အောက်တိုဘာလအစောပိုင်းတွင် မြန်မာတစ်နိုင်ငံလုံးမှ မုတ်သုံထွက်ခွာနိုင်သော်လည်း မိုးရွာသွန်းမှုများဆက်လက်ဖြစ်ပေါ်နိုင်ဟု မိုးဇလခန့်မှန်း

989
ယွန်း (NP News)- သြဂုတ် ၂၈
လာမည့် စက်တင်ဘာလ(၁၂)ရက်မှစတင်ကာ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ စတင်ထွက်ခွာနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(သြဂုတ်လ ၂၈ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
စက်တင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
ထို့ပြင် အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာလ(၁၂)ရက်မှ (၁၈)ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှလည်းကောင်း၊ စက်တင်ဘာလ(၁၉)ရက်မှ (၂၅)ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှလည်းကောင်း ထွက်ခွာသွားနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရဿည်။
အဆိုပါအနောက်တောင်မုတ်သုံလေသည် စက်တင်ဘာလ(၂၆)ရက်နှင့် အောက်တိုဘာလ(၁)ရက်များတွင် မြစ်ဝကျွန်းပေါ်ဒေသမျာမှ ဆုတ်ခွာသွားနိုင်ပြီး မြန်မာတစ်နိုင်ငံမှ မုတ်သုံလေထွက်ခွာနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထုတ်ပြန်ထားသည်။
ထိုသို့ မုတ်သုံလေဆုတ်ခွာသွားသော်လည်း အရှေ့ဘက်မှလာသည့် လေပွေလှိုင်းများနှင့် မုန်တိုင်းအကြွင်း အကျန်များကြောင့် မိုးရွာသွန်းမှုများဆက်လက်ရှိနိုင်ကြောင်း မိုးဇလမှ အသိပေးထားသည်။
"မုတ်သုံဆုတ်သွားလို့ မိုးကတော့ဆုတ်သွားမှာမဟုတ်ဘူး၊။ အကြောင်းအမျိုးမျိုးကြောင့် မိုးရွာသွန်းမှုကတော့ရှိဦးမယ်။ ပြီးရင် မိုးနှောင်းကာလမှာ ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေကြောင့်လည်း မိုးကတော့ရွာနိုင်တဲ့အခြေအနေရှိတယ်။ ဒါပေမယ့် မုတ်သုံမိုးနဲ့တော့မတူဘူး တစ်ခါတစ်လေ မုန်တိုင်းမိုးကြောင့်ရွာတဲ့မိုးတွေဆိုတော့ သည်းထန်တာလည်းရှိမယ်"ဟု မိုးဇလမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကိုပြောသည်။
ထို့ပြင် လာမည့် စက်တင်ဘာလအတွင်း နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ အယ်လ်နီညိုရာသီဥတုသည် အားအသင့်အတင့်မှ အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
အဆိုပါရာသီဥတုသည် လက်ရှိအချိန်အထိ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုမရှိသေးသော်လည်း လာမည့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် အကျိုးသက်ရောက်မှု အနည်းငယ်ရှိလာနိုင်ကြောင်း ဦးလှထွန်းမှ သုံးသပ်ပြောကြားထားသည်။

zawgyi version
ေအာက္တိုဘာလအေစာပိုင္းတြင္ ျမန္မာတစ္ႏိုင္ငံလုံးမွ မုတ္သုံထြက္ခြာႏိုင္ေသာ္လည္း မိုး႐ြာသြန္းမႈမ်ားဆက္လက္ျဖစ္ေပၚႏိုင္ဟု မိုးဇလခန႔္မွန္း
ယြန္း (NP News)- ၾသဂုတ္ ၂၈
လာမည့္ စက္တင္ဘာလ(၁၂)ရက္မွစတင္ကာ အေနာက္ေတာင္မုတ္သုံေလသည္ ျမန္မာႏိုင္ငံေျမာက္ပိုင္းေဒသမ်ားမွ စတင္ထြက္ခြာႏိုင္ေၾကာင္း မိုးဇလမွ ခန႔္မွန္းထုတ္ျပန္ထားသည္။
မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ယေန႔(ၾသဂုတ္လ ၂၈ ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
စက္တင္ဘာလအတြင္း ဘဂၤလားပင္လယ္ေအာ္တြင္ ေလဖိအားနည္းရပ္ဝန္း(၂)ႀကိမ္ျဖစ္ေပၚႏိုင္ၿပီး (၁)ႀကိမ္တြင္ ပိုမိုအားေကာင္းလာကာ မုန္တိုင္းငယ္အျဖစ္ေရာက္ရွိႏိုင္ေၾကာင္း မိုးဇလမွ ထုတ္ျပန္ထားသည္။
ထို႔ျပင္ အေနာက္ေတာင္မုတ္သုံေလသည္ စက္တင္ဘာလ(၁၂)ရက္မွ (၁၈)ရက္အတြင္း ျမန္မာႏိုင္ငံေျမာက္ပိုင္းေဒသမွလည္းေကာင္း၊ စက္တင္ဘာလ(၁၉)ရက္မွ (၂၅)ရက္အတြင္း ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသမ်ားမွလည္းေကာင္း ထြက္ခြာသြားႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရႆည္။
အဆိုပါအေနာက္ေတာင္မုတ္သုံေလသည္ စက္တင္ဘာလ(၂၆)ရက္ႏွင့္ ေအာက္တိုဘာလ(၁)ရက္မ်ားတြင္ ျမစ္ဝကြၽန္းေပၚေဒသမ်ာမွ ဆုတ္ခြာသြားႏိုင္ၿပီး ျမန္မာတစ္ႏိုင္ငံမွ မုတ္သုံေလထြက္ခြာႏိုင္ေၾကာင္း မိုးဇလမွ ခန႔္မွန္းထုတ္ျပန္ထားသည္။
ထိုသို႔ မုတ္သုံေလဆုတ္ခြာသြားေသာ္လည္း အေရွ႕ဘက္မွလာသည့္ ေလေပြလႈိင္းမ်ားႏွင့္ မုန္တိုင္းအႂကြင္း အက်န္မ်ားေၾကာင့္ မိုး႐ြာသြန္းမႈမ်ားဆက္လက္ရွိႏိုင္ေၾကာင္း မိုးဇလမွ အသိေပးထားသည္။
"မုတ္သုံဆုတ္သြားလို႔ မိုးကေတာ့ဆုတ္သြားမွာမဟုတ္ဘူး၊။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိုး႐ြာသြန္းမႈကေတာ့ရွိဦးမယ္။ ၿပီးရင္ မိုးေႏွာင္းကာလမွာ ဘဂၤလားပင္လယ္ေအာ္မွာျဖစ္တဲ့ မုန္တိုင္းေတြေၾကာင့္လည္း မိုးကေတာ့႐ြာႏိုင္တဲ့အေျခအေနရွိတယ္။ ဒါေပမယ့္ မုတ္သုံမိုးနဲ႔ေတာ့မတူဘူး တစ္ခါတစ္ေလ မုန္တိုင္းမိုးေၾကာင့္႐ြာတဲ့မိုးေတြဆိုေတာ့ သည္းထန္တာလည္းရွိမယ္"ဟု မိုးဇလမွ ၫႊန္ၾကားေရးမႉး ဦးလွထြန္းက NP News ကိုေျပာသည္။
ထို႔ျပင္ လာမည့္ စက္တင္ဘာလအတြင္း ႏိုင္ငံတကာမိုးေလဝသဌာနမ်ား၏ သခ်ၤာပုံစံျပဳေမာ္ဒယ္မ်ား ခန႔္မွန္းခ်က္အရ အယ္လ္နီညိဳရာသီဥတုသည္ အားအသင့္အတင့္မွ အားေကာင္းေသာ အယ္လ္နီညိဳအေျခအေနသို႔ ေရာက္ရွိႏိုင္သည္ဟု ခန႔္မွန္းထားေၾကာင္း သိရသည္။
အဆိုပါရာသီဥတုသည္ လက္ရွိအခ်ိန္အထိ ျမန္မာႏိုင္ငံအေပၚ သက္ေရာက္မႈမရွိေသးေသာ္လည္း လာမည့္ ေအာက္တိုဘာလႏွင့္ ႏိုဝင္ဘာလမ်ားတြင္ အက်ိဳးသက္ေရာက္မႈ အနည္းငယ္ရွိလာႏိုင္ေၾကာင္း ဦးလွထြန္းမွ သုံးသပ္ေျပာၾကားထားသည္။