တရုတ်နိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေများကြောင့် ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရန် အလားအလာနည်းသေးကြောင်း အမေရိကန်သမ္မတ သုံးသပ်ပြောဆို

 1028

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၁

တရုတ်နိုင်ငံ၏ စီးပွားရေးအခက်အခဲများသည် ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရန် တွန်းအားပေးနိုင်မည် မဟုတ် ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောကြားလိုက်သည်။

ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်နိုင်ငံကြားတင်းမာမှုများ မြင့်တက်နေချိန်တွင် အမေရိကန် သမ္မတက ဗီယက်နမ်ခရီးစဉ်အတွင်း ပြောဆိုသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သမ္မတဂျိုးဘိုင်ဒန်က "တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်ပေါ်လစီနဲ့ ကမ္ဘာစီးပွားရေးအခြေအနေများ နှေးကွေးနေတာကြောင့် တရုတ်နိုင်ငံဟာ စီးပွားရေးအခက်အခဲတွေ ဖြစ်နေတယ်။ လက်ရှိစီးပွားရေးအခြေအနေများကြောင့် တရုတ်နိုင်ငံ ဟာ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရေးကို တွန်းအားပေးတာမျိုး၊ တိုးမြှင့်လုပ်ဆောင်တာမျိုး လုပ်နိုင်မယ်လို့ မယုံကြည်ဘူး" ဟု ပြောသည်။

အမေရိကန်အစိုးရအနေဖြင့် တရုတ်နိုင်ငံ၏ စစ်ရေးတည်ဆောက်မှုများ ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်ပေး မည် မဟုတ်ကြောင်း၊တရုတ်နိုင်ငံ၏ နျူကလီးယားလက်နက်အစီအစဉ်များ (သို့မဟုတ်) ကာကွယ်ရေး လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန်အတွက် စစ်လက် နက်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချပေးမည် မဟုတ်ကြောင်း အမေရိကန်သမ္မတက ပြောသည်။

သမ္မတဂျိုးဘိုင်ဒန်က "ကျွန်တော်တို့ဟာ တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ မလိုလားဘူး။ တရုတ်နိုင်ငံနဲ့ဆက်ဆံရေးကို ကောင်းမွန်သထက် ကောင်းမွန်အောင် လုပ်ဆောင်လိုတယ်" ဟု ပြောသည်။

တရုတ်နိုင်ငံ စီးပွားရေးခိုင်မာကောင်းမွန်မှုများရှိမှ ကမ္ဘာ့နိုင်ငံများ အကျိုးကျေးဇူးရှိစေမည်ဖြစ်သည့်အတွက် အမေရိကန်အစိုးရအနေဖြင့် တရုတ်နိုင်ငံကို ထိခိုက်ရန် ကြိုးပမ်းမည်မဟုတ်ကြောင်း သမ္မတဂျိုးဘိုင်ဒန် က ပြောသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က "လက်ရှိအချိန်မှာ ကုန်သွယ်ရေးနဲ့ အခြားကိစ္စတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက စည်းမျဉ်းအချို့ပြောင်းလဲတာမျိုးတွေ ရှိနေတယ်" ဟု‌ ပြောသည်။ တရုတ်နိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို ၎င်းတို့ ဆန္ဒအတိုင်းဖြစ်လာစေရန် ကြိုးပမ်းခြင်းများရှိနေကြောင်း သမ္မတ ဂျိုးဘိုင်ဒန်က စွပ်စွဲပြောဆိုခဲ့သည်။

အမေရိကန်သမ္မတသည် အိန္ဒိယနိုင်ငံတွင် ကျင်းပသော ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံသို့ ထပ်မံသွားရောက်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံ၏ လက္ရွိစီးပြားေရးအေျခအေနမ်ားေၾကာင့္ ထိုင္ဝမ္ကို က်ဴးေက်ာ္တိုက္ခိုက္ရန္ အလားအလာနည္း ေသးေၾကာင္း အေမရိကန္သမၼတ သုံးသပ္ေျပာဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၁

တ႐ုတ္ႏိုင္ငံ၏ စီးပြားေရးအခက္အခဲမ်ားသည္ ထိုင္ဝမ္ကို က်ဴးေက်ာ္တိုက္ခိုက္ရန္ တြန္းအားေပးႏိုင္မည္ မဟုတ္ ေၾကာင္း အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က ထုတ္ေဖာ္ေျပာၾကားလိုက္သည္။

ထိုင္ဝမ္အေရးႏွင့္ပတ္သက္ၿပီး အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံၾကားတင္းမာမႈမ်ား ျမင့္တက္ေနခ်ိန္တြင္ အေမရိကန္ သမၼတက ဗီယက္နမ္ခရီးစဥ္အတြင္း ေျပာဆိုသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
သမၼတဂ်ိဳးဘိုင္ဒန္က "တ႐ုတ္ႏိုင္ငံရဲ႕ ကိုယ္ပိုင္ေပၚလစီနဲ႔ ကမာၻစီးပြားေရးအေျခအေနမ်ား ေႏွးေကြးေနတာေၾကာင့္ တ႐ုတ္ႏိုင္ငံဟာ စီးပြားေရးအခက္အခဲေတြ ျဖစ္ေနတယ္။ လက္ရွိစီးပြားေရးအေျခအေနမ်ားေၾကာင့္ တ႐ုတ္ႏိုင္ငံ ဟာ ထိုင္ဝမ္ကို က်ဴးေက်ာ္တိုက္ခိုက္ေရးကို တြန္းအားေပးတာမ်ိဳး၊ တိုးျမႇင့္လုပ္ေဆာင္တာမ်ိဳး လုပ္ႏိုင္မယ္လို႔ မယုံၾကည္ဘူး" ဟု ေျပာသည္။

အေမရိကန္အစိုးရအေနျဖင့္ တ႐ုတ္ႏိုင္ငံ၏ စစ္ေရးတည္ေဆာက္မႈမ်ား ပိုမိုေကာင္းမြန္လာေစရန္ လုပ္ေဆာင္ေပး မည္ မဟုတ္ေၾကာင္း၊တ႐ုတ္ႏိုင္ငံ၏ န်ဴကလီးယားလက္နက္အစီအစဥ္မ်ား (သို႔မဟုတ္) ကာကြယ္ေရး လုပ္ငန္းမ်ား ပိုမိုေကာင္းမြန္လာေစရန္အတြက္ စစ္လက္ နက္ပစၥည္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား ေရာင္းခ်ေပးမည္ မဟုတ္ေၾကာင္း အေမရိကန္သမၼတက ေျပာသည္။

သမၼတဂ်ိဳးဘိုင္ဒန္က "ကြၽန္ေတာ္တို႔ဟာ တ႐ုတ္ႏိုင္ငံကို ထိန္းခ်ဳပ္ဖို႔ မလိုလားဘူး။ တ႐ုတ္ႏိုင္ငံနဲ႔ဆက္ဆံေရးကို ေကာင္းမြန္သထက္ ေကာင္းမြန္ေအာင္ လုပ္ေဆာင္လိုတယ္" ဟု ေျပာသည္။

တ႐ုတ္ႏိုင္ငံ စီးပြားေရးခိုင္မာေကာင္းမြန္မႈမ်ားရွိမွ ကမာၻ႔ႏိုင္ငံမ်ား အက်ိဳးေက်းဇူးရွိေစမည္ျဖစ္သည့္အတြက္ အေမရိကန္အစိုးရအေနျဖင့္ တ႐ုတ္ႏိုင္ငံကို ထိခိုက္ရန္ ႀကိဳးပမ္းမည္မဟုတ္ေၾကာင္း သမၼတဂ်ိဳးဘိုင္ဒန္ က ေျပာသည္။

အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က "လက္ရွိအခ်ိန္မွာ ကုန္သြယ္ေရးနဲ႔ အျခားကိစၥေတြနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံက စည္းမ်ဥ္းအခ်ိဳ႕ေျပာင္းလဲတာမ်ိဳးေတြ ရွိေနတယ္" ဟု‌ ေျပာသည္။ တ႐ုတ္ႏိုင္ငံအေနျဖင့္ လက္ရွိအခ်ိန္တြင္ ႏိုင္ငံတကာစည္းမ်ဥ္းစည္းကမ္းမ်ားကို ၎တို႔ ဆႏၵအတိုင္းျဖစ္လာေစရန္ ႀကိဳးပမ္းျခင္းမ်ားရွိေနေၾကာင္း သမၼတ ဂ်ိဳးဘိုင္ဒန္က စြပ္စြဲေျပာဆိုခဲ့သည္။

အေမရိကန္သမၼတသည္ အိႏၵိယႏိုင္ငံတြင္ က်င္းပေသာ ဂ်ီ ၂ဝ ထိပ္သီးအစည္းအေဝးကို တက္ေရာက္ခဲ့ၿပီးေနာက္ ဗီယက္နမ္ႏိုင္ငံသို႔ ထပ္မံသြားေရာက္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.