ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၏ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ MIC ဥက္ကဋ္ဌ တာဝန်များကို ဗိုလ်ချုပ်ကြီး မြထွန်းဦးထံ နစက လွှဲပြောင်းပေး

14616
NP News - စက်တင်ဘာ ၂၀
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၏နေရာတွင် ဗိုလ်ချုပ်ကြီးမြထွန်းဦးအား အစားထိုးကာ နစကမှပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

၎င်းကဲ့သို့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအား ပြင်ဆင်ဖွဲ့စည်းခြင်းကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နစက၏သတင်းအချက်အလက်များအရ သိရသည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရေးနှင့် နိုင်ငံခြားငွေအား ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် လိုအပ်သောလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်နိုင်ရန် ယင်းကော်မတီကို နစကမှ ဖွဲ့စည်းထားခြင်းဖြစ်သည်။
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် နစကမှ စတင်ဖွဲ့စည်းခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ဝန်ကြီးဦးဝင်းရှိန်၊ ဝန်ကြီးဒေါက်တာပွင့်ဆန်း၊ ဒေါက်တာကံဇော်၊ ဦးသန်းညိန်း၊ ဦးအောင်နိုင်ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် ယခု ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ၎င်းကော်မတီကို နစကမှ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် ကော်မတီဥက္ကဋ္ဌ အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းအား ဆက်လက်တာဝန်ပေးခဲ့ပြီး ဝန်ကြီးဦးဝင်းရှိန်၊ နစကဥက္ကဋ္ဌအကြံပေး ဒုတိယ ဗိုလ်ချုပ်ကြီးညိုစော၊ ဝန်ကြီးဦးအောင်နိုင်ဦး၊ ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေ၊ ဝန်ကြီးဒေါက်တာကံဇော်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။
၎င်းကဲ့သို့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအား ပြင်ဆင်မှုအပြီး လပိုင်းအကြာ၌ပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကော်မတီဥက္ကဋ္ဌနေရာအား အစားထိုးတာဝန်ပေးကာ ထပ်မံပြင်ဆင်လိုက်ခြင်းလည်းဖြစ်သည်။
လက်ရှိတွင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌအဖြစ် နိုင်ငံတော်ဒုဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ဦးဝင်းရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ဦးအောင်နိုင်ဦး၊ ဒေါ်သန်းသန်းဆွေ၊ ဒေါက်တာကံဇော်တို့ဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် နိုင်ငံသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌအပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။
လက်ရှိတွင် နစကအနေဖြင့် အဆိုပါ ကော်မတီ၊ ကော်မရှင်များ၏ ဥက္ကဋ္ဌတာဝန်အား နိုင်ငံတော်ဒုဝန်ကြီးချုပ်၊ ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ယခုရက်ပိုင်းအတွင်း တာဝန်ပေးအပ်လိုက်ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဟောင်း ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ယုံကြည်စိတ်ချရဆုံးသူတစ်ဦးအဖြစ် လူသိများပြီး လက်ရှိတွင် ၎င်းအား တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
လတ်တလောကာလအတွင်း၌ နစကဘက်မှ တာဝန်ရှိသူများသည် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဗိုလ်ချုပ်ရန်နောင်စိုးအပါအဝင် အခြားသောတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များကို ခေါ်ယူစစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း ကြားသိရသည်။
zawgyi version
ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၏ ႏိုင္ငံျခားသုံးေငြႀကီးၾကပ္မႈေကာ္မတီဥကၠ႒၊ MIC ဥကၠ႒ တာဝန္မ်ားကို ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးထံ နစက လႊဲေျပာင္းေပး
NP News - စက္တင္ဘာ ၂၀
ႏိုင္ငံျခားသုံးေငြႀကီးၾကပ္မႈေကာ္မတီဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမိုးျမင့္ထြန္း၏ေနရာတြင္ ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးအား အစားထိုးကာ နစကမွျပန္လည္ျပင္ဆင္ဖြဲ႕စည္းခဲ့ေၾကာင္း သတင္းရရွိသည္။
၎ကဲ့သို႔ ႏိုင္ငံျခားသုံးေငြႀကီးၾကပ္မႈေကာ္မတီအား ျပင္ဆင္ဖြဲ႕စည္းျခင္းကို ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းက ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း နစက၏သတင္းအခ်က္အလက္မ်ားအရ သိရသည္။
စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းတည္ၿငိမ္ေစေရးႏွင့္ ႏိုင္ငံျခားေငြအား ထိေရာက္စြာအသုံးျပဳႏိုင္ေရးအတြက္ လိုအပ္ေသာလုပ္ငန္းတာဝန္မ်ားကို အေကာင္အထည္ေဖာ္ႏိုင္ရန္ ယင္းေကာ္မတီကို နစကမွ ဖြဲ႕စည္းထားျခင္းျဖစ္သည္။
ႏိုင္ငံျခားသုံးေငြႀကီးၾကပ္မႈေကာ္မတီကို ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္၊ ဧၿပီလတြင္ နစကမွ စတင္ဖြဲ႕စည္းခဲ့ၿပီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းက ဥကၠ႒အျဖစ္ တာဝန္ယူကာ ဝန္ႀကီးဦးဝင္းရွိန္၊ ဝန္ႀကီးေဒါက္တာပြင့္ဆန္း၊ ေဒါက္တာကံေဇာ္၊ ဦးသန္းညိန္း၊ ဦးေအာင္ႏိုင္ဦးတို႔ျဖင့္ ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္။
ထို႔ေနာက္ ယခု ၂၀၂၃ ခုႏွစ္ ဇူလိုင္လအတြင္း ၎ေကာ္မတီကို နစကမွ ျပန္လည္ျပင္ဆင္ဖြဲ႕စည္းခဲ့ရာတြင္ ေကာ္မတီဥကၠ႒ အျဖစ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမိုးျမင့္ထြန္းအား ဆက္လက္တာဝန္ေပးခဲ့ၿပီး ဝန္ႀကီးဦးဝင္းရွိန္၊ နစကဥကၠ႒အႀကံေပး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးညိဳေစာ၊ ဝန္ႀကီးဦးေအာင္ႏိုင္ဦး၊ ဗဟိုဘဏ္ဥကၠ႒ေဒၚသန္းသန္းေဆြ၊ ဝန္ႀကီးေဒါက္တာကံေဇာ္တို႔ျဖင့္ ဖြဲ႕စည္းခဲ့သည္။
၎ကဲ့သို႔ ႏိုင္ငံျခားသုံးေငြႀကီးၾကပ္မႈေကာ္မတီအား ျပင္ဆင္မႈအၿပီး လပိုင္းအၾကာ၌ပင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ေကာ္မတီဥကၠ႒ေနရာအား အစားထိုးတာဝန္ေပးကာ ထပ္မံျပင္ဆင္လိုက္ျခင္းလည္းျဖစ္သည္။
လက္ရွိ ႏိုင္ငံျခားသုံးေငြႀကီးၾကပ္မႈေကာ္မတီဥကၠ႒အျဖစ္ ႏိုင္ငံေတာ္ဒုဝန္ႀကီးခ်ဳပ္၊ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးက တာဝန္ယူေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ဦးဝင္းရွိန္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးညိဳေစာ၊ ဦးေအာင္ႏိုင္ဦး၊ ေဒၚသန္းသန္းေဆြ၊ ေဒါက္တာကံေဇာ္တို႔ျဖင့္ ပူးေပါင္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။
ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းသည္ ႏိုင္ငံသုံးေငြႀကီးၾကပ္မႈေကာ္မတီ ဥကၠ႒အျပင္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ (MIC) ဥကၠ႒၊ ကုန္သြယ္မႈႏွင့္ ကုန္စည္စီးဆင္းမႈမ်ား မွန္ကန္ျမန္ဆန္ေရးဗဟိုေကာ္မတီ ဥကၠ႒အျဖစ္ တာဝန္ယူေဆာင္႐ြက္ခဲ့သူတစ္ဦးျဖစ္သည္။
လက္ရွိတြင္ နစကအေနျဖင့္ အဆိုပါ ေကာ္မတီ၊ ေကာ္မရွင္မ်ား၏ ဥကၠ႒တာဝန္အား ႏိုင္ငံေတာ္ဒုဝန္ႀကီးခ်ဳပ္၊ ပို႔ ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးကို ယခုရက္ပိုင္းအတြင္း တာဝန္ေပးအပ္လိုက္ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားအရ သိရသည္။
ႏိုင္ငံျခားသုံးေငြႀကီးၾကပ္မႈေကာ္မတီဥကၠ႒ေဟာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီးမိုးျမင့္ထြန္းသည္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၏ ယုံၾကည္စိတ္ခ်ရဆုံးသူတစ္ဦးအျဖစ္ လူသိမ်ားၿပီး လက္ရွိတြင္ ၎အား တာဝန္ရွိသူမ်ားက ေခၚယူစစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။
လတ္တေလာကာလအတြင္း၌ နစကဘက္မွ တာဝန္ရွိသူမ်ားသည္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမိုးျမင့္ထြန္း၊ ဗိုလ္ခ်ဳပ္ရန္ေနာင္စိုးအပါအဝင္ အျခားေသာတာဝန္ရွိသူမ်ားႏွင့္ လုပ္ငန္းရွင္မ်ားကို ေခၚယူစစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း ၾကားသိရသည္။