လားရှိုးမြို့၌ ရေနစ်ပျောက်ဆုံးခဲ့သည့် လူငယ်၏ ရုပ်အလောင်းအား (၁ဝ)ရက်ကြာပြီးနောက် ပြန်လည်တွေ့ရှိ

 2061

စော(NP News) - ဩဂုတ်လ ၃၁

ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ ရေအေးချောင်းအတွင်း ရေနစ်သေဆုံးခဲ့သည့် လူငယ်အမျိုးသား၏ ရုပ်အလောင်းအား ဆယ်ရက်အကြာတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါကလေးငယ်သည် ပြီးခဲ့သည့် (ဩဂုတ်လ ၂၀ ရက်)တွင် လားရှိုးမြို့၊ရေအေးချောင်းတွင် ရေကစားစဉ် ရေနစ်သေဆုံးသွားကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။

ရေနစ်သေဆုံးသွားသော အမျိုးသား၏ရုပ်အလောင်းအား လားရှိုးမြို့၊ အီနိုင်းကျေးရွာအုပ်စု၊ အီနိုင်လုံကျေးရွာအတွင်းရှိ ချောင်းတစ်ခုရှိ ကမ်းစပ်၌ ယမန်နေ့(ဩဂုတ်လ ၃၀ ရက်) ညနေ (၆)နာရီဝန်းကျင်အချိန်တွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလောင်းတွေ့ရှိသည့် နေရာသည် တောနက်သည့်အပြင် ချောင်း၏အနက်သည်လည်း ဝါးတစ်ပြန်ကျော်နက်ခြင်းကြောင့် မီးအလင်းရောင်ရရှိမှုအားနည်းခြင်းတို့ကြောင့် အခက်အခဲများရှိခဲ့ကြောင်း အထက်ပါအသင်းထံမှ သိရသည်။

အလောင်းအား ဆက်ရက်အကြာမှ ပြန်လည်တွေ့ရှိခဲ့ခြင်းကြောင့် ရုပ်အလောင်းသည် ပျက်စီးနေခဲ့ပြီး သေဆုံးသူနောက်ဆုံးဝတ်ဆင့်ခဲ့သည့် ဘောင်းဘီအား မိသားစုများမှ အတည်ပြုခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ သိရသည်။

သေဆုံးသူသည် အသက် (၁၈)နှစ်အရွယ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး လားရှိုးမြို့တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အလောင်းအား လားရှိုးမြို့ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံအကွက် (၈)၊ စိုက်ပျိုးရေခြံဝင်းရှိ ရေကန်ထဲ၌ ယနေ့ (ဩဂုတ်လ ၃၁ရက်)၊ ညနေ (၅)နာရီဝန်းကျင်အချိန်တွင် လူငယ်တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှ်ငးအသင်းထံမှ သိရသည်။

zawgyi version
လားရႈိးၿမိဳ႕၌ ေရနစ္ေပ်ာက္ဆုံးခဲ့သည့် လူငယ္၏ ႐ုပ္အေလာင္းအား (၁ဝ)ရက္ၾကာၿပီးေနာက္ ျပန္လည္ေတြ႕ရွိ

ေစာ(NP News) - ဩဂုတ္လ ၃၁

ရွမ္းျပည္နယ္၊ လားရႈိးၿမိဳ႕ရွိ ေရေအးေခ်ာင္းအတြင္း ေရနစ္ေသဆုံးခဲ့သည့္ လူငယ္အမ်ိဳးသား၏ ႐ုပ္အေလာင္းအား ဆယ္ရက္အၾကာတြင္ ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါကေလးငယ္သည္ ၿပီးခဲ့သည့္ (ဩဂုတ္လ ၂၀ ရက္)တြင္ လားရႈိးၿမိဳ႕၊ေရေအးေခ်ာင္းတြင္ ေရကစားစဥ္ ေရနစ္ေသဆုံးသြားေၾကာင္း လားရႈိးလူငယ္မ်ားလူမႈကူညီေရးအသင္းထံမွ သိရသည္။

ေရနစ္ေသဆုံးသြားေသာ အမ်ိဳးသား၏႐ုပ္အေလာင္းအား လားရႈိးၿမိဳ႕၊ အီႏိုင္းေက်း႐ြာအုပ္စု၊ အီႏိုင္လုံေက်း႐ြာအတြင္းရွိ ေခ်ာင္းတစ္ခုရွိ ကမ္းစပ္၌ ယမန္ေန႔(ဩဂုတ္လ ၃၀ ရက္) ညေန (၆)နာရီဝန္းက်င္အခ်ိန္တြင္ ျပန္လည္ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အေလာင္းေတြ႕ရွိသည့္ ေနရာသည္ ေတာနက္သည့္အျပင္ ေခ်ာင္း၏အနက္သည္လည္း ဝါးတစ္ျပန္ေက်ာ္နက္ျခင္းေၾကာင့္ မီးအလင္းေရာင္ရရွိမႈအားနည္းျခင္းတို႔ေၾကာင့္ အခက္အခဲမ်ားရွိခဲ့ေၾကာင္း အထက္ပါအသင္းထံမွ သိရသည္။

အေလာင္းအား ဆက္ရက္အၾကာမွ ျပန္လည္ေတြ႕ရွိခဲ့ျခင္းေၾကာင့္ ႐ုပ္အေလာင္းသည္ ပ်က္စီးေနခဲ့ၿပီး ေသဆုံးသူေနာက္ဆုံးဝတ္ဆင့္ခဲ့သည့္ ေဘာင္းဘီအား မိသားစုမ်ားမွ အတည္ျပဳခဲ့ေၾကာင္း လားရႈိးလူငယ္မ်ားလူမႈကူညီေရးအသင္းမွ သိရသည္။

ေသဆုံးသူသည္ အသက္ (၁၈)ႏွစ္အ႐ြယ္ဝန္းက်င္ရွိ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး လားရႈိးၿမိဳ႕တြင္ ေနထိုင္သူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ အေလာင္းအား လားရႈိးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

အလားတူ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၊ မင္းဂံအကြက္ (၈)၊ စိုက္ပ်ိဳးေရၿခံဝင္းရွိ ေရကန္ထဲ၌ ယေန႔ (ဩဂုတ္လ ၃၁ရက္)၊ ညေန (၅)နာရီဝန္းက်င္အခ်ိန္တြင္ လူငယ္တစ္ဦးေရနစ္ေသဆုံးခဲ့ေၾကာင္း ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွ္ငးအသင္းထံမွ သိရသည္။

Related news

© 2021. All rights reserved.