အမျိုးသားတစ်ဦး အရက်မူး၍ ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှု မြင်းခြံမြို့၌ ဖြစ်ပွား

514
သန့်ဇင်(NP News) - အောက်တိုဘာ ၁
မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြင်းခြံမြို့နာရေးကူညီမှုအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာလ ၁ ရက်)၊ နံနက် ၁၁ နာရီခွဲဝန်းကျင်အချိန်တွင် မြင်းခြံမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ ကန်ဦးရေကန်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မြင်တဲ့ကလေးတွေပြောကြတာတော့ သူကအရက်မူးပြီးရေဆင်းကူးတာတဲ့။ အဲဒါနဲ့ ရေနစ်ဆုံးသွားတာပေါ့”ဟု မြင်းခြံမြို့နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါရေနစ်သေဆုံးသူသည် မြင်းခြံမြို့ အမှတ်(၁၈)ရပ်ကွက်တွင်နေထိုင်သည့် အသက်(၄၀)ကျော်ဝန်းကျင် အမျိုးသားတစ်ဦး ဖြစ်ကြောင်း သိရသည်။
“သူက အမှတ်(၁၈)ရပ်ကွက်ကပါ။ မီးသတ်တပ်ဖွဲ့နဲ့ပူးပေါင်းပြီးရှာတာမှာ ပြန်တွေ့တာပါ။ ကန်ကလဲသိပ်မကြီးဘူးဆိုတော့။ အကြာကြီးလဲမရှာလိုက်ရပါဘူး”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် ရေနစ်သေဆုံးသူအမျိုသားအား မြင်းခြံမြို့နာရေးကူညီမှုအသင်းမှကားဖြင့် မြင်းခြံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
zawgyi version
အမ်ိဳးသားတစ္ဦး အရက္မူး၍ ေရဆင္းကူးရာမွ ေရနစ္ေသဆုံးမႈ ျမင္းၿခံၿမိဳ႕၌ ျဖစ္ပြား
သန႔္ဇင္(NP News) - ေအာက္တိုဘာ ၁
မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦး ေရဆင္းကူးရာမွ ေရနစ္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း ျမင္းၿခံၿမိဳ႕နာေရးကူညီမႈအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ေအာက္တိုဘာလ ၁ ရက္)၊ နံနက္ ၁၁ နာရီခြဲဝန္းက်င္အခ်ိန္တြင္ ျမင္းၿခံၿမိဳ႕နယ္၊ အမွတ္(၉)ရပ္ကြက္ရွိ ကန္ဦးေရကန္၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“ျမင္တဲ့ကေလးေတြေျပာၾကတာေတာ့ သူကအရက္မူးၿပီးေရဆင္းကူးတာတဲ့။ အဲဒါနဲ႔ ေရနစ္ဆုံးသြားတာေပါ့”ဟု ျမင္းၿခံၿမိဳ႕နာေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါေရနစ္ေသဆုံးသူသည္ ျမင္းၿခံၿမိဳ႕ အမွတ္(၁၈)ရပ္ကြက္တြင္ေနထိုင္သည့္ အသက္(၄၀)ေက်ာ္ဝန္းက်င္ အမ်ိဳးသားတစ္ဦး ျဖစ္ေၾကာင္း သိရသည္။
“သူက အမွတ္(၁၈)ရပ္ကြက္ကပါ။ မီးသတ္တပ္ဖြဲ႕နဲ႔ပူးေပါင္းၿပီးရွာတာမွာ ျပန္ေတြ႕တာပါ။ ကန္ကလဲသိပ္မႀကီးဘူးဆိုေတာ့။ အၾကာႀကီးလဲမရွာလိုက္ရပါဘူး”ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေနာက္ ေရနစ္ေသဆုံးသူအမ်ိဳသားအား ျမင္းၿခံၿမိဳ႕နာေရးကူညီမႈအသင္းမွကားျဖင့္ ျမင္းၿခံၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။