ရေတာရှည်မြို့နယ်ရှိ မူလတန်းကျောင်းကို PDF အဖွဲ့က လက်လုပ်မိုင်းဖြင့်မိုင်းထောင်ဖောက်ခွဲခဲ့ဟု ရဲတပ်ဖွဲ့ထုတ်ပြန်

845
NP News - အောက်တိုဘာ ၁
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ မူလတန်းကျောင်းကို PDF အဖွဲ့က လက်လုပ်မိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါမိုင်းထောင်ဖောက်ခွဲမှုသည် ပြီးခဲ့သော စက်တင်ဘာလ ၂၈ ရက်၊ ညနေ ၄နာရီ ၁၅မိနစ်အချိန်တွင် ရေတာရှည်မြို့နယ်၊ ကျောင်းကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါစာသင်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအသုံးပြုသည့် သန့်စင်ခန်းများအနီး အမှိုက်ပုံးအတွင်း၌ PDF အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ လက်လုပ်မိုင်းပေါက်ကွဲခဲ့သော်လည်း ကျောင်းသား၊ ကျောင်းသူများနှင့် စာသင်ကျောင်းဝန်းအတွင်းရှိ အဆောက်အဦးများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အထက်ပါ မိုင်းထောင်ဖောက်ခွဲမှုဖြစ်စဉ်မှ ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ် ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
zawgyi version
ေရတာရွည္ၿမိဳ႕နယ္ရွိ မူလတန္းေက်ာင္းကို PDF အဖြဲ႕က လက္လုပ္မိုင္းျဖင့္မိုင္းေထာင္ေဖာက္ခြဲခဲ့ဟု ရဲတပ္ဖြဲ႕ထုတ္ျပန္
NP News - ေအာက္တိုဘာ ၁
ပဲခူးတိုင္း၊ ေရတာရွည္ၿမိဳ႕နယ္ရွိ မူလတန္းေက်ာင္းကို PDF အဖြဲ႕က လက္လုပ္မိုင္းျဖင့္ မိုင္းေထာင္ေဖာက္ခြဲခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
အဆိုပါမိုင္းေထာင္ေဖာက္ခြဲမႈသည္ ၿပီးခဲ့ေသာ စက္တင္ဘာလ ၂၈ ရက္၊ ညေန ၄နာရီ ၁၅မိနစ္အခ်ိန္တြင္ ေရတာရွည္ၿမိဳ႕နယ္၊ ေက်ာင္းကုန္းေက်း႐ြာရွိ အေျခခံပညာမူလတန္းေက်ာင္းဝန္းအတြင္း၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါစာသင္ေက်ာင္းရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအသုံးျပဳသည့္ သန႔္စင္ခန္းမ်ားအနီး အမႈိက္ပုံးအတြင္း၌ PDF အဖြဲ႕က ေထာင္ထားသည့္ လက္လုပ္မိုင္းတစ္လုံး ေပါက္ကြဲမႈျဖစ္ ပြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။
ထိုသို႔ လက္လုပ္မိုင္းေပါက္ကြဲခဲ့ေသာ္လည္း ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ စာသင္ေက်ာင္းဝန္းအတြင္းရွိ အေဆာက္အဦးမ်ား ထိခိုက္ပ်က္စီးမႈမရွိေၾကာင္း သိရသည္။
အထက္ပါ မိုင္းေထာင္ေဖာက္ခြဲမႈျဖစ္စဥ္မွ ပါဝင္ပတ္သက္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။