မြန်မာအထည်ချုပ်လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေမှုများကို ပြည်ပကုမ္ပဏီအချို့ ပြန်ရုတ်သိမ်းခဲ့သော်လည်း PANKO Corporation က လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်မည်ပြော

 4719

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်က အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက် မြန်မာအထည်ချုပ်လုပ်ငန်းတွင် ပါဝင် လုပ်ကိုင် နေသည့် ပြည်ပကုမ္ပဏီအချို့သည် ၎င်းတို့၏ လုပ်ငန်းများ ပိတ်သိမ်းသွားခဲ့သော်လည်း တောင်ကိုရီးယားအခြေစိုက် PANKO Corporation သည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် စီစဉ်လျက်ရှိနေကြောင်း အဆိုပါကုမ္ပဏီအကြီးအကဲတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

၂ဝ၂၁ ခုနှစ်တွင်နောက်ပိုင်းတွင် မြန်မာအထည်ချုပ်လုပ်ငန်းတွင်လုပ်ကိုင်နေသည့် ကမ္ဘာကျော်ဖက်ရှင် brand ကုမ္ပဏီများဖြစ်သော Marks & Spencer၊Fast Retailing၊ Ryohin Keikaku နှင့် H&M တို့သည် မြန်မာ အထည်ချုပ်လုပ်ငန်းနှင့်ချိတ်ဆက်ဆောင်မှုများကို ရပ်ဆိုင်းသွားခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယား PANKO Corporation သည် ကုမ္ပဏီသည် အထည်ချုပ်လုပ်ငန်းအပြင် ချည်ထုတ်လုပ်ရေး၊ ချည်ငင် နှင့် ဆေးဆိုးလုပ်ငန်းများတွင် တိုးချဲ့ရင်းနှီးမြှုပ်နှံရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ ကိုရီးယားနိုင်ငံ အခြေစိုက် PANKO Corporation သည် မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံကို ၂ဝ၁၉ ခုနှစ်က ပဲခူးမြို့တွင် စတင် တည်ထောင်ပြီး အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ကာ ပြည်တွင်း အလုပ်အကိုင်များ ဖန်တီးပေးလျက် ရှိနေကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ PANKO Corporation ဥက္ကဋ္ဌကြီး Mr. Youngjoo Choi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန်အတွက် ပြီးခဲ့သောရက်ပိုင်းတွင် မြန်မာနိုင်ငံသို့လာရောက်ကာ ကုန်သည်စက်မှု အသင်းချုပ်တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ PANKO Corporation ဥက္ကဋ္ဌက "မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်းအပြင် ချည်ထုတ်လုပ်ရေး လုပ်ငန်းကြီးကို လုပ်ကိုင်သွားမှာဖြစ်ပါတယ်။ အဲဒီကတဆင့် ချည်ငင်ခြင်း၊ ဆေးဆိုးခြင်း စတဲ့ စက်မှုလုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်သွားမှာပါ။ ယခုလာရောက်တဲ့ ကိုရီးယားလုပ်ငန်းရှင်တွေဟာ ချည်ထုတ်လုပ်ရေးမှာ အတတ်ပညာရှိပြီး အတွေ့အကြုံများစွာရှိသူတွေဖြစ်တယ်။ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ဖို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်" ဟု ပြောခဲ့သည်။

Zawgyi Version;
ျမန္မာအထည္ခ်ဳပ္လုပ္ငန္းတြင္ ပါဝင္လုပ္ကိုင္ေနမႈမ်ားကို ျပည္ပကုမၸဏီအခ်ိဳ႕ ျပန္႐ုတ္သိမ္းခဲ့ေသာ္လည္း PANKO Corporation က လုပ္ငန္းမ်ား တိုးခ်ဲ႕လုပ္ကိုင္မည္ေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁

ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္က အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ ျမန္မာအထည္ခ်ဳပ္လုပ္ငန္းတြင္ ပါဝင္ လုပ္ကိုင္ ေနသည့္ ျပည္ပကုမၸဏီအခ်ိဳ႕သည္ ၎တို႔၏ လုပ္ငန္းမ်ား ပိတ္သိမ္းသြားခဲ့ေသာ္လည္း ေတာင္ကိုရီးယားအေျခစိုက္ PANKO Corporation သည္ ျမန္မာႏိုင္ငံတြင္ လုပ္ငန္းမ်ား တိုးခ်ဲ႕လုပ္ကိုင္ရန္ စီစဥ္လ်က္ရွိေနေၾကာင္း အဆိုပါကုမၸဏီအႀကီးအကဲတစ္ဦးက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

၂ဝ၂၁ ခုႏွစ္တြင္ေနာက္ပိုင္းတြင္ ျမန္မာအထည္ခ်ဳပ္လုပ္ငန္းတြင္လုပ္ကိုင္ေနသည့္ ကမာၻေက်ာ္ဖက္ရွင္ brand ကုမၸဏီမ်ားျဖစ္ေသာ Marks & Spencer၊Fast Retailing၊ Ryohin Keikaku ႏွင့္ H&M တို႔သည္ ျမန္မာ အထည္ခ်ဳပ္လုပ္ငန္းႏွင့္ခ်ိတ္ဆက္ေဆာင္မႈမ်ားကို ရပ္ဆိုင္းသြားခဲ့ေၾကာင္း သိရသည္။

ေတာင္ကိုရီးယား PANKO Corporation သည္ ကုမၸဏီသည္ အထည္ခ်ဳပ္လုပ္ငန္းအျပင္ ခ်ည္ထုတ္လုပ္ေရး၊ ခ်ည္ငင္ ႏွင့္ ေဆးဆိုးလုပ္ငန္းမ်ားတြင္ တိုးခ်ဲ႕ရင္းႏွီးျမႇဳပ္ႏွံရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။ ကိုရီးယားႏိုင္ငံ အေျခစိုက္ PANKO Corporation သည္ ျမန္မာႏိုင္ငံတြင္ အထည္ခ်ဳပ္စက္႐ုံကို ၂ဝ၁၉ ခုႏွစ္က ပဲခူးၿမိဳ႕တြင္ စတင္ တည္ေထာင္ၿပီး အထည္ခ်ဳပ္လုပ္ငန္းမ်ား လုပ္ကိုင္ေဆာင္႐ြက္ကာ ျပည္တြင္း အလုပ္အကိုင္မ်ား ဖန္တီးေပးလ်က္ ရွိေနေၾကာင္း သိရသည္။

ကိုရီးယားႏိုင္ငံ PANKO Corporation ဥကၠ႒ႀကီး Mr. Youngjoo Choi ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕သည္ လုပ္ငန္းမ်ား တိုးခ်ဲ႕လုပ္ကိုင္ရန္အတြက္ ၿပီးခဲ့ေသာရက္ပိုင္းတြင္ ျမန္မာႏိုင္ငံသို႔လာေရာက္ကာ ကုန္သည္စက္မႈ အသင္းခ်ဳပ္တာဝန္ရွိသူမ်ား ႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ကိုရီးယားႏိုင္ငံ PANKO Corporation ဥကၠ႒က "ျမန္မာႏိုင္ငံမွာ အထည္ခ်ဳပ္လုပ္ငန္းအျပင္ ခ်ည္ထုတ္လုပ္ေရး လုပ္ငန္းႀကီးကို လုပ္ကိုင္သြားမွာျဖစ္ပါတယ္။ အဲဒီကတဆင့္ ခ်ည္ငင္ျခင္း၊ ေဆးဆိုးျခင္း စတဲ့ စက္မႈလုပ္ငန္းေတြနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ေဆာင္႐ြက္သြားမွာပါ။ ယခုလာေရာက္တဲ့ ကိုရီးယားလုပ္ငန္းရွင္ေတြဟာ ခ်ည္ထုတ္လုပ္ေရးမွာ အတတ္ပညာရွိၿပီး အေတြ႕အႀကဳံမ်ားစြာရွိသူေတြျဖစ္တယ္။ ကုန္ထုတ္လုပ္ငန္းမ်ား တိုးတက္ဖို႔ ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္တယ္" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.