ပြင်ပရှိကုန်စုံဆိုင်များတွင် စားအုန်းဆီ ဝယ်ယူ၍မရဘဲ သတ်မှတ်ထားသည့်ဆိုင်များတွင်သာ တန်းစီဝယ်ယူရမှုများရှိနေ

3826
NP News - စက်တင်ဘာ ၅
စားသုံးဆီအသင်းက ဖြန့်ဖြူးခြင်းမရှိသည့် ပြင်ပလက်လီကုန်စုံဆိုင်များတွင် စားအုန်းဆီ မရောင်းသည့်အတွက် ဝယ်ယူလိုသူများသည် နေ့စဉ် ခွဲတမ်းဖြင့်ရောင်းချပေးနေသည့် သတ်မှတ်ဆိုင်များတွင် တန်းစီဝယ်ယူနေရကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယခုလဆန်းမှစတင်ကာ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ မြန်မာနိုင်ငံအနှံ့ မြို့နယ်အသီးသီးရှိ စားသုံးဆီရောင်းချသည့် လက်လီဆိုင်များတွင် နေ့စဉ်ရောင်းချရမည့် စားအုန်းဆီ ပမာဏအလိုက် ခွဲဝေရောင်း ချပေးနေခြင်းဖြစ်သည်။
စားအုန်းဆီကို သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချပါက ဖမ်းဆီးမည်ဟု ထုတ်ပြန်ထားခြင်းကြောင့် ပြင်ပ၌ ရောင်းချနေသော ကုန်စုံဆိုင်အများစုသည် စားအုန်းဆီရောင်းချမှုကို ရပ်နားထားခြင်းဖြစ်သည်။
“ရပ်ကွက်ထဲကဆိုင်တွေရော၊ ဈေးထဲကဆိုင်တွေမှာပါ စားအုန်းဆီဝယ်လို့မရတော့ဘူး။ ဆီအသင်းကရောင်းပေးတဲ့ဆိုင်မှာဘဲ တန်းစီပြီးဝယ်မှရတယ်။ ကုန်သွားရင်လဲ မရတော့ဘူး။ ဆီတန်းစီတဲ့သူတွေအရမ်းများတော့ ဆီဆိုင်မှာတန်းစီရင်း ရန်တွေဘာတွေဖြစ်ကုန်ကြတယ်။ ဒီနေ့ဆိုရင် အုပ်ချုပ်ရေးမှုးရုံးက မီးသတ်တပ်ဖွဲ့ဝင်တွေလာပြီး တန်းစီတဲ့သူတွေကို ကြီးကြပ်ပေးနေတယ်”ဟု တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်မှ ဆီဆိုင်တွင် ဆီတန်းစီနေသူတစ်ဦးကပြောသည်။
စားသုံးဆီအသင်းက ရန်ကုန်မြို့ရှိ ဆိုင်ပေါင်းနှစ်ရာဝန်းကျင်ကို နေ့စဉ်ခွဲတမ်းဖြင့်ရောင်းချပေးနေခြင်းဖြစ်ပြီး တစ်ပိဿာလျှင် ၄၄၀၀ ကျပ်ဖြင့်ရောင်းချပေးခြင်းဖြစ်သည်။
ယခင်က ပြင်ပရှိ စားအုန်းဆီရောင်းချသည့် ကုန်စုံဆိုင်များတွင် တစ်ပိဿာကိုးထောင်ဝန်းကျင်ဖြင့် ဝယ်ယူနိုင်သော် လည်း လက်ရှိတွင် ရောင်းချခြင်းမရှိတော့ကြောင်းသိရသည်။
နေ့စဉ် ဆီတန်းစီဝယ်ယူရန် အခြေခံလူတန်းစားများအတွက် မလွယ်ကူခြင်းကြောင့် ဆီဖြန့်ဖြူးရောင်းချမှုကို ပိုမိုတိုးချဲ့ရောင်းချရန်လိုအပ်ကြောင်း စားသုံးသူများက ပြောကြားသည်။

zawgyi version
ျပင္ပရွိကုန္စုံဆိုင္မ်ားတြင္ စားအုန္းဆီ ဝယ္ယူ၍မရဘဲ သတ္မွတ္ထားသည့္ဆိုင္မ်ားတြင္သာ တန္းစီဝယ္ယူရမႈမ်ားရွိေန
NP News - စက္တင္ဘာ ၅
စားသုံးဆီအသင္းက ျဖန႔္ျဖဴးျခင္းမရွိသည့္ ျပင္ပလက္လီကုန္စုံဆိုင္မ်ားတြင္ စားအုန္းဆီ မေရာင္းသည့္အတြက္ ဝယ္ယူလိုသူမ်ားသည္ ေန႔စဥ္ ခြဲတမ္းျဖင့္ေရာင္းခ်ေပးေနသည့္ သတ္မွတ္ဆိုင္မ်ားတြင္ တန္းစီဝယ္ယူေနရေၾကာင္း ေဈးကြက္အတြင္းမွ သိရသည္။
ယခုလဆန္းမွစတင္ကာ ျမန္မာႏိုင္ငံ ဆီကုန္သည္ႏွင့္ဆီလုပ္ငန္းရွင္မ်ားအသင္း၏ စားသုံးဆီေဈးႏႈန္းတည္ၿငိမ္ေရးလုပ္ငန္းအဖြဲ႕မွ ျမန္မာႏိုင္ငံအႏွံ႔ ၿမိဳ႕နယ္အသီးသီးရွိ စားသုံးဆီေရာင္းခ်သည့္ လက္လီဆိုင္မ်ားတြင္ ေန႔စဥ္ေရာင္းခ်ရမည့္ စားအုန္းဆီ ပမာဏအလိုက္ ခြဲေဝေရာင္း ခ်ေပးေနျခင္းျဖစ္သည္။
စားအုန္းဆီကို သတ္မွတ္ေဈးႏႈန္းထက္ပိုမိုေရာင္းခ်ပါက ဖမ္းဆီးမည္ဟု ထုတ္ျပန္ထားျခင္းေၾကာင့္ ျပင္ပ၌ ေရာင္းခ်ေနေသာ ကုန္စုံဆိုင္အမ်ားစုသည္ စားအုန္းဆီေရာင္းခ်မႈကို ရပ္နားထားျခင္းျဖစ္သည္။
“ရပ္ကြက္ထဲကဆိုင္ေတြေရာ၊ ေဈးထဲကဆိုင္ေတြမွာပါ စားအုန္းဆီဝယ္လို႔မရေတာ့ဘူး။ ဆီအသင္းကေရာင္းေပးတဲ့ဆိုင္မွာဘဲ တန္းစီၿပီးဝယ္မွရတယ္။ ကုန္သြားရင္လဲ မရေတာ့ဘူး။ ဆီတန္းစီတဲ့သူေတြအရမ္းမ်ားေတာ့ ဆီဆိုင္မွာတန္းစီရင္း ရန္ေတြဘာေတြျဖစ္ကုန္ၾကတယ္။ ဒီေန႔ဆိုရင္ အုပ္ခ်ဳပ္ေရးမႈး႐ုံးက မီးသတ္တပ္ဖြဲ႕ဝင္ေတြလာၿပီး တန္းစီတဲ့သူေတြကို ႀကီးၾကပ္ေပးေနတယ္”ဟု ေတာင္ဒဂုံၿမိဳ႕နယ္ ၂၀ ရပ္ကြက္မွ ဆီဆိုင္တြင္ ဆီတန္းစီေနသူတစ္ဦးကေျပာသည္။
စားသုံးဆီအသင္းက ရန္ကုန္ၿမိဳ႕ရွိ ဆိုင္ေပါင္းႏွစ္ရာဝန္းက်င္ကို ေန႔စဥ္ခြဲတမ္းျဖင့္ေရာင္းခ်ေပးေနျခင္းျဖစ္ၿပီး တစ္ပိႆာလွ်င္ ၄၄၀၀ က်ပ္ျဖင့္ေရာင္းခ်ေပးျခင္းျဖစ္သည္။
ယခင္က ျပင္ပရွိ စားအုန္းဆီေရာင္းခ်သည့္ ကုန္စုံဆိုင္မ်ားတြင္ တစ္ပိႆာကိုးေထာင္ဝန္းက်င္ျဖင့္ ဝယ္ယူႏိုင္ေသာ္ လည္း လက္ရွိတြင္ ေရာင္းခ်ျခင္းမရွိေတာ့ေၾကာင္းသိရသည္။
ေန႔စဥ္ ဆီတန္းစီဝယ္ယူရန္ အေျခခံလူတန္းစားမ်ားအတြက္ မလြယ္ကူျခင္းေၾကာင့္ ဆီျဖန႔္ျဖဴးေရာင္းခ်မႈကို ပိုမိုတိုးခ်ဲ႕ေရာင္းခ်ရန္လိုအပ္ေၾကာင္း စားသုံးသူမ်ားက ေျပာၾကားသည္။