ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းနှင့် ပဲခူး-မော်လမြိုင်လမ်းပိုင်း ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ရန် ပြင်ဆင်နေ

 856

Pearl (NP News) - အောက်တိုဘာ ၁၂

ရန်ကုန် - မန္တလေးရထားလမ်းပိုင်းနှင့် ပဲခူး-မော်လမြိုင်လမ်းပိုင်း ရထားလမ်းရေကျော်နေရာများ ရေပြန်လည် ကျဆင်း၍ လမ်းပိုင်းကြံ့ခိုင်မှုအတွက် လိုအပ်သည်များကိုမွမ်းမံပြင်ဆင်ကာ ရထားခရီးစဉ်များ ပုံမှန်ပြန်လည် ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

နစကမှ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) ၊ ညပိုင်းတွင် အထက်ပါကဲ့သို့ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်၊ နံနက်ပိုင်းမှစတင်၍ ပဲခူးတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွားခဲ့ပြီး ရန်ကုန် - မန္တလေးလမ်းပိုင်းရှိ ပဲခူးဘူတာနှင့် ရွှေလှေဘူတာအကြား နှင့် ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ ပဲခူးဘူတာ-ကလိဘူတာနှင့် နောင်ပတ္တရားဘူတာအကြားတို့တွင် ရထားလမ်းပေါ်ရေကျော်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ရထားလမ်းပေါ် ရေကျော်ခဲ့သဖြင့် လမ်းပိုင်းအတွင်း ရောက်ရှိနေသည့် လူစီးအမြန်ရထားနှစ်စင်းမှ ခရီးသည် များကို ကားများစီစဉ်၍ ရန်ကုန်ဘူတာကြီးသို့ပို့ဆောင်ပေးခဲ့ပြီး ရန်ကုန်-မန္တလေး နှင့် ရန်ကုန်-မော်လမြိုင် ရထား ခရီးစဉ်များ ယာယီဖျက်သိမ်းခဲ့ကြောင်း သိရသည်။

ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်)၊ နံနက်ပိုင်းမှစ၍ရေများပြန်လည်ကျဆင်းလာသဖြင့် အဆိုပါရေဖုံးလွှမ်းခဲ့သည့် လမ်းပိုင်းများသို့ မြန်မာ့မီးရထားမှတာဝန်ရှိသူများက တွဲဆိုင်းကိုးတွဲပါသော ကျောက်ရထားဖြင့် လမ်း၏ကြံ့ခိုင်မှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း နစကမှ ဆိုသည်။

ထိုသို့ သွားရောက်စစ်ဆေးပြီး ကျောက်ချခြင်း၊ ကျောက်စီခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ပဲခူးဘူတာနှင့် ကလိဘူတာအကြား လမ်းပိုင်းအတွင်းသို့လည်း အောက်တိုဘာ ၁ဝ ရက်မှ စတင်၍ ကျောက်ရထားတွဲဆိုင်း ရှစ်တွဲဖြင့် ကျောက်ချခြင်း၊ ထူးပေါက်နေရာများတွင် ကျောက်စီထည့်ခြင်းစသည့် လမ်းပိုင်း ကြံ့ခိုင်မှုအတွက် လိုအပ်သည်များကိုမွမ်းမံပြင်ဆင်၍ ရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version;
ရန္ကုန္ - မႏၲေလး ရထားလမ္းပိုင္းႏွင့္ ပဲခူး-ေမာ္လၿမိဳင္လမ္းပိုင္း ရထားခရီးစဥ္မ်ား ပုံမွန္ျပန္လည္ေျပးဆြဲႏိုင္ရန္ ျပင္ဆင္ေန
Pearl (NP News) - ေအာက္တိုဘာ ၁၂

ရန္ကုန္ - မႏၲေလးရထားလမ္းပိုင္းႏွင့္ ပဲခူး-ေမာ္လၿမိဳင္လမ္းပိုင္း ရထားလမ္းေရေက်ာ္ေနရာမ်ား ေရျပန္လည္ က်ဆင္း၍ လမ္းပိုင္းႀကံ့ခိုင္မႈအတြက္ လိုအပ္သည္မ်ားကိုမြမ္းမံျပင္ဆင္ကာ ရထားခရီးစဥ္မ်ား ပုံမွန္ျပန္လည္ ေျပးဆြဲရန္ စီစဥ္လ်က္ရွိေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

နစကမွ ယမန္ေန႔ (ေအာက္တိုဘာ ၁၁ ရက္) ၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ သတင္းထုတ္ျပန္ထားျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာ ၈ ရက္၊ နံနက္ပိုင္းမွစတင္၍ ပဲခူးတိုင္းအတြင္း မိုးသည္းထန္စြာ႐ြာသြန္းမႈျဖစ္ပြားခဲ့ၿပီး ရန္ကုန္ - မႏၲေလးလမ္းပိုင္းရွိ ပဲခူးဘူတာႏွင့္ ေ႐ႊေလွဘူတာအၾကား ႏွင့္ ပဲခူး-ေမာ္လၿမိဳင္လမ္းပိုင္းရွိ ပဲခူးဘူတာ-ကလိဘူတာႏွင့္ ေနာင္ပတၱရားဘူတာအၾကားတို႔တြင္ ရထားလမ္းေပၚေရေက်ာ္မႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ရထားလမ္းေပၚ ေရေက်ာ္ခဲ့သျဖင့္ လမ္းပိုင္းအတြင္း ေရာက္ရွိေနသည့္ လူစီးအျမန္ရထားႏွစ္စင္းမွ ခရီးသည္ မ်ားကို ကားမ်ားစီစဥ္၍ ရန္ကုန္ဘူတာႀကီးသို႔ပို႔ေဆာင္ေပးခဲ့ၿပီး ရန္ကုန္-မႏၲေလး ႏွင့္ ရန္ကုန္-ေမာ္လၿမိဳင္ ရထား ခရီးစဥ္မ်ား ယာယီဖ်က္သိမ္းခဲ့ေၾကာင္း သိရသည္။

ယမန္ေန႔ (ေအာက္တိုဘာ ၁၁ ရက္)၊ နံနက္ပိုင္းမွစ၍ေရမ်ားျပန္လည္က်ဆင္းလာသျဖင့္ အဆိုပါေရဖုံးလႊမ္းခဲ့သည့္ လမ္းပိုင္းမ်ားသို႔ ျမန္မာ့မီးရထားမွတာဝန္ရွိသူမ်ားက တြဲဆိုင္းကိုးတြဲပါေသာ ေက်ာက္ရထားျဖင့္ လမ္း၏ႀကံ့ခိုင္မႈ အေျခအေနကို သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း နစကမွ ဆိုသည္။

ထိုသို႔ သြားေရာက္စစ္ေဆးၿပီး ေက်ာက္ခ်ျခင္း၊ ေက်ာက္စီျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ ပဲခူးဘူတာႏွင့္ ကလိဘူတာအၾကား လမ္းပိုင္းအတြင္းသို႔လည္း ေအာက္တိုဘာ ၁ဝ ရက္မွ စတင္၍ ေက်ာက္ရထားတြဲဆိုင္း ရွစ္တြဲျဖင့္ ေက်ာက္ခ်ျခင္း၊ ထူးေပါက္ေနရာမ်ားတြင္ ေက်ာက္စီထည့္ျခင္းစသည့္ လမ္းပိုင္း ႀကံ့ခိုင္မႈအတြက္ လိုအပ္သည္မ်ားကိုမြမ္းမံျပင္ဆင္၍ ရထားခရီးစဥ္မ်ား ပုံမွန္ျပန္လည္ေျပးဆြဲႏိုင္ရန္ ေဆာင္႐ြက္ လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.