အွန်လိုင်းရှော့ပင်လုပ်ငန်းအားလုံး အောက်တိုဘာလ(၂)ရက်မှစတင်ကာ မှတ်ပုံတင်ရမည်

1682
NP News - စက်တင်ဘာ ၂၆
အွင်လိုင်းမှတဆင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ရောင်းချနေသော (ONLINE SALES) လုပ်ငန်းများအားလုံး အောက်တိုဘာလ(၂)ရက်မှစတင်ကာ မှတ်ပုံတင်လျှောက်ထားရမည်ဟု စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၃) အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုရောင်းချသူများအားလုံးသည် မှတ်ပုံတင်လက်မှတ်လျှောက်ထားရန် အကျုံးဝင်ပြီး မှတ်ပုံတင်လက်မှတ်လျှောက်ထားလိုသူသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင် လာရောက် ဆောင်ရွက်ရန်မလိုအပ်ဘဲ www.ecomreg.gov.mm မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားနိုင်ကြောင်းသိရသည်။
ယင်း အွန်လိုင်းစနစ်သုံးမှတ်ပုံတင်စနစ်ကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီသော အွန်လိုင်းရှော့ပင်များအားလုံးလျှောက်ထားနိုင်ပြီး ယခုနှစ် ဒီဇင်ဘာလကုန် အထိ မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်ပေးထားကြောင်းသိရသည်။
Online Application Form ကြေးအဖြစ် ငွေကျပ် ၄၀၀၀ ကျပ် သတ်မှတ်ထားပြီးအခြားအခွန် ၊ စည်ပင်လိုင်စင်ဆောင်ထားသော်လည်း မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။
Online Registration ပြုလုပ်ပါက လုပ်ငန်း နာမည် ၊ Logo ၊ ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာလိုအပ်ပြီး မည်သည့် ထုတ်ကုန်ပစ္စည်းမဆို ကိုယ်ပိုင်ပစ္စည်း ဖြန့်ဝေရောင်းချသည်ဖြစ်စေ၊ ပြန်ယူရောင်းသည်ဖြစ်စေ Online ဖြင့် အသုံးပြုသူများအားလုံး မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဆိုင်ခွဲအများအပြားဖွင့်လှစ်ထားပြီး အွန်လိုင်းတွင် ရောင်းချနေသူများအနေဖြင့် ပင်မဆိုင်ကိုသာ မှတ်ပုံတင်နိုင်သော်လည်း ဆိုင်ခွဲများမှသတ်မှတ်ထားသော စည်းကမ်းကို ဖောက်ဖျက်ပါက ပင်မဆိုင်၏ မှတ်ပုံတင်အားဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ မှတ်ပုံတင်လျှောက်ထားခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်ဖြစ်ပြီး အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ၅ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အနည်းဆုံးထောင်ဒဏ်(၆)လမှ အများဆုံး ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်ရမည့်အပြင် ငါးသိန်းထက်မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေပြဋ္ဌာန်းထားချက်အရ သိရသည်။
zawgyi version
အြန္လိုင္းေရွာ့ပင္လုပ္ငန္အားလုံး ေအာက္တိုဘာလ(၂)ရက္မွစတင္ကာ မွတ္ပုံတင္ရမည္
NP News - စက္တင္ဘာ ၂၆
အြင္လိုင္းမွတဆင့္ ကုန္စည္ႏွင့္ဝန္ေဆာင္မႈမ်ား ေရာင္းခ်ေနေသာ (ONLINE SALES) လုပ္ငန္းမ်ားအားလုံး ေအာက္တိုဘာလ(၂)ရက္မွစတင္ကာ မွတ္ပုံတင္ေလွ်ာက္ထားရမည္ဟု စီးပြါးေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။
စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ အမိန႔္ေၾကာ္ျငာစာအမွတ္(၅၁/၂၀၂၃) အရ အြန္လိုင္းစနစ္ျဖင့္ ကုန္စည္ သို႔မဟုတ္ ဝန္ေဆာင္မႈေရာင္းခ်သူမ်ားအားလုံးသည္ မွတ္ပုံတင္လက္မွတ္ေလွ်ာက္ထားရန္ အက်ဳံးဝင္ၿပီး မွတ္ပုံတင္လက္မွတ္ေလွ်ာက္ထားလိုသူသည္ ႐ုံး၊ ဌာနမ်ားသို႔ လူကိုယ္တိုင္ လာေရာက္ ေဆာင္႐ြက္ရန္မလိုအပ္ဘဲ www.ecomreg.gov.mm မွတစ္ဆင့္ အြန္လိုင္းစနစ္ျဖင့္ ေလွ်ာက္ထားႏိုင္ေၾကာင္းသိရသည္။
ယင္း အြန္လိုင္းစနစ္သုံးမွတ္ပုံတင္စနစ္ကို သတ္မွတ္ထားေသာ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ကိုက္ညီေသာ အြန္လိုင္းေရွာ့ပင္မ်ားအားလုံးေလွ်ာက္ထားႏိုင္ၿပီး ယခုႏွစ္ ဒီဇင္ဘာလကုန္ အထိ မွတ္ပုံတင္ေၾကး ကင္းလြတ္ခြင့္ေပးထားေၾကာင္းသိရသည္။
Online Application Form ေၾကးအျဖစ္ ေငြက်ပ္ ၄၀၀၀ က်ပ္ သတ္မွတ္ထားၿပီးအျခားအခြန္ ၊ စည္ပင္လိုင္စင္ေဆာင္ထားေသာ္လည္း မျဖစ္မေန မွတ္ပုံတင္ရမည္ျဖစ္ေၾကာင္း သိရသည္။
Online Registration ျပဳလုပ္ပါက လုပ္ငန္း နာမည္ ၊ Logo ၊ ရပ္ကြက္ေထာက္ခံစာ ၊ ရဲစခန္းေထာက္ခံစာလိုအပ္ၿပီး မည္သည့္ ထုတ္ကုန္ပစၥည္းမဆို ကိုယ္ပိုင္ပစၥည္း ျဖန႔္ေဝေရာင္းခ်သည္ျဖစ္ေစ၊ ျပန္ယူေရာင္းသည္ျဖစ္ေစ Online ျဖင့္ အသုံးျပဳသူမ်ားအားလုံး မွတ္ပုံတင္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ဆိုင္ခြဲအမ်ားအျပားဖြင့္လွစ္ထားၿပီး အြန္လိုင္းတြင္ ေရာင္းခ်ေနသူမ်ားအေနျဖင့္ ပင္မဆိုင္ကိုသာ မွတ္ပုံတင္ႏိုင္ေသာ္လည္း ဆိုင္ခြဲမ်ားမွသတ္မွတ္ထားေသာ စည္းကမ္းကို ေဖာက္ဖ်က္ပါက ပင္မဆိုင္၏ မွတ္ပုံတင္အားဆိုင္းငံ့ျခင္း၊ ပယ္ဖ်က္ျခင္းမ်ား ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ မွတ္ပုံတင္ေလွ်ာက္ထားျခင္းမရွိပါက အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒ ပုဒ္မ ၅ အရ အေရးယူျခင္းခံရမည္ျဖစ္ၿပီး အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒ ၅ အရ ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားပါက အနည္းဆုံးေထာင္ဒဏ္(၆)လမွ အမ်ားဆုံး ေထာင္ဒဏ္ (၃)ႏွစ္အထိ ခ်မွတ္ရမည့္အျပင္ ငါးသိန္းထက္မပိုေသာ ေငြဒဏ္လည္း ခ်မွတ္ႏိုင္ေၾကာင္း ဥပေဒျပ႒ာန္းထားခ်က္အရ သိရသည္။