ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရဲချုပ်ကြီးရဲ့အိမ်များကို ထိုင်းရဲတပ်ဖွဲ့ စီးနင်းရှာဖွေ

 1303

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၆

ထိုင်းဝန်ကြီးချုပ်ဟာ ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲဖြစ်သူ ရဲချုပ်ကြီး Hakparn ရဲ့နေအိမ်ကို စီးနင်းရှာဖွေဖို့ ဆိုက်ဘာရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့မှုနဲ့ပတ်သက်ပြီး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းဖို့ အမိန့်ပေးခဲ့ကြောင်း သိရပါတယ်။

ထိုင်းဝန်ကြီးချုပ်က စုံစမ်းစစ်ဆေးရေးကော်မတီမှာ ပါဝင်မယ့်သူအားလုံးဟာ တရားမျှတမှု ရှိရမှာဖြစ်ကြောင်း၊ စုံစမ်းရေးကော်မတီမှာ ပါဝင်မယ့်သူတွေကို ရဲတပ်ဖွဲ့ နဲ့ မဆက်နွယ်တဲ့ ပြင်ပ လူပုဂ္ဂိုလ်တွေကိုလည်း ထည့်သွင်း ဖွဲ့စည်းရမှာဖြစ်ကြောင်း သိရပါတယ်။

ထိုင်း ဆိုင်ဘာရဲတပ်ဖွဲ့ဝင် ၃ဝ ဦး ပါဝင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲဖြစ်သူ ရဲချုပ်ကြီး Surachate ရဲ့အိမ်ကို တရားရုံးဝရမ်းနဲ့အတူ စီးနင်းခဲ့ကြောင်း၊ ရဲချုပ်ကြီးဟာ တရားမဝင် အွန်လိုင်း လောင်းကစားမှုတွေမှာ ပါဝင်ဆက်နွယ်နေတယ်လို့ စွပ်စွဲခံနေရသူဖြစ်ကြောင်း ထိုင်းသတင်းတွေက ဖော်ပြပါ တယ်။

ထိုင်းဝန်ကြီးချုပ်က "ကျွန်တော်ဟာ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲရဲချုပ် Kittiprapas နဲ့ ဆွေးနွေးခဲ့တယ်။ စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးမှာပါ။ အဲဒီအဖွဲ့ထဲမှာ ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတွေအပြင် အခြားလူပုဂ္ဂိုလ်တွေ လည်း ပါဝင်ရမှာဖြစ်တယ်" လို့ ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဒုတိယအကြီးအကဲဖြစ်သူက ၎င်းပိုင်ဆိုင်တဲ့အိမ်ခြောက်လုံးကို ဝင်ရောက်စီးနင်းတာက နိုင်ငံရေးဆန် တဲ့လှုပ်ရှားရည်ရွယ်မှုမျိုးဖြစ်ကြောင်း သိရပါတယ်။ ၎င်းဟာ လက်ရှိအချိန်မှာ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲအဖြစ် တာဝန်ယူဖို့ အမည်စာရင်းတင်သွင်းခံရသူတွေထဲမှာ ပါဝင်နေသူဖြစ်ပါတယ်။ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲအဖြစ် တာဝန်ယူနေတဲ့ ရဲချုပ်ကြီး Kittiprapas ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ရာထူးကနေ အနားယူတော့မှာဖြစ် ကြောင်း သိရပါတယ်။

၎င်းက “တစ်ခုခုတော့ မမှန်ဘူး။ ကျွန်တော်အိမ်ကို ဝင်စီးနင်းခဲ့သူတွေဟာ တရားရုံးကို လှည့်စားကြတယ်။ ဒီအိမ် တွေကို တရားရုံးက မသိခဲ့ဘူး။ ဝရမ်းရှာတုန်းက လိပ်စာတွေသာ ပေးတဲ့အတွက် တရားရုံးက မသိရဘူး” လို့ ပြောပါ တယ်။

Zawgyi Version;
ထိုင္းရဲတပ္ဖြဲ႕ ဒုတိယအႀကီးအကဲ ရဲခ်ဳပ္ႀကီးရဲ႕အိမ္မ်ားကို ထိုင္းရဲတပ္ဖြဲ႕ စီးနင္းရွာေဖြ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၆

ထိုင္းဝန္ႀကီးခ်ဳပ္ဟာ ထိုင္းရဲတပ္ဖြဲ႕ ဒုတိယအႀကီးအကဲျဖစ္သူ ရဲခ်ဳပ္ႀကီး Hakparn ရဲ႕ေနအိမ္ကို စီးနင္းရွာေဖြဖို႔ ဆိုက္ဘာရဲတပ္ဖြဲ႕က ဝင္ေရာက္စီးနင္းခဲ့မႈနဲ႔ပတ္သက္ၿပီး စုံစမ္းေရးအဖြဲ႕ ဖြဲ႕စည္းဖို႔ အမိန႔္ေပးခဲ့ေၾကာင္း သိရပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္က စုံစမ္းစစ္ေဆးေရးေကာ္မတီမွာ ပါဝင္မယ့္သူအားလုံးဟာ တရားမွ်တမႈ ရွိရမွာျဖစ္ေၾကာင္း၊ စုံစမ္းေရးေကာ္မတီမွာ ပါဝင္မယ့္သူေတြကို ရဲတပ္ဖြဲ႕ နဲ႔ မဆက္ႏြယ္တဲ့ ျပင္ပ လူပုဂၢိဳလ္ေတြကိုလည္း ထည့္သြင္း ဖြဲ႕စည္းရမွာျဖစ္ေၾကာင္း သိရပါတယ္။

ထိုင္း ဆိုင္ဘာရဲတပ္ဖြဲ႕ဝင္ ၃ဝ ဦး ပါဝင္တဲ့အဖြဲ႕ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထိုင္းရဲတပ္ဖြဲ႕ ဒုတိယအႀကီးအကဲျဖစ္သူ ရဲခ်ဳပ္ႀကီး Surachate ရဲ႕အိမ္ကို တရား႐ုံးဝရမ္းနဲ႔အတူ စီးနင္းခဲ့ေၾကာင္း၊ ရဲခ်ဳပ္ႀကီးဟာ တရားမဝင္ အြန္လိုင္း ေလာင္းကစားမႈေတြမွာ ပါဝင္ဆက္ႏြယ္ေနတယ္လို႔ စြပ္စြဲခံေနရသူျဖစ္ေၾကာင္း ထိုင္းသတင္းေတြက ေဖာ္ျပပါ တယ္။

ထိုင္းဝန္ႀကီးခ်ဳပ္က "ကြၽန္ေတာ္ဟာ ထိုင္းရဲတပ္ဖြဲ႕အႀကီးအကဲရဲခ်ဳပ္ Kittiprapas နဲ႔ ေဆြးေႏြးခဲ့တယ္။ စုံစမ္း စစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးမွာပါ။ အဲဒီအဖြဲ႕ထဲမွာ ထိုင္းရဲတပ္ဖြဲ႕တာဝန္ရွိသူေတြအျပင္ အျခားလူပုဂၢိဳလ္ေတြ လည္း ပါဝင္ရမွာျဖစ္တယ္" လို႔ ေျပာပါတယ္။

ထိုင္းရဲတပ္ဖြဲ႕ဒုတိယအႀကီးအကဲျဖစ္သူက ၎ပိုင္ဆိုင္တဲ့အိမ္ေျခာက္လုံးကို ဝင္ေရာက္စီးနင္းတာက ႏိုင္ငံေရးဆန္ တဲ့လႈပ္ရွားရည္႐ြယ္မႈမ်ိဳးျဖစ္ေၾကာင္း သိရပါတယ္။ ၎ဟာ လက္ရွိအခ်ိန္မွာ ထိုင္းရဲတပ္ဖြဲ႕အႀကီးအကဲအျဖစ္ တာဝန္ယူဖို႔ အမည္စာရင္းတင္သြင္းခံရသူေတြထဲမွာ ပါဝင္ေနသူျဖစ္ပါတယ္။ ထိုင္းရဲတပ္ဖြဲ႕အႀကီးအကဲအျဖစ္ တာဝန္ယူေနတဲ့ ရဲခ်ဳပ္ႀကီး Kittiprapas ဟာ လာမယ့္ရက္ပိုင္းအတြင္းမွာ ရာထူးကေန အနားယူေတာ့မွာျဖစ္ ေၾကာင္း သိရပါတယ္။

၎က “တစ္ခုခုေတာ့ မမွန္ဘူး။ ကြၽန္ေတာ္အိမ္ကို ဝင္စီးနင္းခဲ့သူေတြဟာ တရား႐ုံးကို လွည့္စားၾကတယ္။ ဒီအိမ္ ေတြကို တရား႐ုံးက မသိခဲ့ဘူး။ ဝရမ္းရွာတုန္းက လိပ္စာေတြသာ ေပးတဲ့အတြက္ တရား႐ုံးက မသိရဘူး” လို႔ ေျပာပါ တယ္။

Related news

© 2021. All rights reserved.