယာမြေနည်းဥပဒေများကို မျက်ကွက်ပြုပြီး လယ်မြေများကို ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ မြို့မြေ၊ ရွာမြေကဲ့သို့ အခိုင်အမာနေအိမ်ဆောက်လုပ်ခြင်း၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ စက်ရုံအလုပ်ရုံများ ဆောက်လုပ်ခြင်းစသည့် ဥပဒေမဲ့လုပ်ဆောင်နေမှုများကို ဖြေရှင်းရန်နည်းလမ်းများနှင့် ထပ်မံ မဖြစ်ပွားရေးအတွက် နည်းလမ်းများကို နစကမှ ရှာဖွေလျက်ရှိသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နစကအနေဖြင့် ယခု သြဂုတ်လ ၁ဝ ရက်တွင် လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေး ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်းရေးဆွဲပြုစုရေးဦးစီးကော်မတီကိုဖွဲ့စည်းကာ တာဝန်များပေးထားကြောင်း သိရသည်။

ယင်းဦးစီးကော်မတီအနေဖြင့် စိုက်ပျိုးမြေများ မလျော့ပါးစေရေး၊ တိုးပွားလာသည့် ပြည်သူလူထု နေထိုင်နိုင်ရန် မြေနေရာလုံလောက်ရေး၊ စက်ရုံအလုပ်ရုံများအတွက် မြေနေရာအသုံးပြုနိုင်ရေးတို့ကို အခြေခံကာ လုပ်ထုံး လုပ်နည်းစံနှုန်းများကို ဖော်ထုတ်ရေးဆွဲသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

လက်ရှိ နစကလက်ထက်တွင် လယ်မြေများပေါ်၌ ခွင့်ပြုချက်မရရှိဘဲ လူနေအိမ်များ ဆောက်လုပ်သည်ဟုဆိုကာ ဖြိုချဖျက်ဆီးမှုများရှိခဲ့ပြီး ဒုက္ခရောက်ခဲ့သည့် နိုင်ငံသားများလည်း ရှိခဲ့သည်။

မန္တလေးတိုင်းအတွင်းရှိ ပြင်ဦးလွင်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်တို့တွင်လည်း လယ်မြေယာများပေါ်၌ ခွင့်ပြုချက် မရရှိဘဲ လူနေအိမ်ဆောက်လုပ်သည်ဟုဆိုကာ ပြောင်းရွေ့ဖယ်ရှားခိုင်းမှုများရှိခဲ့ပြီး ယင်းကဲ့သို့ ဖယ်ရှားခိုင်းခဲ့သော လူနေအိမ်များထဲတွင် တန်ဖိုးကြီး အဆောက်အအုံများလည်း ပါဝင်ခဲ့သည်ကို တွေ့ရှိရသည်။

“ကျွန်တော်တို့ နစကဥက္ကဋ္ဌထံမှာ အသနားခံစာတင်ခဲ့တာရှိတယ်။ ကျွန်တော်တို့ အိမ်တွေကို ရှိတာလေးနဲ့ ပိုက်ဆံအကုန်ကျခံပြီး သေချာဆောက်ထားတာ။ လယ်ယာမြေလို့တော့ သေချာမသိဘူးလေ။ ဘေးပတ်ဝန်းကျင်မှာ လည်း အိမ်တွေက အများကြီးဆိုတော့ ကျွန်တော်တို့က မြေဝယ်ပြီးတော့ ဆောက်တာပေါ့။ အခုမှ လယ်မြေပေါ်မှ ဆောက်ထားလို့ ဖယ်ရမယ်ဆိုတော့ အတော်လေးကို ဒုက္ခရောက်မှာပေါ့။ ပြည်သူတွေကိုကြည့်တဲ့အနေနဲ့ ထိုက်သင့်တဲ့ဒဏ်ကြေးဖြစ်ဖြစ်၊ အခွန်ဖြစ်ဖြစ် ဆောင်ခိုင်းပြီးတော့ ခွင့်ပြုပေးစေလိုပါတယ်” ဟု လယ်မြေပေါ်မှ လူနေအိမ်အား ဖယ်ရှားပေးရန် အမိန့်ထုတ်ခံထားရသည့် ပြင်ဦးလွင်မြို့နယ်ရှိ ဒေသခံတစ်ဦးက NP News ကို ပြောသည်။

Zawgyi Version;
လယ္ေျမေပၚ၌ ေနအိမ္အခိုင္အမာေဆာက္လုပ္ထားမႈမ်ားကို ေျဖရွင္းမည့္နည္းလမ္း ႏွင့္ ၎ကဲ့သို႔ ထပ္မံမရွိေစေရးလုပ္ေဆာင္မည့္နည္းလမ္းမ်ားကို နစက ရွာေဖြေန
မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၂၅

လယ္ေျမမ်ားေပၚ၌ ေနအိမ္အခိုင္အမာေဆာက္လုပ္ထားမႈမ်ားကို ေျဖရွင္းမည့္နည္းလမ္းႏွင့္ ၎ကဲ့သို႔ ထပ္မံမရွိ ေစေရး လုပ္ေဆာင္မည့္နည္းလမ္းမ်ားကို နစကမွ ရွာေဖြေနေၾကာင္း သတင္းရရွိသည္။

လယ္ယာေျမကို အျခားနည္းသုံးစြဲထားမႈမ်ား ေျဖရွင္းေဆာင္႐ြက္မည့္နည္းလမ္းႏွင့္ ေနာက္ ထပ္မံမျဖစ္ပြားေစေရး အတြက္ ေဆာင္႐ြက္မည့္နည္းလမ္းမ်ား လုပ္ထုံးလုပ္နည္းစံႏႈန္းေရးဆြဲျပဳစုေရးဦးစီးေကာ္မတီအစည္းအေဝးကို ယမန္ေန႔က ေနျပည္ေတာ္၌ က်င္းပခဲ့သည္။

၎အစည္းအေဝး၌ ဦးစီးေကာ္မတီဥကၠ႒၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဦးမင္းေနာင္က ႏိုင္ငံေတာ္၏ စားေရရိကၡာဖူလုံေရးႏွင့္ လယ္ယာေျမမ်ားမေလ်ာ့ပါးေစေရးအတြက္ ၁၉၅၃ ခုႏွစ္ လယ္ယာေျမ ႏိုင္ငံပိုင္ျပဳလုပ္ေရးအက္ဥပေဒ၊ လယ္ယာေျမဥပေဒတို႔၌ လယ္ယာေျမကို ခြင့္ျပဳမိန႔္မရွိဘဲ အျခားနည္းသုံးစြဲျခင္း မျပဳရန္ ျပ႒ာန္းထားသည္ဟု ဆိုသည္။

သို႔ေသာ္ လက္ရွိတြင္ ဥပေဒႏွင့္အညီ ခြင့္ျပဳခ်က္မရွိဘဲ လယ္ယာေျမကို အျခားနည္းသုံးစြဲထားမႈမ်ား ေျဖရွင္း ေဆာင္႐ြက္ရန္ လိုအပ္လာေၾကာင္းႏွင့္ ေနာင္ထပ္မံမျဖစ္ပြားေစေရးအတြက္ ေဆာင္႐ြက္မည့္နည္းလမ္းမ်ား လုပ္ထုံးလုပ္နည္းစံႏႈန္းေရးဆြဲ ျပဳစုရန္ ေဆာင္႐ြက္သြားရမည္ဟု ဝန္ႀကီးက ဆက္လက္ေျပာသည္။

ထိုသို႔ေရးဆြဲျပဳစုရာတြင္ လက္ရွိေျမျပင္၌ ျဖစ္ေပၚေနသည့္ ဥပေဒမဲ့က်ဴးလြန္လုပ္ေဆာင္မႈမ်ားကို စနစ္တက် ေလ့လာဆန္းစစ္ကာ ျပည္သူမ်ား နစ္နာမႈမရွိေစေရး ေဖာ္ထုတ္အႀကံျပဳရန္လည္း ဝန္ႀကီးဦးမင္းေနာင္က တိုက္တြန္းထားသည္။

တည္ဆဲလယ္ယာေျမဥပေဒႏွင့္ လယ္ယာေျမနည္းဥပေဒမ်ားကို မ်က္ကြက္ျပဳၿပီး လယ္ေျမမ်ားကို ဥပေဒႏွင့္အညီ ခြင့္ျပဳခ်က္မရွိဘဲ ၿမိဳ႕ေျမ၊ ႐ြာေျမကဲ့သို႔ အခိုင္အမာေနအိမ္ေဆာက္လုပ္ျခင္း၊ အေဆာက္အအုံမ်ား ေဆာက္လုပ္ျခင္း၊ စက္႐ုံအလုပ္႐ုံမ်ား ေဆာက္လုပ္ျခင္းစသည့္ ဥပေဒမဲ့လုပ္ေဆာင္ေနမႈမ်ားကို ေျဖရွင္းရန္နည္းလမ္းမ်ားႏွင့္ ထပ္မံ မျဖစ္ပြားေရးအတြက္ နည္းလမ္းမ်ားကို နစကမွ ရွာေဖြလ်က္ရွိသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္သည့္ နစကအေနျဖင့္ ယခု ၾသဂုတ္လ ၁ဝ ရက္တြင္ လယ္ယာေျမကို အျခားနည္းသုံးစြဲထားမႈမ်ား ေျဖရွင္းေဆာင္႐ြက္မည့္နည္းလမ္းႏွင့္ ေနာင္ထပ္မံမျဖစ္ပြားေစေရး ေဆာင္႐ြက္မည့္ နည္းလမ္းမ်ား လုပ္ထုံးလုပ္နည္းစံႏႈန္းေရးဆြဲျပဳစုေရးဦးစီးေကာ္မတီကိုဖြဲ႕စည္းကာ တာဝန္မ်ားေပးထားေၾကာင္း သိရသည္။

ယင္းဦးစီးေကာ္မတီအေနျဖင့္ စိုက္ပ်ိဳးေျမမ်ား မေလ်ာ့ပါးေစေရး၊ တိုးပြားလာသည့္ ျပည္သူလူထု ေနထိုင္ႏိုင္ရန္ ေျမေနရာလုံေလာက္ေရး၊ စက္႐ုံအလုပ္႐ုံမ်ားအတြက္ ေျမေနရာအသုံးျပဳႏိုင္ေရးတို႔ကို အေျခခံကာ လုပ္ထုံး လုပ္နည္းစံႏႈန္းမ်ားကို ေဖာ္ထုတ္ေရးဆြဲသြားမည္ျဖစ္ေၾကာင္း အသိေပးထားသည္။

လက္ရွိ နစကလက္ထက္တြင္ လယ္ေျမမ်ားေပၚ၌ ခြင့္ျပဳခ်က္မရရွိဘဲ လူေနအိမ္မ်ား ေဆာက္လုပ္သည္ဟုဆိုကာ ၿဖိဳခ်ဖ်က္ဆီးမႈမ်ားရွိခဲ့ၿပီး ဒုကၡေရာက္ခဲ့သည့္ ႏိုင္ငံသားမ်ားလည္း ရွိခဲ့သည္။

မႏၲေလးတိုင္းအတြင္းရွိ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ပုသိမ္ႀကီးၿမိဳ႕နယ္တို႔တြင္လည္း လယ္ေျမယာမ်ားေပၚ၌ ခြင့္ျပဳခ်က္ မရရွိဘဲ လူေနအိမ္ေဆာက္လုပ္သည္ဟုဆိုကာ ေျပာင္းေ႐ြ႕ဖယ္ရွားခိုင္းမႈမ်ားရွိခဲ့ၿပီး ယင္းကဲ့သို႔ ဖယ္ရွားခိုင္းခဲ့ေသာ လူေနအိမ္မ်ားထဲတြင္ တန္ဖိုးႀကီး အေဆာက္အအုံမ်ားလည္း ပါဝင္ခဲ့သည္ကို ေတြ႕ရွိရသည္။

“ကြၽန္ေတာ္တို႔ နစကဥကၠ႒ထံမွာ အသနားခံစာတင္ခဲ့တာရွိတယ္။ ကြၽန္ေတာ္တို႔ အိမ္ေတြကို ရွိတာေလးနဲ႔ ပိုက္ဆံအကုန္က်ခံၿပီး ေသခ်ာေဆာက္ထားတာ။ လယ္ယာေျမလို႔ေတာ့ ေသခ်ာမသိဘူးေလ။ ေဘးပတ္ဝန္းက်င္မွာ လည္း အိမ္ေတြက အမ်ားႀကီးဆိုေတာ့ ကြၽန္ေတာ္တို႔က ေျမဝယ္ၿပီးေတာ့ ေဆာက္တာေပါ့။ အခုမွ လယ္ေျမေပၚမွ ေဆာက္ထားလို႔ ဖယ္ရမယ္ဆိုေတာ့ အေတာ္ေလးကို ဒုကၡေရာက္မွာေပါ့။ ျပည္သူေတြကိုၾကည့္တဲ့အေနနဲ႔ ထိုက္သင့္တဲ့ဒဏ္ေၾကးျဖစ္ျဖစ္၊ အခြန္ျဖစ္ျဖစ္ ေဆာင္ခိုင္းၿပီးေတာ့ ခြင့္ျပဳေပးေစလိုပါတယ္” ဟု လယ္ေျမေပၚမွ လူေနအိမ္အား ဖယ္ရွားေပးရန္ အမိန႔္ထုတ္ခံထားရသည့္ ျပင္ဦးလြင္ၿမိဳ႕နယ္ရွိ ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

Related news

© 2021. All rights reserved.