သုံးဆယ်မြို့၌ အမျိုးသမီးရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရ

 4970

မြူနစ် (NP News) - စက်တင်ဘာ ၁၂

ပဲခူးတိုင်း၊ သုံးဆယ်မြို့၌ အမျိုးသမီးရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၁၁ ရက်)၊ ညနေ ၆ နာရီကျော်အချိန်တွင် သုံးဆယ်မြို့၊ သာယာအေးကျေးရွာလမ်းပေါ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။

သုံးဆယ်မြို့၊ စံရွေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်သည် ဆရာဝန်ဖြစ်သည့် သမီးဖြစ်သူကို ဆိုင်ကယ်ဖြင့် သွားကြိုကာ ပြန်လာစဉ်အချိန်တွင် အကြမ်းဖက်သမားများက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့ကြောင်း သိရသည်။

ထိုသို့လုပ်ကြံခံရမှုကြောင့် အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်သိမ့်သိမ့်လွင်သည် ဦးခေါင်းနှင့် ရင်ဘတ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ(၃)ချက်ရရှိခဲ့ကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ လုပ်ကြံခံခဲ့ရသည့် ဒေါ်သိမ့်သိမ့်လွင်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ပစ်ခတ်လုပ်ကြံခံခဲ့ရ သော စံရွေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထွန်းထွန်းနေရာတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူးဖြစ်သည့် ဒေါ်သိမ့်သိမ့်လွင်နှင့် ဦးထွန်းထွန်းတို့ကို သာယာဝတီဂဠုန်တပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
သုံးဆယ္ၿမိဳ႕၌ အမ်ိဳးသမီးရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံခံခဲ့ရ
ျမဴနစ္ (NP News) - စက္တင္ဘာ ၁၂

ပဲခူးတိုင္း၊ သုံးဆယ္ၿမိဳ႕၌ အမ်ိဳးသမီးရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံျခင္းခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာလ ၁၁ ရက္)၊ ညေန ၆ နာရီေက်ာ္အခ်ိန္တြင္ သုံးဆယ္ၿမိဳ႕၊ သာယာေအးေက်း႐ြာလမ္းေပၚ၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားက ေျပာသည္။

သုံးဆယ္ၿမိဳ႕၊ စံေ႐ြးတန္းရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ေဒၚသိမ့္သိမ့္လြင္သည္ ဆရာဝန္ျဖစ္သည့္ သမီးျဖစ္သူကို ဆိုင္ကယ္ျဖင့္ သြားႀကိဳကာ ျပန္လာစဥ္အခ်ိန္တြင္ အၾကမ္းဖက္သမားမ်ားက ေသနတ္ျဖင့္ အနီးကပ္ပစ္ခတ္လုပ္ႀကံခဲ့ေၾကာင္း သိရသည္။

ထိုသို႔လုပ္ႀကံခံရမႈေၾကာင့္ အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ေဒၚသိမ့္သိမ့္လြင္သည္ ဦးေခါင္းႏွင့္ ရင္ဘတ္တို႔၌ က်ည္ေဖာက္ဝင္ဒဏ္ရာ(၃)ခ်က္ရရွိခဲ့ကာ အခင္းျဖစ္ပြားရာေနရာတြင္ပင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ လုပ္ႀကံခံခဲ့ရသည့္ ေဒၚသိမ့္သိမ့္လြင္သည္ ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလအတြင္း ပစ္ခတ္လုပ္ႀကံခံခဲ့ရ ေသာ စံေ႐ြးတန္းရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးထြန္းထြန္းေနရာတြင္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ေၾကာင္း သိရသည္။

အုပ္ခ်ဳပ္ေရးမႉးျဖစ္သည့္ ေဒၚသိမ့္သိမ့္လြင္ႏွင့္ ဦးထြန္းထြန္းတို႔ကို သာယာဝတီဂဠဳန္တပ္ဖြဲ႕က ပစ္ခတ္ရွင္းလင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.