ဖားကန့်မြို့ရှိ ဆိုင်ကယ်အပိုပစ္စည်းနှင့် ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်အမျိုးသား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရ

 1338

သန့်ဇင် (NP News) - စက်တင်ဘာ ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ဆိုင်ကယ်အပိုပစ္စည်းနှင့် ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်အမျိုးသား သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံခဲ့ရကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၁၅ ရက်) နံနက် ၁ဝ နာရီ ၄ဝ မိနစ်အချိန်တွင် ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်၊ မှော်ဝမ်းလမ်းဆုံတွင် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

“သူက ကားနဲ့ပြန်လာတာပါ။ ပြန်လာတဲ့အချိန်မှာ ဘေးကနေ သေနတ်နဲ့ပစ်သွားတာပေါ့။ ကားပေါ်မှာလဲ သူတစ်ယောက်ပဲပါတာပါ” ဟု ဒေသခံလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အမျိုးသားမှာ အသက်(၅၀)အရွယ် ဧရာမြင့်မိုရ် ဆိုင်ကယ်အပိုပစ္စည်း နှင့် ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ဦးညီညီအောင်ဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် ကျည်ထိ(၃)ချက်ထိမှန်ခဲ့ကြောင်း သိရသည်။

“အပစ်ခံရတော့ လည်ပင်းကိုတစ်ချက်မှန်တယ်။ ပုခုံးတစ်ချက်နဲ့ လက်မောင်းကို တစ်ချက်မှန်တယ်ပေါ့။ ခုတော့ စိုးရိမ်စရာမရှိပါဘူး။ မနက်က သွေးတစ်လုံးသွင်းရတယ်လို့ ကြားတယ်။ ဘယ်နှစ်ယောက် ပစ်တယ်။ ဘယ်လို လာပြီးပစ်တယ်လို့တော့ မသိရပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့နောက် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားအား ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ကျူးလွန်သူများကို သက်ဆိုင်ရာက စစ်ဆေးရှာဖွေလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ဖားကန႔္ၿမိဳ႕ရွိ ဆိုင္ကယ္အပိုပစၥည္းႏွင့္ ဆိုင္ကယ္အေရာင္းဆိုင္ပိုင္ရွင္အမ်ိဳးသား ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံခံခဲ့ရ
သန္႔ဇင္ (NP News) - စက္တင္ဘာ ၁၅

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕ရွိ ဆိုင္ကယ္အပိုပစၥည္းႏွင့္ ဆိုင္ကယ္အေရာင္းဆိုင္ပိုင္ရွင္အမ်ိဳးသား ေသနတ္ျဖင့္ ပစ္ခတ္ လုပ္ႀကံခံခဲ့ရေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (စက္တင္ဘာလ ၁၅ ရက္) နံနက္ ၁ဝ နာရီ ၄ဝ မိနစ္အခ်ိန္တြင္ ဖားကန႔္ၿမိဳ႕၊ ေမွာ္ဝမ္းရပ္ကြက္၊ ေမွာ္ဝမ္းလမ္းဆုံတြင္ ပစ္ခတ္ခံခဲ့ရေၾကာင္း သိရသည္။

“သူက ကားနဲ႔ျပန္လာတာပါ။ ျပန္လာတဲ့အခ်ိန္မွာ ေဘးကေန ေသနတ္နဲ႔ပစ္သြားတာေပါ့။ ကားေပၚမွာလဲ သူတစ္ေယာက္ပဲပါတာပါ” ဟု ေဒသခံလူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ ေသနတ္ျဖင့္ ပစ္ခတ္ခံရသည့္ အမ်ိဳးသားမွာ အသက္(၅၀)အ႐ြယ္ ဧရာျမင့္မိုရ္ ဆိုင္ကယ္အပိုပစၥည္း ႏွင့္ ဆိုင္ကယ္ေရာင္းဝယ္ေရး ဆိုင္ပိုင္ရွင္ ဦးညီညီေအာင္ျဖစ္ၿပီး ပစ္ခတ္ခံရမႈေၾကာင့္ က်ည္ထိ(၃)ခ်က္ထိမွန္ခဲ့ေၾကာင္း သိရသည္။

“အပစ္ခံရေတာ့ လည္ပင္းကိုတစ္ခ်က္မွန္တယ္။ ပုခုံးတစ္ခ်က္နဲ႔ လက္ေမာင္းကို တစ္ခ်က္မွန္တယ္ေပါ့။ ခုေတာ့ စိုးရိမ္စရာမရွိပါဘူး။ မနက္က ေသြးတစ္လုံးသြင္းရတယ္လို႔ ၾကားတယ္။ ဘယ္ႏွစ္ေယာက္ ပစ္တယ္။ ဘယ္လိုလာၿပီးပစ္တယ္လို႔ေတာ့ မသိရပါဘူး” ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ေနာက္ က်ည္ထိမွန္ဒဏ္ရာရရွိခဲ့သည့္ အမ်ိဳးသားအား ဖားကန႔္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားရွိၿပီး က်ဴးလြန္သူမ်ားကို သက္ဆိုင္ရာက စစ္ေဆးရွာေဖြလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.