လျှပ်စစ်သုံး မီးရထားစက်ခေါင်းများ ထုတ်လုပ်ရန်နှင့် ရေနွေးငွေ့သုံး မီးရထားစက်ခေါင်းများကို ပြန်လည်အသုံးပြုရန် တပ်ချုပ်တိုက်တွန်း

3706
မျိုးကြီး (NP News) - အောက်တိုဘာ ၈
လျှပ်စစ်ဓာတ်အားသုံး မီးရထားစက်ခေါင်းများကို ထုတ်လုပ်ရန်နှင့် ရေနွေး ငွေ့သုံး မီးရထားစက်ခေါင်းများကို ပြန်လည်အသုံးပြုရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းထားသည်။

၎င်းက ယမန်နေ့(အောက်တိုဘာလ ၇ ရက်)တွင် ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့မီးရထား၊ မလွှကုန်းယာဒ်ဝင်းဧရိယာအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ၏ လုပ်ငန်းဆောင်ရွက်မှုများကို သွားရောက်စစ်ဆေးစဉ် အထက်ပါကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ရထားများကို အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း (၁၀၀)ကျော်ခန့်ရှိပြီဖြစ်သည့်အတွက် အတွေ့အကြုံများကို အသုံးချကာ ရထားစက်ခေါင်းများ၊ တွဲများ၊ သံလမ်းများကို ကိုယ်တိုင်ထုတ်လုပ်နိုင်ရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့ပြင် ခေတ်မီသည့်ရထားသယ်ယူပို့ဆောင်ရေးစနစ်ကို ဖော်ဆောင်ရမည့်အပြင် လျှပ်စစ်ဓာတ်အားအသုံးပြုသည့် မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင်ရန်လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ရထားသယ်ယူပို့ဆောင်ရေး၌ လျှပ်စစ်အသုံးပြုကာ ပြောင်းလဲပြေးဆွဲနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အလားတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာ့မီးရထား၌ လွန်ခဲ့ သောနှစ်ပေါင်းများစွာက အသုံးပြုခဲ့သော ရေနွေးငွေ့သုံး မီး၇ထားစက်ခေါင်းများကို ပြန်လည်အသုံးပြုနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။
သယ်ယူပို့ဆောင်ရေးစနစ်တွင် ကုန်လမ်း၊ ရေလမ်းနှင့် လေကြောင်းပို့ ဆောင်ရေးဟူ၍ရှိသည့်အနက် ရထားဖြင့် ပို့ဆောင်ခြင်းသည် ကုန်ကျစရိတ်သက်သာသော်လည်း သယ်ယူပို့ဆောင်မှုကဏ္ဍအနေဖြင့် ပိုမိုမြင့်မားလာရန် လိုအပ်လျက်ရှိနေကြောင်း သိရသည်။
ထို့ကြောင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်သက်သာခြင်းသည် ပြည်သူ လူထု၏ နေ့စဉ်လူမှုစီးပွားဘဝ သက်သာချောင်ချိရေးကို အထောက်အကူပြုနိုင်သည့်အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အဓိကအရေးပါသည့် အတွက် ရထားသယ်ယူပို့ဆောင်ရေးကို မြှင့်တင်ရန်လိုသည်ဟုလည်း တပ်ချုပ်က မှတ်ချက်ပြုထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ ရထားလမ်းခရီးမိုင် စုစုပေါင်း (၃၈၀၀) ကျော် နှင့် ဘူတာရုံပေါင်း (၉၆၀)ခန့်ရှိကြောင်း သိရသည်။
ထို့ပြင် မီးရထားလမ်းပိုင်းများ၌ အမြန်ရထား (၁၈)စင်း၊ စာပို့ရထား (၁၀) စင်း၊ လူစီးကုန်တင်ရထား (၁၄)စင်းနှင့် ရန်ကုန်မြို့တွင်း၌ မြို့ပတ်ရထားအနေဖြင့် နေ့စဉ် ရထား(၃၅)စင်း စုစုပေါင်း ရထား(၇၇)စင်းဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြည်သူလူထု၏ နေ့စဉ်လူမှုစီးပွားဘဝ သက်သာချောင်ချိရေးအတွက် ရထားခရီးစဉ်များ ပြေးဆွဲနေမှုနှင့်အတူ အခြားတစ်ဖက်တွင်လည်း နိုင်ငံရေးပဋိပက္ခများကြောင့် ရထားလမ်းပိုင်းများနှင့် ဘူတာရုံများ မိုင်းထောင်ဖျက် ဆီးခံရခြင်း၊ ရထားများ မိုင်းခွဲဖျက်ဆီးခံရခြင်းများလည်း ရှိနေသည်။

zawgyi version
လွ်ပ္စစ္သုံး မီးရထားစက္ေခါင္းမ်ား ထုတ္လုပ္ရန္ႏွင့္ ေရေႏြးေငြ႕သုံး မီးရထားစက္ေခါင္းမ်ားကို ျပန္လည္အသုံးျပဳရန္ တပ္ခ်ဳပ္တိုက္တြန္း
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၈
လွ်ပ္စစ္ဓာတ္အားသုံး မီးရထားစက္ေခါင္းမ်ားကို ထုတ္လုပ္ရန္ႏွင့္ ေရေႏြး ေငြ႕သုံး မီးရထားစက္ေခါင္းမ်ားကို ျပန္လည္အသုံးျပဳရန္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုက္တြန္းထားသည္။
၎က ယမန္ေန႔(ေအာက္တိုဘာလ ၇ ရက္)တြင္ ရန္ကုန္တိုင္း၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ ျမန္မာ့မီးရထား၊ မလႊကုန္းယာဒ္ဝင္းဧရိယာအတြင္းရွိ စက္႐ုံ၊ အလုပ္႐ုံမ်ား၏ လုပ္ငန္းေဆာင္႐ြက္မႈမ်ားကို သြားေရာက္စစ္ေဆးစဥ္ အထက္ပါကဲ့သို႔ တိုက္တြန္းခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ ရထားမ်ားကို အသုံးျပဳခဲ့သည္မွာ ႏွစ္ေပါင္း (၁၀၀)ေက်ာ္ခန႔္ရွိၿပီျဖစ္သည့္အတြက္ အေတြ႕အႀကဳံမ်ားကို အသုံးခ်ကာ ရထားစက္ေခါင္းမ်ား၊ တြဲမ်ား၊ သံလမ္းမ်ားကို ကိုယ္တိုင္ထုတ္လုပ္ႏိုင္ရမည္ဟု နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
ထို႔ျပင္ ေခတ္မီသည့္ရထားသယ္ယူပို႔ေဆာင္ေရးစနစ္ကို ေဖာ္ေဆာင္ရမည့္အျပင္ လွ်ပ္စစ္ဓာတ္အားအသုံးျပဳသည့္ မီးရထားစက္ေခါင္းမ်ားကို ထုတ္လုပ္ႏိုင္ရန္လိုအပ္ေၾကာင္းလည္း ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ ရထားသယ္ယူပို႔ေဆာင္ေရး၌ လွ်ပ္စစ္အသုံးျပဳကာ ေျပာင္းလဲေျပးဆြဲႏိုင္ေရးအတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ားကို လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
အလားတူ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ျမန္မာ့မီးရထား၌ လြန္ခဲ့ ေသာႏွစ္ေပါင္းမ်ားစြာက အသုံးျပဳခဲ့ေသာ ေရေႏြးေငြ႕သုံး မီး၇ထားစက္ေခါင္းမ်ားကို ျပန္လည္အသုံးျပဳႏိုင္ေရး ႀကိဳးစားေဆာင္႐ြက္သြားရန္လည္း တိုက္တြန္းခဲ့ေၾကာင္း သိရသည္။
သယ္ယူပို႔ေဆာင္ေရးစနစ္တြင္ ကုန္လမ္း၊ ေရလမ္းႏွင့္ ေလေၾကာင္းပို႔ ေဆာင္ေရးဟူ၍ရွိသည့္အနက္ ရထားျဖင့္ ပို႔ေဆာင္ျခင္းသည္ ကုန္က်စရိတ္သက္သာေသာ္လည္း သယ္ယူပို႔ေဆာင္မႈက႑အေနျဖင့္ ပိုမိုျမင့္မားလာရန္ လိုအပ္လ်က္ရွိေနေၾကာင္း သိရသည္။
ထို႔ေၾကာင့္ သယ္ယူပို႔ေဆာင္ေရး ကုန္က်စရိတ္သက္သာျခင္းသည္ ျပည္သူ လူထု၏ ေန႔စဥ္လူမႈစီးပြားဘဝ သက္သာေခ်ာင္ခ်ိေရးကို အေထာက္အကူျပဳႏိုင္သည့္အျပင္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ပါ အဓိကအေရးပါသည့္ အတြက္ ရထားသယ္ယူပို႔ေဆာင္ေရးကို ျမႇင့္တင္ရန္လိုသည္ဟုလည္း တပ္ခ်ဳပ္က မွတ္ခ်က္ျပဳထားသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္း၌ ရထားလမ္းခရီးမိုင္ စုစုေပါင္း (၃၈၀၀) ေက်ာ္ ႏွင့္ ဘူတာ႐ုံေပါင္း (၉၆၀)ခန႔္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ မီးရထားလမ္းပိုင္းမ်ား၌ အျမန္ရထား (၁၈)စင္း၊ စာပို႔ရထား (၁၀) စင္း၊ လူစီးကုန္တင္ရထား (၁၄)စင္းႏွင့္ ရန္ကုန္ၿမိဳ႕တြင္း၌ ၿမိဳ႕ပတ္ရထားအေနျဖင့္ ေန႔စဥ္ ရထား(၃၅)စင္း စုစုေပါင္း ရထား(၇၇)စင္းျဖင့္ ေျပးဆြဲလ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ ျပည္သူလူထု၏ ေန႔စဥ္လူမႈစီးပြားဘဝ သက္သာေခ်ာင္ခ်ိေရးအတြက္ ရထားခရီးစဥ္မ်ား ေျပးဆြဲေနမႈႏွင့္အတူ အျခားတစ္ဖက္တြင္လည္း ႏိုင္ငံေရးပဋိပကၡမ်ားေၾကာင့္ ရထားလမ္းပိုင္းမ်ားႏွင့္ ဘူတာ႐ုံမ်ား မိုင္းေထာင္ဖ်က္ ဆီးခံရျခင္း၊ ရထားမ်ား မိုင္းခြဲဖ်က္ဆီးခံရျခင္းမ်ားလည္း ရွိေနသည္။