ရေကြောင်းသိပ္ပံပညာ (ဂုဏ်ထူး)ဘွဲ့ဆိုင်ရာ ပထမနှစ်သင်တန်းအတွက် သင်တန်းသား/သူ (၃ဝဝ) လက်ခံသွားမည်

1415
စော(NP News) - ဩဂုတ် ၂၇
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ရေကြောင်းသိပ္ပံပညာ (ဂုဏ်ထူး)ဘွဲ့ဆိုင်ရာ ပထမနှစ်သင်တန်းအတွက် သင်တန်းသားများခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ ယနေ့(ဩဂုတ်လ ၂၇ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါသင်တန်းတွင် အင်ဂျင်နီယာဘွဲ့ဖြစ်သည့် ရေယာဉ်တည်ဆောက်မှု၊ ရေကြောင်းအင်ဂျင်နီယာ၊ ဆိပ်ကမ်းအင်ဂျင်နီယာ၊ မြစ်ချောင်းနှင့်ကမ်းရိုးတန်းအင်ဂျင်နီယာတို့ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အင်ဂျင်နီယာဘွဲ့ဖြစ်သည့် ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ်အင်ဂျင်နီယာ၊ ရေကြောင်းစက်မှုအင်ဂျင်နီယာနှင့် သိပ္ပံဂုဏ်ထူးဘွဲ့ဖြစ်သည့် ရေကြောင်းသိပ္ပံကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
၎င်းသင်တန်းများအတွက် သင်တန်းသားဦးရေ စုစုပေါင်း(၃၀၀)သာလက်ခံသွားမည်ဖြစ်ပြီး လုပ်ငန်းသဘောသဘာဝအရ အမျိုးသမီးဦးရေ(၂၀)ရာခိုင်နှုန်းသာ လက်ခံနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
မြန်မာနိုင်ငံရေကြောင်းတက္ကသိုလ်သို့ တက်ရောက်လိုသူများသည် (၂၀၂၃)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၄၂၀)နှင့်အထက်ရရှိရန်လိုအပ်ကြောင်း ထုတ်ပြန်အရ သိရသည်။
ထို့ပြင်လျှောက်ထားလိုသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ နှင့် ပထဝီဝင်ဘာသာရပ်များဖြင့် အောင်မြင်သူဖြစ်ရန်လိုကြောင်း သိရသည်။
ဝင်ခွင့်လျှောက်လွှာပုံစံကို ဩဂုတ်လ (၂၈)ရက်မှစတင်၍ တက္ကသိုလ်၏ Website သို့မဟုတ် ကျောင်း သားရေးရာဌာနတွင် ရယူနိုင်ပြီး စာတိုက်မှဖြစ်စေ ၊ လူကိုယ်တိုင်ဖြစ်စေ ကျောင်းသားရေးရာဌာနသို့ စက်တင်ဘာလ(၂၉)ရက်အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။

zawgyi version
ေရေၾကာင္းသိပၸံပညာ (ဂုဏ္ထူး)ဘြဲ႕ဆိုင္ရာ ပထမႏွစ္သင္တန္းအတြက္ သင္တန္းသား/သူ (၃ဝဝ) လက္ခံသြားမည္
ေစာ(NP News) - ဩဂုတ္ ၂၇
ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္မွ ေရေၾကာင္းသိပၸံပညာ (ဂုဏ္ထူး)ဘြဲ႕ဆိုင္ရာ ပထမႏွစ္သင္တန္းအတြက္ သင္တန္းသားမ်ားေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္မွ ယေန႔(ဩဂုတ္လ ၂၇ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။
အဆိုပါသင္တန္းတြင္ အင္ဂ်င္နီယာဘြဲ႕ျဖစ္သည့္ ေရယာဥ္တည္ေဆာက္မႈ၊ ေရေၾကာင္းအင္ဂ်င္နီယာ၊ ဆိပ္ကမ္းအင္ဂ်င္နီယာ၊ ျမစ္ေခ်ာင္းႏွင့္ကမ္း႐ိုးတန္းအင္ဂ်င္နီယာတို႔ကို ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အင္ဂ်င္နီယာဘြဲ႕ျဖစ္သည့္ ေရေၾကာင္းလွ်ပ္စစ္ႏွင့္ အီလက္ထေရာနစ္အင္ဂ်င္နီယာ၊ ေရေၾကာင္းစက္မႈအင္ဂ်င္နီယာႏွင့္ သိပၸံဂုဏ္ထူးဘြဲ႕ျဖစ္သည့္ ေရေၾကာင္းသိပၸံကိုလည္း ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
၎သင္တန္းမ်ားအတြက္ သင္တန္းသားဦးေရ စုစုေပါင္း(၃၀၀)သာလက္ခံသြားမည္ျဖစ္ၿပီး လုပ္ငန္းသေဘာသဘာဝအရ အမ်ိဳးသမီးဦးေရ(၂၀)ရာခိုင္ႏႈန္းသာ လက္ခံႏိုင္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ျမန္မာႏိုင္ငံေရေၾကာင္းတကၠသိုလ္သို႔ တက္ေရာက္လိုသူမ်ားသည္ (၂၀၂၃)ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို အမွတ္(၄၂၀)ႏွင့္အထက္ရရွိရန္လိုအပ္ေၾကာင္း ထုတ္ျပန္အရ သိရသည္။
ထို႔ျပင္ေလွ်ာက္ထားလိုသူမ်ားသည္ ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ႐ူပေဗဒ၊ ဓာတုေဗဒ၊ ဇီဝေဗဒ၊ ေဘာဂေဗဒ ႏွင့္ ပထဝီဝင္ဘာသာရပ္မ်ားျဖင့္ ေအာင္ျမင္သူျဖစ္ရန္လိုေၾကာင္း သိရသည္။
ဝင္ခြင့္ေလွ်ာက္လႊာပုံစံကို ဩဂုတ္လ (၂၈)ရက္မွစတင္၍ တကၠသိုလ္၏ Website သို႔မဟုတ္ ေက်ာင္း သားေရးရာဌာနတြင္ ရယူႏိုင္ၿပီး စာတိုက္မွျဖစ္ေစ ၊ လူကိုယ္တိုင္ျဖစ္ေစ ေက်ာင္းသားေရးရာဌာနသို႔ စက္တင္ဘာလ(၂၉)ရက္အထိ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။