အခေါက်ရွှေအလေးချိန်ကို ဗဟိုဘဏ်စံချိန် တစ်ကျပ်သား (၁၂၆)ရွေးအဖြစ် ပြောင်းလဲသတ်မှတ်မည်

9712
NP News - စက်တင်ဘာ ၂
လက်ရှိတွင် အခေါက်ရွှေတစ်ကျပ်သားကို (၁၂၈)ရွေးသတ်မှတ်ထားသည့်အတွက် အခေါက် ရွှေစံချိန်ကို ဗဟိုဘဏ်သတ်မှတ်ချက်အတိုင်း ပြောင်းလဲလာပါက အခေါက်ရွှေပိုင်ဆိုင်ထားသူများအနေဖြင့် နှစ်ရွေးပိုမိုရရှိလာမည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။

အခေါက်ရွှေတစ်ကျပ်သားလျှင် (၁၂၆)ရွေး၊ ဂရမ်အားဖြင့် ၁၆ ဒသမ ၃၂၉၃ ဂရမ်ကို မြန်မာတစ်နိုင်ငံလုံးတပြေးညီ စံချိန်အဖြစ် ပြောင်းလဲသတ်မှတ်ရန် မြန်မာနိုင်ငံ စံချိန်စံညွှန်းသတ်မှတ်ရေးအဖွဲ့က မကြာမီလုပ်ထုံးလုပ်နည်းများ ထုတ်ပြန်မည်ဟုသိရသည်။
ယင်းသတ်မှတ်ချက်သည် ဗဟိုဘဏ်က ထုတ်ရောင်းသည့် ရွှေဒင်္ဂါး စံချိန်စံညွှန်း အရည်အ သွေးဖြစ်ကြောင်းသိရသည်။
“အခုအရောင်းအဝယ်လုပ်ထားတဲ့ အခေါက်ရွှေတစ်ကျပ်သားက ၁၂၈ ရွေးဖြစ်နေတာဟာ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာလောက်က ကျပ်ပဲရွေး တွက်ချက်မှုနဲ့ အရောင်းအဝယ်လုပ်ကတည်းက သတ်မှတ်ချက်ဖြစ်နေတာပါ။ အမှန်တကယ်တော့ တစ်ကျပ်သားရဲ့အလေးချိန်ဟာ ၁၂၆ ရွေးဘဲရှိပါတယ်။ အခုလိုပြောင်းလဲလိုက်တဲ့အတွက် တစ်ကျပ်သားအပေါ် ဂရမ်နဲ့တွက်ချက်လို့ပါရလာမယ်။ ကမ္ဘာ့ဈေးနဲ့ တိုက်ရိုက်တွက်လို့ရလာမှာပါ”ဟု ဦးမျိုးမြင့်ကပြော သည်။
အလေးချိန်စံချိန်သတ်မှတ်ပြောင်းလဲပြီးပါက ရွှေဆိုင်များတွင် ကျပ်ပဲရွေးသတ်မှတ်ချက်အပြင် ဂရမ်သတ်မှတ်ချက်ဖြင့် ပါဝယ်ယူနိုင်မည်ဟု ၎င်းကဆက်ပြောသည်။
ရွှေအလေးချိန်စံသတ်မှတ်ချက်ပြောင်းလဲမှုကြောင့် လက်ရှိအချိန်၌ ရွှေဝယ်ယူထားသူများသည် တစ်ကျပ်သားလျှင် နှစ်ရွေး ငွေကြေးပမာဏအားဖြင့် ငါးသောင်းဝန်းကျင် ပိုမိုရရှိနိုင်မည်ဟုသိရသည်။
မြန်မာနိုင်ငံတွင်ရွှေအလေးချိန်သတ်မှတ်ချက်ကို ရွှေသန့်စင်သည့်လုပ်ငန်းများက ကျပ်ပဲရွေးစနစ်ဖြင့်သတ်မှတ်ခဲ့ရာ ရှစ်ရွေးလျှင် တစ်ပဲ၊ ၁၆ပဲလျှင် တစ်ကျပ်သား အဖြစ်သတ်မှတ်ရာ တစ်ကျပ်သားလျှင် ၁၂၈ ရွေးအား အကယ်ဒမီ မီးလင်းအခေါက်ရွှေ အလေးချိန်အဖြစ် အရောင်းအဝယ်ပြုလုပ်နေခြင်းဖြစ်သည်။
အလေးချိန်အပေါ်စံချိန်စံညွှန်းသတ်မှတ်ချက်သည် ရွှေသာမက အခြား တွင်းထွက်ကုန်စည်များကိုလည်း သက်ရောက်မှုရှိမည်ဖြစ်ပြိး လတ်တလော ကမ္ဘာ့ဈေးကွက်ပေါက်ဈေးနှင့် တိုက်ရိုက် ချိတ်ဆက်ရန်အတွက် အရေးပါကြောင်းသိရသည်။

zawgyi version
အေခါက္ေ႐ႊအေလးခ်ိန္ကို ဗဟိုဘဏ္စံခ်ိန္ တစ္က်ပ္သား (၁၂၆)ေ႐ြးအျဖစ္ ေျပာင္းလဲသတ္မွတ္မည္
NP News - စက္တင္ဘာ ၂
လက္ရွိတြင္ အေခါက္ေ႐ႊတစ္က်ပ္သားကို (၁၂၈)ေ႐ြးသတ္မွတ္ထားသည့္အတြက္ အေခါက္ ေ႐ႊစံခ်ိန္ကို ဗဟိုဘဏ္သတ္မွတ္ခ်က္အတိုင္း ေျပာင္းလဲလာပါက အေခါက္ေ႐ႊပိုင္ဆိုင္ထားသူမ်ားအေနျဖင့္ ႏွစ္ေ႐ြးပိုမိုရရွိလာမည္ဟု ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးျမင့္ကေျပာသည္။
အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ၁၂၆ ေ႐ြး၊ ဂရမ္အားျဖင့္ ၁၆ ဒသမ ၃၂၉၃ ဂရမ္ကို ျမန္မာတစ္ႏိုင္ငံလုံးတေျပးညီ စံခ်ိန္အျဖစ္ ေျပာင္းလဲသတ္မွတ္ရန္ ျမန္မာႏိုင္ငံ စံခ်ိန္စံၫႊန္းသတ္မွတ္ေရးအဖြဲ႕က မၾကာမီလုပ္ထုံးလုပ္နည္းမ်ား ထုတ္ျပန္မည္ဟုသိရသည္။
ယင္းသတ္မွတ္ခ်က္သည္ ဗဟိုဘဏ္က ထုတ္ေရာင္းသည့္ ေ႐ႊဒဂၤါး စံခ်ိန္စံၫႊန္း အရည္အ ေသြးျဖစ္ေၾကာင္းသိရသည္။
“အခုအေရာင္းအဝယ္လုပ္ထားတဲ့ အေခါက္ေ႐ႊတစ္က်ပ္သားက ၁၂၈ ေ႐ြးျဖစ္ေနတာဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္းတစ္ရာေလာက္က က်ပ္ပဲေ႐ြး တြက္ခ်က္မႈနဲ႔ အေရာင္းအဝယ္လုပ္ကတည္းက သတ္မွတ္ခ်က္ျဖစ္ေနတာပါ။ အမွန္တကယ္ေတာ့ တစ္က်ပ္သားရဲ႕အေလးခ်ိန္ဟာ ၁၂၆ ေ႐ြးဘဲရွိပါတယ္။ အခုလိုေျပာင္းလဲလိုက္တဲ့အတြက္ တစ္က်ပ္သားအေပၚ ဂရမ္နဲ႔တြက္ခ်က္လို႔ပါရလာမယ္။ ကမာၻ႔ေဈးနဲ႔ တိုက္႐ိုက္တြက္လို႔ရလာမွာပါ”ဟု ဦးမ်ိဳးျမင့္ကေျပာ သည္။
အေလးခ်ိန္စံခ်ိန္သတ္မွတ္ေျပာင္းလဲၿပီးပါက ေ႐ႊဆိုင္မ်ားတြင္ က်ပ္ပဲေ႐ြးသတ္မွတ္ခ်က္အျပင္ ဂရမ္သတ္မွတ္ခ်က္ျဖင့္ ပါဝယ္ယူႏိုင္မည္ဟု ၎ကဆက္ေျပာသည္။
ေ႐ႊအေလးခ်ိန္စံသတ္မွတ္ခ်က္ေျပာင္းလဲမႈေၾကာင့္ လက္ရွိအခ်ိန္၌ ေ႐ႊဝယ္ယူထားသူမ်ားသည္ တစ္က်ပ္သားလွ်င္ ႏွစ္ေ႐ြး ေငြေၾကးပမာဏအားျဖင့္ ငါးေသာင္းဝန္းက်င္ ပိုမိုရရွိႏိုင္မည္ဟုသိရသည္။
ျမန္မာႏိုင္ငံတြင္ေ႐ႊအေလးခ်ိန္သတ္မွတ္ခ်က္ကို ေ႐ႊသန႔္စင္သည့္လုပ္ငန္းမ်ားက က်ပ္ပဲေ႐ြးစနစ္ျဖင့္သတ္မွတ္ခဲ့ရာ ရွစ္ေ႐ြးလွ်င္ တစ္ပဲ၊ ၁၆ပဲလွ်င္ တစ္က်ပ္သား အျဖစ္သတ္မွတ္ရာ တစ္က်ပ္သားလွ်င္ ၁၂၈ ေ႐ြးအား အကယ္ဒမီ မီးလင္းအေခါက္ေ႐ႊ အေလးခ်ိန္အျဖစ္ အေရာင္းအဝယ္ျပဳလုပ္ေနျခင္းျဖစ္သည္။
အေလးခ်ိန္အေပၚစံခ်ိန္စံၫႊန္းသတ္မွတ္ခ်က္သည္ ေ႐ႊသာမက အျခား တြင္းထြက္ကုန္စည္မ်ားကိုလည္း သက္ေရာက္မႈရွိမည္ျဖစ္ၿပိး လတ္တေလာ ကမာၻ႔ေဈးကြက္ေပါက္ေဈးႏွင့္ တိုက္႐ိုက္ ခ်ိတ္ဆက္ရန္အတြက္ အေရးပါေၾကာင္းသိရသည္။