ကျောက်ပန်းတောင်းမြို့၌ အမျိုးသား (၁)ဦး ချောင်းအား ဖြတ်ကူးရာမှ ရေစီးနှင့်မျောပါသေဆုံး

1166
စော (NP News) - အောက်တိုဘာ ၁၀
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့တွင် အမျိုးသား(၁)ဦး ချောင်းအား ဖြတ်ကူးရာမှ ရေစီးနှင့်မျောပါသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာလ ၉ ရက်)၊ ညနေ (၅)နာရီခွဲဝန်းကျင်အချိန်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာအနီးရှိ ဆည်ပေါက်ချောင်းအတွင်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ အမျိုးသားသည် ချောင်းရေကျနေသည့်အချိန်တွင် လမ်းဖြတ်ကူးရာမှ ချောင်းရေနှင့်အတူ မျောပါ၍ ပျောက်ဆုံးသွားကြောင်း သိရသည်။
ရေစီးဖြင့်မျောပါသွားခြင်းကြောင့် ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှ ကျေးရွာပြည်သူများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၎င်း၏ရုပ်အလောင်းအား ယနေ့(အောက်တိုဘာလ ၁၀ ရက်)၊ နံနက် (၈)နာရီဝန်းကျင်အချိန်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ လဲဂွကျေးရွာနှင့်ကုန်းတဲကျေးရွာကြား၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူအမျိုးသားသည် ဆည်ပေါက်ကျေးရွာတွင် နေထိုင်သည့် ဦးသန်းဝင်းဖြစ်ပြီး ကျောက်ပန်းတောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သုဂတိရှင်နာရေးကူညီမှုအသင်းထံမှ သိရသည်။

zawgyi version
ေက်ာက္ပန္းေတာင္းၿမိဳ႕၌ အမ်ိဳးသား (၁)ဦး ေခ်ာင္းအား ျဖတ္ကူးရာမွ ေရစီးႏွင့္ေမ်ာပါေသဆုံး
ေစာ (NP News) - ေအာက္တိုဘာ ၁၀
မႏၲေလးတိုင္း၊ ေက်ာက္ပန္းေတာင္းၿမိဳ႕တြင္ အမ်ိဳးသား(၁)ဦး ေခ်ာင္းအား ျဖတ္ကူးရာမွ ေရစီးႏွင့္ေမ်ာပါေသဆုံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ေအာက္တိုဘာလ ၉ ရက္)၊ ညေန (၅)နာရီခြဲဝန္းက်င္အခ်ိန္တြင္ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ ဆည္ေပါက္ေက်း႐ြာအနီးရွိ ဆည္ေပါက္ေခ်ာင္းအတြင္း၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနထံမွ သိရသည္။
အဆိုပါ အမ်ိဳးသားသည္ ေခ်ာင္းေရက်ေနသည့္အခ်ိန္တြင္ လမ္းျဖတ္ကူးရာမွ ေခ်ာင္းေရႏွင့္အတူ ေမ်ာပါ၍ ေပ်ာက္ဆုံးသြားေၾကာင္း သိရသည္။
ေရစီးျဖင့္ေမ်ာပါသြားျခင္းေၾကာင့္ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္မီးသတ္စခန္းမွ ေက်း႐ြာျပည္သူမ်ားႏွင့္ပူးေပါင္း၍ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
၎၏႐ုပ္အေလာင္းအား ယေန႔(ေအာက္တိုဘာလ ၁၀ ရက္)၊ နံနက္ (၈)နာရီဝန္းက်င္အခ်ိန္တြင္ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ လဲဂြေက်း႐ြာႏွင့္ကုန္းတဲေက်း႐ြာၾကား၌ ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
ေသဆုံးသူအမ်ိဳးသားသည္ ဆည္ေပါက္ေက်း႐ြာတြင္ ေနထိုင္သည့္ ဦးသန္းဝင္းျဖစ္ၿပီး ေက်ာက္ပန္းေတာင္းျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သုဂတိရွင္နာေရးကူညီမႈအသင္းထံမွ သိရသည္။