L Mone
10/09/2023 20:50
2010 မတိုင်ခင်ကမှ...အမှန်အမှားတွေကို စသိခဲ့တဲ့ မြန်မာ့အရေးမှာ ပါဝင်ခွင့်မရဖြစ်နေခဲ့တာက..မိမိအလုပ်လည်း..လုပ်ချင်တဲ့အတွက်..နောက် ၅ နှစ် ခန့်အကြာ 2015..မှာတော့ ငြိမ်းချမ်းလောက်ပါပြီထင်ခဲ့လို့လည်းပါတယ်ပေါ့လေ..။အခုတော့ ဝင်မပါမိတာက မှန်သလား..မှားသလားတော့ ပြောရရင် မှားတယ်လို့ပဲ မြင်မိတယ်ဗျာ...။
ပြည်သူတို့ ကျွန် တော်တို့ BNI Burmese news ကိုမဖတ်ဖူးသေးကြတဲ့ 2010 မတိုင်ခင်အချိန်များက..[ပြောရရင် ၁၉၆၀ ခုနှစ်ကနေ...နောက်ပိုင်း ၂၀၁၀ ခုနှစ်များ အတွင်း.]အထိ..ကမ္ဘာမှာရော...မြန်မာမှာပါ..ထိရောက်စွာ..သတင်းအမှား..သတင်းအတု..တွေ အမုန်းပွားအောင် လုပ်ကြံခဲ့တဲ့ သတင်းဌာန တွေ အများကြီးရှိခဲ့ကြပါတယ်..ဒါတွေကို ကျွန်တော်မသိခဲဘူး စစ်တပ်အမှားလို့ပဲ သို့မဟုတ် ဦးနေဝင်းအမှားလို့ပဲ မြင်မိ ခဲ့တယ်။
တကယ် အမှန်တရားက အဲဒီသတင်းဌာနကြီးတွေနဲ့ သူတို့ရဲ့ပဲ့ကိုင်ရှင်တွေခေါင်းဆောင်တွေက အမျိူးမျိူးသော အဖျက်အမှောက် သတင်းတွေနဲ့ ဗမာ လူမျိူးတွေကို မဖြစ်မနေမုန်းတီးကြစေရေး.. အရေးကြီး နေရာများမှဖယ်ထုတ်ရေး..ဗုဒ္ဓဘာသာကို ဖျက်ဆီးရေးတွေနဲ့အတူ....အဓိကရုန်းကြီးတွေ များများဖြစ်အောင်လုပ်..အုပ်ချုပ်သူတွေ အခက်တွေ့အောင်..လုပ်ကြပြီး တိုင်းပြည်ကို အစိတ်စိတ်အမွှာ ဖြစ်အောင် စနစ်တကျဖျက်ဆီးရေး ရေရှည်ပလန်ကြီးတွေပဲ ဖြစ်နေပါ တော့တယ်။အင်မတန်မှ ယုတ်ညံ့စွာ သတင်းပြောင်းပြန်တွေကြီး တင်နေကြသူတွေဖြစ်ကြ၏။
ပြည်ထောင်စုကြီးထဲက လူမျိူးစုကြီးတွေ ဥပမာ Shan burmese news Agency ရှမ်းသံတော်ဆင့်; Kachin news(KNG news)Kayin imformation Center,(KIC Burmese news),Chin World Burmese news, Khonumthung news(ချင်း သတင်းဌာန ၂ခု ) ကန္တာရဝတီသတင်း kantarawaddy news(ကယား သတင်း )Naryinjaya news (ရခိုင် သတင်း);Kalardan press ကုလားတန် သတင်း (ဘဂ်လီသတင်းဌာန) Independence Mon news Agency ;သံလွင်တိုင်းသတင်းThan Lwin Times;(မွန်သတင်းဌာန နှစ်ခု);Mizzima news မဇ္ဈိမ သတင်း Network media Group; သတင်းနဲ့မီဒီယာကွန်ယက်
Development media Group(တိုးတက်သောသတင်းမီဒီယာဌာန) တို့ဟာ. လုံးဝ.တိုင်းရင်းသားတွေထဲက အစွန်းရောက်အဖွဲ့သတင်းဌာနတွေ အဖြစ် Barma Nations International Burmese news ဘီအန်အိုင် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး တစ်စုတည်းကြီး သတင်းမှားတွေမြောက်များစွာနဲ့ တိုက်ခိုက်လာခဲ့ကြတာ ဖြစ်ပါတယ်..။
သူတို့ တတွေ အရှက်မရှိ သိက္ခာမရှိ ဒီလိုတိုက်ခိုက်နေကြတာဟာ...တော်တော်လည်းကြာလှပြီ ဖြစ်ကြသလို တော်တော်အောက်တန်းကျကျ အကြံအစည်နဲ့ သူတို့အဖွဲ့အစည်းအတွင်းက လူတွေ နဲ့ နီးစပ်သူအားလုံးကိုလည်း ဒီသတင်းအတုတွေနဲ့ပဲ....အချိန်တိုင်း ဖြတ်သန်းခိုင်း နားထောင်ခိုင်းနေကြတာဖြစ်ကြပါတယ်..။
ဒီသတင်းဌာနတွေနဲ့ပဲ အဓိက ချိတ်ဆက်...ပြီး..1960 ပတ်ဝန်းကျင်ကစလို့...တိုင်းပြည်နဲ့ ပြည်သူတွေကို..ရန်တိုက်တဲ့ သတင်းတွေ သတင်းအမှားတွေများစွာနဲ့ ဗြောင်ကျကျ နှိပ်ကွက်ပြီး ပြည်သူစစ်စစ် အချင်းချင်းသွေးခွဲ သတ်ဖြတ်စေချင်သူ..နိုင်ငံပိုင်စစ်တပ်နဲ့ ပြည်သူလူထုကို သွေးချောင်းစီးစေချင်နေကြသော သတင်းဌာနကြီးတွေကတော့ VOA;BBC;RFA;DVB;IRRAWADDY NEWS;MIZZIMA;MYANMAR NOW;MYAYLATT NEWS;YANGON KHITTHIT NEWS တို့ပဲ ဖြစ်ကြပါတယ်..။ဒီသတင်းဌာနတွေကတော့ တရားဝင်လိုလို သမာဓိရှိလိုလိုနဲ့ အယ်ဒီတာချူပ်တွေ ကိုယ်တိုင်သူတို့နာမည်တွေနဲ့.ဒေါ်လာအလှူခံရပြီးရော့...ဖေ့စဘွတ်ခ် Facebookနဲ့ YouTube တို့ကို ကြည့်သူများလျှင် ငွေများများရပြီးရော့ မြန်မာပြည်သူတွေ အားလုံးရဲ့ အသက်အိုးအိမ်စီးပွားဥစ္စာတွေ အားလုံးချနင်းပြီး..ဒေါ်လာတွေ အချောင်ရစားနေကြသော သူတောင်းစားလူလိမ်ဂိုဏ်းများ..ဖြစ်နေပါကြောင်း..အဖြစ်မှန်.သိလိုက်ရပါတယ်။
ဒီကိစ္စ အစိုးရအဖွဲ့ တွေအဆက်ဆက် ကတော့ မသိလေသလား သိလျက် ငြိမ်နေကြတာလား ဆိုတာဟာ သူတို့အနေနဲ့ အမှန်တရားကို စည်းရုံးနိုင်မည်ထင်လို့လား..မသိပါဘူး..ခင်ဗျာ..သူတို့ပဲ သိကြမှာပါ..။
ကျွန် တော့်အနေနဲ့က နောင်ကို ပြည်သူတွေသိကြရအောင်. သတင်းအမှားမယုံကြည်မိကြအောင်.ဖြန့်ဝေပေးကြစေချင်ပါကြောင်း....ငြိမ်းချမ်း စေလိုသူ အမှန်တရား မြတ်နိုးသူ သာမာန်ပြည်သူစစ်စစ် တစ်ဦးအနေနဲ့ တောင်းဆိုချင်ပါတယ်..ခင်ဗျာ...။