တရုတ်နိုင်ငံက ရိုက်ကူးထားသော “No More Bets”အမည်ရှိ ရုပ်ရှင်ဇာတ်ကားသည်မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေဟု နစကဝေဖန်

1960
Pika (NP News) - စက်တင်ဘာ ၃ဝ
အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်မှုများ နှင့် လူကုန်ကူးခံရမှုအကြောင်းကို ရိုက်ကူးထားသော တရုတ်ရုပ်ရှင်ဇာတ်ကားဖြစ်သည့် “No More Bets”သည် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေကြောင်း တရုတ်နိုင်ငံ မြန်မာကောင်စစ်ဝန်ရုံးက ဝေဖန်လိုက်သည်။

တရုတ်နိုင်ငံက ရိုက်ကူးထားသော “No More Bets”ရုပ်ရှင်တွင် အရှေ့တောင်အာရှနိုင်ငံတစ်ခုသို့ အွန်လိုင်းကိုအသုံးပြုကာလိမ်လည်ခေါ်ယူခံရပြီးနောက် လိမ်လည်သည့် လုပ်ငန်းများတွင် အတင်းအကြပ်ဖိအားပေးစေခိုင်းခံရသော ကွန်ပျူတာပရိုဂရမ်မာတစ်ယောက်၏ အကြောင်းကို ရိုက်ကူးပြသထားခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါရုပ်ရှင်သည် မြန်မာ နိုင်ငံကို ရည်ညွှန်းကာရိုက်ကူးထားခြင်းမျိုးဖြစ်ကြောင်း ဖော်ပြထားခြင်းမျိုးမရှိသော်လည်း ၎င်း၏ဇာတ်ဝင်ခန်းသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ဖြစ်ပွားနေသော ကိစ္စရပ်များနှင့်ဆင်တူနေကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံသားများသည် မြန်မာနိုင်ငံသို့ လူကုန်ကူးခံရပြီး အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေသည့်လုပ်ငန်းများတွင် အတင်းအကြပ်ဖိအားပေးစေခိုင်းခံနေရကြောင်း တရုတ်အစိုးရကပြောကြားထားသည်။ မြန်မာနိုင်ငံရှိ အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေသည့်လုပ်ငန်းများတွင် တရုတ်နိုင်ငံသားများ အတင်းအကြပ်ဖိအားပေးစေခိုင်းခံနေရခြင်းနှင့်ပတ်သက်ပြီး တရုတ်အစိုးရက စိတ်ဆိုးဒေါသထွက်နေကြောင်းလည်း သိရသည်။ တရုတ်နိုင်ငံတွင် ရိုက်ကူးထားပြီး မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော ဇာတ်ကားကို ကမ္ဘာတစ်ဝှမ်းကိုဖြန့်ချီခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအနောက်တောင်ပိုင်း Nanning မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်သည် တရုတ်အရာရှိများနှင့်ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း Global New Light of Myanmar သတင်းစာကဖော်ပြခဲ့သည်။
မြန်မာကောင်စစ်ဝန်ချုပ်က "အဲဒီဇာတ်ကားရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေဟာ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေပြီး တရုတ်နိုင်ငံသားတွေဟာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်"ဟု ပြောဆိုခဲ့သည်။
No More Bets ရုပ်ရှင်သည် ပြီးခဲ့သည့်ဩဂုတ်လတွင် ရုံတင်ပြသခဲ့ပြီး ယွမ်(၃ ဒသမ ၈)ဘီလျံထိ ရရှိထားကာ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံအတွင်း တတိယမြောက်လူကြိုက်အများဆုံး ရုပ်ရှင်ကားဖြစ်နေကြောင်းသိရသည်။ အဆိုပါရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံများတွင် လက်ရှိအချိန်အထိပြသခြင်းမျိုးမရှိသေးကြောင်းလည်း သိရသည်။
zawgyi version
တ႐ုတ္ႏိုင္ငံက ႐ိုက္ကူးထားေသာ “No More Bets”အမည္ရွိ ႐ုပ္ရွင္ဇာတ္ကားသည္ျမန္မာႏိုင္ငံ၏ဂုဏ္သိကၡာကို ညႇိဳးႏြမ္းေစဟု နစကေဝဖန္
Pika (NP News) - စက္တင္ဘာ ၃ဝ
အြန္လိုင္းကိုအသုံးျပဳကာ လိမ္လည္မႈမ်ား ႏွင့္ လူကုန္ကူးခံရမႈအေၾကာင္းကို ႐ိုက္ကူးထားေသာ တ႐ုတ္႐ုပ္ရွင္ဇာတ္ကားျဖစ္သည့္ “No More Bets”သည္ ျမန္မာႏိုင္ငံ၏ ဂုဏ္သိကၡာကို ညႇိဳးႏြမ္းေစေၾကာင္း တ႐ုတ္ႏိုင္ငံ ျမန္မာေကာင္စစ္ဝန္႐ုံးက ေဝဖန္လိုက္သည္။
တ႐ုတ္ႏိုင္ငံက ႐ိုက္ကူးထားေသာ “No More Bets”႐ုပ္ရွင္တြင္ အေရွ႕ေတာင္အာရွႏိုင္ငံတစ္ခုသို႔ အြန္လိုင္းကိုအသုံးျပဳကာလိမ္လည္ေခၚယူခံရၿပီးေနာက္ လိမ္လည္သည့္ လုပ္ငန္းမ်ားတြင္ အတင္းအၾကပ္ဖိအားေပးေစခိုင္းခံရေသာ ကြန္ပ်ဴတာပ႐ိုဂရမ္မာတစ္ေယာက္၏ အေၾကာင္းကို ႐ိုက္ကူးျပသထားျခင္းျဖစ္ေၾကာင္းသိရသည္။ အဆိုပါ႐ုပ္ရွင္သည္ ျမန္မာ ႏိုင္ငံကို ရည္ၫႊန္းကာ႐ိုက္ကူးထားျခင္းမ်ိဳးျဖစ္ေၾကာင္း ေဖာ္ျပထားျခင္းမ်ိဳးမရွိေသာ္လည္း ၎၏ဇာတ္ဝင္ခန္းသည္ ျမန္မာႏိုင္ငံေျမာက္ပိုင္းေဒသတြင္ ျဖစ္ပြားေနေသာ ကိစၥရပ္မ်ားႏွင့္ဆင္တူေနေၾကာင္းလည္း သိရသည္။
တ႐ုတ္ႏိုင္ငံသားမ်ားသည္ ျမန္မာႏိုင္ငံသို႔ လူကုန္ကူးခံရၿပီး အြန္လိုင္းကိုအသုံးျပဳကာ လိမ္လည္ေနသည့္လုပ္ငန္းမ်ားတြင္ အတင္းအၾကပ္ဖိအားေပးေစခိုင္းခံေနရေၾကာင္း တ႐ုတ္အစိုးရကေျပာၾကားထားသည္။ ျမန္မာႏိုင္ငံရွိ အြန္လိုင္းကိုအသုံးျပဳကာ လိမ္လည္ေနသည့္လုပ္ငန္းမ်ားတြင္ တ႐ုတ္ႏိုင္ငံသားမ်ား အတင္းအၾကပ္ဖိအားေပးေစခိုင္းခံေနရျခင္းႏွင့္ပတ္သက္ၿပီး တ႐ုတ္အစိုးရက စိတ္ဆိုးေဒါသထြက္ေနေၾကာင္းလည္း သိရသည္။ တ႐ုတ္ႏိုင္ငံတြင္ ႐ိုက္ကူးထားၿပီး ျမန္မာႏိုင္ငံ၏ဂုဏ္သိကၡာကို ညႇိဳးႏြမ္းေစေသာ ဇာတ္ကားကို ကမာၻတစ္ဝွမ္းကိုျဖန႔္ခ်ီခဲ့သည့္ ကိစၥႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံအေနာက္ေတာင္ပိုင္း Nanning ၿမိဳ႕ရွိ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္သည္ တ႐ုတ္အရာရွိမ်ားႏွင့္ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း Global New Light of Myanmar သတင္းစာကေဖာ္ျပခဲ့သည္။
ျမန္မာေကာင္စစ္ဝန္ခ်ဳပ္က "အဲဒီဇာတ္ကားရဲ႕ ဇာတ္လမ္းဇာတ္ကြက္ေတြဟာ ျမန္မာႏိုင္ငံနဲ႔ ဆက္စပ္ေနၿပီး တ႐ုတ္ႏိုင္ငံသားေတြဟာ ျမန္မာႏိုင္ငံကို လာေရာက္လည္ပတ္ဖို႔ စိုးရိမ္ေနၾကတယ္လို႔လည္း သိရပါတယ္"ဟု ေျပာဆိုခဲ့သည္။
No More Bets ႐ုပ္ရွင္သည္ ၿပီးခဲ့သည့္ဩဂုတ္လတြင္ ႐ုံတင္ျပသခဲ့ၿပီး ယြမ္(၃ ဒသမ ၈)ဘီလ်ံထိ ရရွိထားကာ ၂၀၂၃ ခုႏွစ္တြင္ တ႐ုတ္ႏိုင္ငံအတြင္း တတိယေျမာက္လူႀကိဳက္အမ်ားဆုံး ႐ုပ္ရွင္ကားျဖစ္ေနေၾကာင္းသိရသည္။ အဆိုပါ႐ုပ္ရွင္ဇာတ္ကားကို ျမန္မာႏိုင္ငံရွိ ႐ုပ္ရွင္႐ုံမ်ားတြင္ လက္ရွိအခ်ိန္အထိျပသျခင္းမ်ိဳးမရွိေသးေၾကာင္းလည္း သိရသည္။