ပုသိမ်ကြီးမြို့နယ်တွင် ကားနှင့်ဆိုင်ကယ်တို့ တိုက်မိရာမှ အမျိုးသားတစ်ဦး ခြေလက်ကျိုးဒဏ်ရာများ ရရှိ

805

သန့်ဇင် (NP News) - စက်တင်ဘာ ၁
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ကားနှင့်ဆိုင်ကယ်တို့ တိုက်မိရာမှ အမျိုးသားတစ်ဦး ခြေလက်ကျိုးဒဏ်ရာ များရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ ၃၁ ရက်၊ ည ၉ နာရီအချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ ဘူးကုန်းရွာထိပ်တွင် ဖြစ်ပွားခဲ့ ကြောင်း နန်းတော်ရှေ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဘူးကုန်းရွာထဲကနေပြီး ဆိုင်ကယ်က အထွက် ကားကလဲ အရှေ့ကနေအနောက်ကို မောင်းလာတဲ့အချိန်မှာ တိုက်မိတာပေါ့နော်”ဟု နန်းတော်ရှေ့လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦးသည် ဘယ်လက်နှင့် ဘယ်ခြေထောက်ကျိုးသည့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ထိခိုက်ဒဏ်ရာရတဲ့လူက သူတစ်ယောက်တည်းပါဗျ။ ကားကတော့ ဘယ်ဘက်ခြမ်းပျက်စီးသွားတယ်ပေါ့နော်။ ဆိုင်ကယ်ကတော့ အင်ဂျင်လုံးပါ ကွဲကုန်တာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် ဒဏ်ရရှိခဲ့သည့် အမျိုးသားအား နန်းတော်ရှေ့လူမှုကူညီရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ ညနေ ၆ နာရီ ၂ဝ မိနစ်အချိန်ကလည်း ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ရွာထိပ်တွင် ဆိုင်ကယ်နှင့် ကားတို့တိုက်မှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါလူမှုကူညီရေးအသင်းထံမှ သိရသည်။

Zawgyi Version;
ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ ကားႏွင့္ဆိုင္ကယ္တို႔ တိုက္မိရာမွ အမ်ိဳးသားတစ္ဦး ေျခလက္က်ိဳးဒဏ္ရာမ်ား ရရွိ
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁
မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ ကားႏွင့္ဆိုင္ကယ္တို႔ တိုက္မိရာမွ အမ်ိဳးသားတစ္ဦး ေျခလက္က်ိဳးဒဏ္ရာ မ်ားရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ ဩဂုတ္လ ၃၁ ရက္၊ ည ၉ နာရီအခ်ိန္တြင္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ဘူးကုန္း႐ြာထိပ္တြင္ ျဖစ္ပြားခဲ့ ေၾကာင္း နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းထံမွ သိရသည္။
“ဘူးကုန္း႐ြာထဲကေနၿပီး ဆိုင္ကယ္က အထြက္ ကားကလဲ အေရွ႕ကေနအေနာက္ကို ေမာင္းလာတဲ့အခ်ိန္မွာ တိုက္မိတာေပါ့ေနာ္”ဟု နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေပၚမွ အမ်ိဳးသားတစ္ဦးသည္ ဘယ္လက္ႏွင့္ ဘယ္ေျခေထာက္က်ိဳးသည့္ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“ထိခိုက္ဒဏ္ရာရတဲ့လူက သူတစ္ေယာက္တည္းပါဗ်။ ကားကေတာ့ ဘယ္ဘက္ျခမ္းပ်က္စီးသြားတယ္ေပါ့ေနာ္။ ဆိုင္ကယ္ကေတာ့ အင္ဂ်င္လုံးပါ ကြဲကုန္တာ” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေနာက္ ဒဏ္ရရွိခဲ့သည့္ အမ်ိဳးသားအား နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းမွ မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။
အလားတူ ယမန္ေန႔ ညေန ၆ နာရီ ၂ဝ မိနစ္အခ်ိန္ကလည္း ပုသိမ္ႀကီးၿမိဳ႕နယ္၊ နန္းဦးလြင္႐ြာထိပ္တြင္ ဆိုင္ကယ္ႏွင့္ ကားတို႔တိုက္မႈေၾကာင့္ အမ်ိဳးသားတစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း အထက္ပါလူမႈကူညီေရးအသင္းထံမွ သိရသည္။